Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, August 31, 2009

မင်းလေးကြောင့်

မင်းလေးကြောင့်
ကိုယ့်ရဲ့အတွေးထဲမှာ အချစ်ဆိုတာ ရှင်သန်လာခဲ့တယ်…

မင်းလေးကြောင့်
ကိုယ့်ရဲ့မျက်ဝန်းထဲမှာ ပျော်ရွှင်ရိပ်တွေ ပေါ်ပေါက်လာခဲ့တယ်…

မင်းလေးကြောင့်
“ခွဲခွာခြင်း” ဆိုတဲ့အချိန်တွေကို ကျော်ဖြတ်ဖို့ သတ္တိတွေရှိလာခဲ့တယ်…

မင်းလေးကြောင့်
အရာရာကို ရင်ဆိုင်ဖို့ ခွန်အားတွေရှိလာခဲ့တယ်…

မင်းလေးကြောင့်
ကိုယ့်ရဲ့အချစ်တွေဟာ တစ်နေ့ထက် တစ်နေ့ တိုးလို့သာလာခဲ့တယ်…

တကယ်တော့
မင်းလေးကြောင့်သာ
ကိုယ့်ဘ၀မှာ အရာရာဟာ အဓိပ္ပါယ်ရှိလာခဲ့တယ်။ ။


ကောင်းကင်ပြာ

Read More...

------------------------

Sunday, August 30, 2009

ဒီဇင်ဘာနှင့်အတူ

သော့ခတ်ထားခဲ့တဲ့ ငါ့နှလုံးသားသော့ခလောက်ကို
ဒီဇင်ဘာဆောင်းလေနုအေးအေးလေးတွေနဲ့အတူတူ
မင်းရဲ့ဂရုစိုက်မှုလေးတွေက
ပွင့်စေခဲ့ပြီ...

မချစ်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ ငါ့စိတ်တံခါးသော့ခလောက်ကို
ဒီဇင်ဘာဆောင်းနှင်းပွင့်လေးတွေနဲ့အတူတူ
မင်းရဲ့အချစ်ပန်းပွင့်လေးတွေက
ချစ်စေခဲ့ပြီ...

အိပ်ပျော်ချင်ယောင်ဆောင်နေတဲ့ ငါ့နှလုံးသားသော့ခလောက်ကို
ဒီဇင်ဘာခေါင်းလောင်းသံချိုချိုလေးတွေနဲ့အတူတူ
မင်းရဲ့စကားချိုချိုလေးတွေက
နိုးထစေခဲ့ပြီ...

နွေနဲ့မိုး ကုန်ဆုံးလို့
ရောက်လာခဲ့တဲ့ ဆောင်းရာသီလို
ငါ့ရဲ့ နှလုံးသားက
သော့ခတ်ချိန် ကုန်ဆုံးလို့
ရောက်လာခဲ့ပြန်ပေါ့ အချစ်သစ်ဆီ...


ကောင်းကင်ပြာ

Read More...

------------------------

Saturday, August 8, 2009

စကားလေးတစ်ခွန်း

နွေရာသီ

ဥသြငှက်သံလေးတွေနှင့်အတူ
မင်းပြောခဲ့တဲ့ စကားလေးတစ်ခွန်းက
"မင်းက ကိုယ့်ရဲ့ အချစ်ဆုံး သူငယ်ချင်း" ပါတဲ့။

မိုးရာသီ
မိုးစက်ပွင့်လေးတွေနှင့်အတူ
မင်းပြောခဲ့တဲ့ စကားလေးတစ်ခွန်းက
"မင်းကို ကိုယ် အမြဲတမ်း သတိရနေပါတယ်" တဲ့။

ဆောင်းရာသီ
ဆောင်းနှင်းပွင့်လေးတွေနှင့်အတူ
မင်းပြောခဲ့တဲ့ စကားလေးတစ်ခွန်းက
"မင်းကို ကိုယ် အရမ်းချစ်မိသွားပြီ" တဲ့။

ပြောင်းလဲသွားတဲ့
ပြက္ခဒိန်စာမျက်နှာများနှင့်အတူ
မင်းရဲ့ စကားသံလေးတွေက
ပြောင်းလဲသွားခဲ့တယ်။

ပြောင်းလဲသွားတဲ့
မင်းရဲ့ စကားသံလေးတွေနှင့်အတူ
ကိုယ့်ရဲ့ ရင်ခုန်သံလေးတွေကလည်း
ပြောင်းလဲသွားခဲ့တယ်။

ပြောင်းလဲသွားတဲ့
ကိုယ့်ရဲ့ ရင်ခုန်သံလေးနှင့်အတူ
မင်းကို စကားလေးတစ်ခွန်းတော့
ကိုယ် ပြောပြလိုက်ချင်တယ်...
"ကိုယ်လေ အချစ်ဆုံးသူငယ်ချင်းလေး မင်းကို
အချိန်နှင့်အမျှ သတိရပြီး
ထာဝရအတွက် ချစ်သွားခဲ့မိပြီ။"

ကောင်းကင်ပြာ

Read More...

------------------------

Wednesday, July 29, 2009

ထာဝရချစ်သူ

မင်းလေးဟာ

ကိုယ့်ဘ၀ရဲ့ အခင်ဆုံးသူငယ်ချင်းပါ...

မင်းလေးဟာ
ကိုယ့်ဘ၀ရဲ့ အချစ်ဆုံးချစ်သူပါ...

မင်းလေးဟာ
ကိုယ့်ဘ၀ရဲ့ အကောင်းဆုံးလက်တွဲဖော်ပါ...

မင်းလေးဟာ
ကိုယ့်ဘ၀ရဲ့ အချစ်ပန်းချီကားကို ရေးဆွဲပေးနိုင်ခဲ့သူပါ...

မင်းလေးဟာ
ကိုယ့်ကို အချိန်တိုင်းအားပေးခဲ့သူပါ...

မင်းလေးဟာ
ကိုယ့်ကို အချစ်ဆိုတာကို နားလည်စေနိုင်ခဲ့သူပါ...

မင်းလေးဟာ
ကိုယ့်ကို ဘ၀တစ်လျှောက်လုံး အချစ်တွေ ပေးခဲ့သူပါ...

မင်းလေးဟာ
ကိုယ့်နှလုံးသားလေးကို ပိုင်ဆိုင်ထားနိုင်ခဲ့သူပါ...

တကယ်တော့ မင်းလေးဟာ
ကိုယ့်ဘ၀ရဲ့ အချိန်တိုင်းမှာ
ကိုယ်အမြဲတမ်းချစ်နေမယ့်
ကိုယ့်ဘ၀ရဲ့ ထာဝရချစ်သူလေးပါ။

ကောင်းကင်ပြာ

Read More...

------------------------

Sunday, November 18, 2007

Pour mes meilleurs amis

J'adore tant de plaisanteries et joies
Que tu me donnerais...
Mais maintenant,
tout est fini et restait dans le passé...

Je te vois tous les jours
se promenait partout...
Toi, tu souris toujours
Mais moi, je n'ai que le froncement de sourcils...

Je veux être seul comme avant
Que tu me dis ton secret...
Mais Maintenant, tu ne parle plus avec moi
Tout me manque de plus en plus...

Je ne veux jamais te faire mal
Tout est erreur...
Je ne ferais exprès jamais
Mais tu n'acceptes mes excuses...

Je ne veux pas se battre avec toi
Je veux faire te sourire...
Je veux dire que je suis ton amie encore
Et cette fois plus longtemps qu'avant...

Alors je souhaite que choses pourrai revenir comme avant
Et j'espère que tu verras
Que je suis vraiment désolée de ta douleur que je fais
Et tu es mon meilleur ami pour toujours...

Read More...

------------------------

Monday, September 24, 2007

မိုးည

မိုးညတစ်ည
ငါအိပ်ချိန်မှာ
ငါ့ပါးပြင်အား
နင်လာ နမ်းသွား
စိတ်မှာ ခံစား
ရင်ခုန်သွားမိ။ ။

ဒီအချိန်မှာ
ငါ့ပါးပြင်ထက်
ပြင်းထန်အေးစက်
ခံစားချက်ကို
မျက်လုံးပွင့်လျက်
ငါကြည့်မိတော့
သြော် ...
ညကငါ
တံခါး မပိတ်မိပါလား ... ။ ။

အမည်မသိသူတစ်ဦး

Read More...

------------------------

Thursday, September 20, 2007

Portrait of a Friend

I can't give solutions to all of life's problems, doubts, or fears.
But I can listen to you, and together we will search for answers.

I can't change your past with all it's heartache and pain, nor the future with its untold stories. But I can be there now when you need me to care.

I can't keep your feet from stumbling.
I can only offer my hand that you may grasp it and not fall.

Your joys, triumphs, successes, and happiness are not mine;
Yet I can share in your laughter.

Your decisions in life are not mine to make, nor to judge;
I can only support you, encourage you, and help you when you ask.

I can't prevent you from falling away from friendship, from your values, from me.
I can only pray for you, talk to you and wait for you.

I can't give you boundaries which I have determined for you,
But I can give you the room to change, room to grow, room to be yourself.

I can't keep your heart from breaking and hurting,
But I can cry with you and help you pick up the pieces and put them back in place.

I can't tell you who you are.
I can only love you and be your friend.

Unknown

Read More...

------------------------

Thursday, September 13, 2007

တားမြစ်ချက်

ငါ့ကို တကယ်ဂရုမစိုက်ဘူးဆိုရင်
“I Love You” ဆိုတဲ့စကားကို ဘယ်တော့မှ လာမပြောပါနဲ့ …

အနားမှာ တကယ် မရှိဘဲနဲ့
“ခံစားရတယ်” ဆိုတဲ့စကားကို ဘယ်တော့မှ လာမပြောပါနဲ့ …

ငါ့အသည်းကို ခွဲမယ်ဆိုရင်
ငါ့လက်ကို ဘယ်တော့မှ လာမကိုင်ပါနဲ့ …

ထွက်သွားဖို့ စိတ်ကူး မင်းမှာရှိနေမယ်ဆိုရင်
“အမြဲတမ်းပါ” ဆိုတဲ့စကားကို ဘယ်တော့မှ လာမပြောပါနဲ့ …

အမြဲပဲ လိမ်ညာစကားကို ဆိုနေမယ်ဆိုရင်
ငါ့ မျက်လုံးထဲကို ဘယ်တော့မှ လာမကြည့်ပါနဲ့ …

တစ်နေ့မှာ “Goodbye” ဆိုတဲ့စကားကိုပြောဖို့ မင်းတွေးနေခဲ့တယ်ဆိုရင်
“Hello” ဆိုတဲ့စကားကို ဘယ်တော့မှ လာမပြောပါနဲ့ …

မင်း အိပ်မက်ထဲမှာ တစ်ယောက်မက ရှိနေပြီး
“မင်းအတွက် ငါတစ်ယောက်တည်းပါ” ဆိုတဲ့စကား ငါ့ကို ဘယ်တော့မှ လာမပြောပါနဲ့ …

သော့မရှိဘဲနဲ့
ငါ့နှလုံးသားကို သော့ခတ်ဖို့ မင်း ဘယ်တော့မှ မကြိုးစားပါနဲ့ …

ကောင်းကင်ပြာ

Read More...

------------------------

Sunday, September 9, 2007

ထာဝရ

မိုးဖွဲဖွဲအောက်မှာ လက်တွဲလျှောက်ရင်း
ပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေက
ခုတော့ ဘယ်ဆီမှာ ရောက်လို့နေပြီလဲ …

စံပယ်ပင်ဘေး အတူထိုင်ရင်း
ကြည်နူးခဲ့ရတဲ့ အချိန်တွေက
ခုတော့ ဘယ်ဆီမှာ ခိုအောင်းနေသလဲ …

ကိုယ့်ကို ချစ်ပါတယ်လို့
ပြောခဲ့တဲ့ မင်းနှုတ်ဖျားက စကားသံတွေက
ခုတော့ ဘယ်ဆီမှာ ရှောင်ပုန်းလို့ နေပြီလဲ …

တစ်သက်မခွဲ လက်တွဲသွားမယ်ဆိုတဲ့
ကတိသစ္စာစကားတွေက
ခုတော့ ဘယ်ဆီမှာ အိပ်စက်လို့ နားနေလဲ …

ဘာပဲဖြစ်ဖြစ်
ငါကတော့
မင်းပြောခဲ့တဲ့ ကတိစကားတွေကို
ဆက်လက်ယုံကြည်ရင်း
မင်းပြောခဲ့တဲ့ ချစ်ပါတယ်ဆိုတဲ့ စကားသံကို
ပြန်လည်ကြားယောင်ရင်း
မိုးဖွဲဖွဲအောက်မှာ လက်တွဲလျှောက်ခဲ့တဲ့ အချိန်တွေကို
ပြန်လည်သတိရရင်း
ငါတို့နှစ်ယောက် ကြည်နူးခဲ့ကြတဲ့
စံပယ်ပင်လေးဘေးမှာ
မင်းကို ထာဝရအမြဲ
မျှော်နေဆဲပါ …

ကောင်းကင်ပြာ

Read More...

------------------------

Friday, September 7, 2007

ချစ်သူ့လက်ဆောင်

မင်းကြည့်ခဲ့တဲ့ အကြည့်တစ်ချက်
ငါ့ရင်ထဲမှာ
လျှပ်စီးလက်
ရင်ခုန်ခြင်းသံပတ်
ဒါအချစ်ရဲ့
စတင်ခြင်း ဆုံမှတ် ...

မင်းပြုံးခဲ့တဲ့
အပြုံးတစ်ပွင့်
ငါ့ရင်ထဲမှာ
အိုအေစစ်
မျှော်လင့်ခြင်း အားသစ်
ဒါအချစ်ရဲ့
တွယ်ငြိခြင်း အမြစ် ...

မင်းပြောခဲ့တဲ့
စကားတစ်ခွန်း
ငါ့ရင်ထဲမှာ
ချိုမြလွန်း
ကြည်နူးခြင်း ထုံမွှန်း
ဒါအချစ်ရဲ့
မြတ်နိုးခြင်း ပုံသွန်း ...

မင်းကို ချစ်တဲ့
အသည်းနှလုံး
ငါ့ရင်ထဲမှာ
ချိန်ကိုက်ဗုံး
မျိုသိပ်ခြင်း နိဂုံး
ဒါအချစ်ရဲ့
ဖွင့်ဟခြင်း ကုထုံး ...

မင်းကို ချစ်တဲ့
ချစ်ခြင်းတရား
ငါ့ရင်ထဲမှာ
တိုက်စားသွား
လောင်ကျွမ်းအက်ဆစ်များ
ဒါအချစ်ရဲ့
သက်ရောက်ခြင်း ဒဏ်ရာများ
မြတ်နိုးခြင်းဖြင့် သိမ်းဆည်းထား
"ချစ်သူ့လက်ဆောင်များ" ။ ။

အမည်မသိသူတစ်ဦး။

Read More...

------------------------

Wednesday, September 5, 2007

You are my friend!!!

Standing by,
All the way.
Here to help you through your day.

Holding you up,
When you are weak,
Helping you find what it is you seek.

Catching your tears,
When you cry.
Pulling you through when the tide is high.

Just being there,
Through thick and thin,
All just to say, you are my friend.

Brittani Kokko

Read More...

------------------------

Tuesday, September 4, 2007

အချစ်နဲ့ အမုန်း

နေ့နဲ့ ည
တစ်လှည့်စီ ဖြစ်တာကို
နေ့ချည်း သက်သက်၊ ညချည်း သက်သက်ဖြစ်အောင်
ဘယ်လိုမှ ပြောင်းလဲလို့ မရနိုင်သလို …

သူရိန်နေမင်းနဲ့ သော်တာလမင်း
တစ်လှည့်စီ ထွက်တာကို
တစ်ပြိုင်တည်း ထွက်လာဖို့
ဘယ်လိုပဲ ကြိုးစား ကြိုးစား မရနိုင်သလို …

အချစ်ကနေ အမုန်းကို
ပြောင်းလဲသွားတဲ့
ကိုယ့်ရဲ့ စိတ်ကို
မင်း ဘယ်လိုပဲ ပြောင်းလဲဖို့ ကြိုးစား ကြိုးစား
မရနိုင်ပါဘူး …

ကောင်းကင်ပြာ

Read More...

------------------------

Saturday, September 1, 2007

Only in My Dreams

ဘယ်သူရေးလဲ ဆိုတာကိုတော့ မမှတ်မိတော့ပါဘူး … ကြိုက်လို့ ကူးထားမိတာပါ … ခု အားလုံးလည်း ကောင်းကင်နဲ့အတူ ဖတ်ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ် …


Only in my dreams
Are you ever smiling at me
And only in my dreams
Will you and I ever be

Only in my dreams
Will we ever watch the sunrise
And only in my dreams
Will I ever see that love in your eyes

If those dreams
If they ever come true
Each day I wake
I would be with you

We walk and we talk
Hand in hand along the shore
Spending each moment together
Never needing anything more

When you look at me
Your smile seems to shine
You touch my heart
You say you are mine

Each night as I dream
You are always there
We are together as one
Everything we share

I hold you in my arms
So close, so much in love
Only in my dreams
Are you sent to me from above

Only in my dreams
Are you ever smiling at me
And only in my dreams
Will you and I ever be

Only in my dreams
Will we ever watch the sunrise
And only in my dreams
Will I ever see that love in your eyes

When I wake, again without you
It was so real or so it seems
But then I remember,
You were only in my dreams

Read More...

------------------------

Sunday, August 26, 2007

ရှင်သန်စေသူ

ကန္တာရအတွက်
အိုအေစစ်က
မရှိမဖြစ်ပါ။

ကိုယ့်ဘ၀အတွက်
ချစ်သူမင်းက
မရှိမဖြစ်ပါ။

ကန္တာရကို
စိုပြည်လာအောင်
အိုအေစစ်ကသာ
လုပ်ဆောင်ပေးနိုင်သလို
ကိုယ့်ဘ၀ရဲ့ နေ့ရက်တွေကို
ရှင်သန်လာအောင်
ချစ်သူမင်းကသာ
စွမ်းဆောင်ပေးနိုင်ပါတယ်

ကောင်းကင်ပြာ

Read More...

------------------------

Thursday, August 23, 2007

အရုပ်ကလေး

မင်းဟာ
ငါ ငေးကြည့်တတ်တဲ့ မိုးသောက်ကြယ်လေး …

မင်းဟာ
ငါ အမြဲရွတ်တဲ့ ကဗျာလေး …

မင်းဟာ
ငါ မက်လေ့ရှိတဲ့ အိပ်မက်လေး …

မင်းဟာ
ငါ ညည်းလေ့ရှိတဲ့ သီချင်းလေး …

မင်းဟာ
ငါ မြတ်နိုးတဲ့ ပန်းချီကားလေး …

မင်းဟာ
ငါ သိမ်းဆည်းထားတဲ့ ဒိုင်ယာရီလေး …

မင်းဟာ
ငါ နှစ်သက်လွန်းတဲ့ စပယ်ပွင့်လေး …

မင်းဟာ
……………………………….......................................................

မင်းဟာ
……………………………….......................................................

မင်းဟာ
……………………………….......................................................

ငါဟာ
မင်း မေ့နေတဲ့ အရုပ်ကလေး …

ကောင်းကင်ပြာ

Read More...

------------------------

Thursday, August 16, 2007

တောင်းဆိုပါရစေ

အရှေ့နဲ့ အနောက်ဟာ
ဆန့်ကျင်ဘက် အရပ်တွေပါ။

အဖြူနဲ့ အမည်းဟာ
ဆန့်ကျင်ဘက် အရောင်တွေပါ။

နေ့နဲ့ ညဟာ
ဆန့်ကျင်ဘက် အချိန်တွေပါ။

ဒါပေမယ့် ချစ်သူ …
ဘာတွေ ဘယ်လိုပဲ ဆန့်ကျင်ဘက်တွေ ဖြစ်နေပါစေ
ကိုယ်နဲ့မင်းကတော့
အချစ်နဲ့ အမုန်းဆိုတဲ့
ဆန့်ကျင်ဘက် မြားနှစ်စင်း
ဘယ်တော့မှ မဖြစ်ပါရစေနဲ့။

ကောင်းကင်ပြာ

Read More...

------------------------

Sunday, August 12, 2007

ပဲ့ကိုင်ရှင်

ပင်လယ်ကြီးက
ကောင်းကင်ကြောင့်
ပြာလိုက် ညိုလိုက် ဖြစ်ရတယ် ...

ကိုယ်က
မင်းကြောင့်
ငိုလိုက် ရယ်လိုက် ဖြစ်ရတယ် ...

တကယ်လို့သာ
ပင်လယ်အတွက်
ကောင်းကင်က
စွမ်းအားရှင်ဆိုရင်
ကိုယ့်အတွက်
ချစ်သူမင်းက
“ပဲ့ကိုင်ရှင်” ပါ။

ကောင်းကင်ပြာ

Read More...

------------------------

Tuesday, July 31, 2007

လွမ်းနေဆဲပါ

ဖြူစစ သဲသောင်ပြင်ထက်
လက်ချင်းတွဲလျှောက်ရင်း
နေ၀င်ဆည်းဆာကို ကြည့်လို့
ပျော်ခဲ့ရတဲ့ အချိန်လေးကိုပဲ
လွမ်းရမလား။

ခရေပင်အောက်
ခရေပန်းကောက်ရင်း
ငါ့ကေသာထက် မင်းပန်ပေးလို့
ကြည်နူးမိခဲ့တဲ့ အချိန်လေးကိုပဲ
လွမ်းရမလား။

အင်းယားကန်ဘေး
အကြော်စားရင်း
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့
ရင်ခုန်ခဲ့ရတဲ့ အချိန်လေးကိုပဲ
လွမ်းရမလား။

သာယာငြိမ့်ညောင်း
သီချင်းသံနားထောင်ရင်း
မင်းဖျော်ပေးတဲ့ ကော်ဖီကို သောက်လို့
စိတ်လှုပ်ရှားခဲ့ရတဲ့ ညနေခင်းအချိန်လေးကိုပဲ
လွမ်းရမလား။

ရွက်ဝါကြွေ
ရွက်သစ်ဝေပြီး
ရာသီတွေ အလီလီပြောင်းခဲ့ပေမယ့်လည်း
မင်းကိုချစ်မိခဲ့တဲ့ ငါကတော့
ဘယ်လိုမှ မပြောင်းလဲဘဲ
မင်းကို လွမ်းနေဆဲပါ …

ကောင်းကင်ပြာ

Read More...

------------------------
---------------------------------------------