ကျွန်တော် အသက် ၄ နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆိုလုပ်တတ်တယ်။
၅နှစ် ... ငါ့ဖေဖေကြီး မသိတာ မရှိဘူး။
၆နှစ် ... ငါ့အဖေက မင်းအဖေထက် တတ်တယ်ကွ။
၈နှစ် ... တို့အဖေက အကုန်လုံးတော့လည်း အတိအကျမသိဘူး။
၁၀နှစ် ... အဖေတို့ ငယ်ငယ်တုန်းကနဲ့ ခုက တစ်ခြားစီပဲ။
၁၂နှစ် ... အင်း အဲဒါတော့ အဖေလည်း ဘယ်သိပါ့မလဲ၊ သူက အသက်ကြီးပြီဆိုတော့ ကလေးတုန်းက အကြောင်းတွေ မမှတ်မိနိုင်တော့ဘူး။
၁၄နှစ် ... အဖေတော့ ထည့်မပြောနဲ့၊ သူက ရှေးရိုးသမားကြီး။
၂၁နှစ် ... အဘိုးကြီးလား ... ထားပါ၊ အောက်နေပြီ၊ လုံးဝအောက်နေပြီ။
၂၅နှစ် ... အဖေလည်း နည်းနည်းပါးပါးတော့ သိတယ်၊ မသိလို့လည်း မဖြစ်ဘူးလေ၊ လူကြီးပဲဟာ။
၃၀ ... အဖေ့ကို နည်းနည်းပါးပါး မေးမြန်းကြည့်ရင် ကောင်းမယ်ထင်တယ်၊ ဘာပဲပြောပြော သူက အတွေ့အကြုံအများကြီးရှိတယ်။
၃၅နှစ် ... အဖေနဲ့ တိုင်ပင်ပြီးမှဘဲ ဒီကိစ္စအတွက် ငါတစ်ခုခု လုပ်နိုင်မယ်။
၄၀ … အဖေသာဆိုရင် ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ မသိဘူး၊ အဖေက အတွေ့အကြုံ စုံတယ်၊ အမြော်အမြင်လည်း ရှိတယ်။
၅၀ … ဒီကိစ္စ အခုနေသာ အဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရ ငါ ပေးပါတယ်။ အဖေ့ အရည်အချင်းတွေ သူ သူရှိနေတုန်းက ကောင်းကောင်းသတိမထားခဲ့မိတာ သိပ်နှမြောစရာကောင်းတယ်၊ တကယ်ဆို ငါ အဖေ့ဆီက အများကြီး ရလိုက်ဖို့ကောင်းတယ်။
[မူရင်း။ ။ Ann Landers ၏ My Father When I was]
မိဘတစ်ယောက်ရဲ့ အရည်အချင်း၊ အတွေ့အကြုံ ဗဟုသုတတွေကို အထင်မသေးဘဲ ကောင်းကောင်းတန်ဖိုးထားတတ်နိုင်ပါစေလို့ ...
Wednesday, August 22, 2007
အဖေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment