"မမရေ… အခုတစ်လော ဘလော့တွေမှာ Tag နေကြတယ်ဆို... သီရိကော မမကို Tag လို့မရဘူးလား"
" Tag ပါရှင်၊ ညီမလေး Tag ရင် ရေးရမှာပေါ့၊ အကောင်းဆုံး ကြိုးစားပြီးရေးမယ်နော် ညလေး"
"တကယ်လား မမ၊ တကယ်ရတယ်နော်"
"တကယ်ပေါ့ ညလေး"
အဲဒါကတော့ ညီမလေးသီရိနဲ့ ကောင်းကင် တစ်ရက်က ပြောဖြစ်ကြတဲ့စကားလေးတွေပါ။ ချစ်ညီမလေးကတော့ ကောင်းကင်စကားကြားတာနဲ့ ၀မ်းသာအားရကို Tag လိုက်တာပါပဲ။ အဲဒါက
"အိပ်မက်တစ်ခုကို ပြောပြပါ၊ စိတ်ကူးမဟုတ်ဘူးနော်၊ အခုချိန်ထိ မှတ်မှတ်ရရ ဖြစ်နေတဲ့ အိပ်မက်ပါ" တဲ့။
ဝမ်းသာအားရနဲ့ "Tag ပါရှင်" လို့ ပြောခဲ့တဲ့ ကောင်းကင်… ညီမလေးသီရိက တကယ်လည်း Tag ရော ခေါင်းစားရပါပြီ။ အိပ်မက်ကလည်း ဖြစ်ရမယ်၊ မှတ်မှတ်ရရကလည်း ဖြစ်ရမယ်၊ ခုချိန်ထိလည်း မက်နေတဲ့အိပ်မက်လည်း ဖြစ်ရမယ်။ ဟူး … အဲဒါမှ ခက်ပြီ …
ကွန်ပျူတာ monitor ကိုကြည့်လိုက်၊ ခေါင်မိုးကို မော့ကြည့်လိုက်၊ ခေါင်းလေးကုတ်လိုက်၊ keyboard ကိုကြည့်လိုက်နဲ့ အကြည့်ပေါင်းများစွာ ကြားမှာ တစ်နာရီကျော်လောက် နစ်မွန်းနေခဲ့တယ်။ နောက်ဆုံးတော့ မဖြစ်ပါဘူးလေ။ ကတိကလည်း ပေးထားတယ်။ ချစ်ရတဲ့ ညီမလေးကလည်း ဖြစ်တယ်ဆိုတော့ အတင်းကို အပြေးအလွှား စဉ်းစားလိုက်ပါတော့တယ်။ ဟော … နောက်ဆုံးကျတော့လည်း "ခုတော့ ကောင်းကင် သိပြီ" ဆိုတာမျိုးပေါ့။ အဲချိန်မှာ ကောင်းကင်ရဲ့ ပုံစံကို ကိုယ့်ဘာသာကိုယ် ပြေးမြင်မိပါတယ်။ "ကောင်းကင်ပဲလေ ဒီလိုပဲ ဖြစ်ရမှာပေါ့" ဆိုတဲ့ အရမ်းကို အမြင်ကတ်စရာကောင်းတဲ့ ပုံစံလေးနဲ့ပေါ့။ ကိုယ့်ဘာသာ အမြင်ကတ်တာနော်။ သူများတွေကတော့ ဒီပုံစံလေးကိုပဲ စွဲနေတာပါတဲ့… :P
ကဲ … ချစ်ရတဲ့ ညီမလေးသီရိရေ …
ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ အသေအချာ အလေးအနက်ထားပြီး ဖြေထားတဲ့ မမရဲ့ အဖြေကို ဆက်ဖတ်ရင်း ညီမလေး ကျေနပ်နိုင်ပါစေလို့နော် … တဆက်တည်းညီမလေး နောက်ထပ်မေးမယ့် အမေးတွေကိုလည်း ဖြေဖို့ အဆင်သင့် စောင့်မျှော်နေပါတယ်လို့ အသိပေးလိုက်ပါတယ်နော် … :)
အခုထိ မက်နေတဲ့ အမှတ်တရရှိနေတဲ့ ကောင်းကင်ရဲ့အိပ်မက်တွေကတော့ တကယ်တမ်းပြောရရင် အများကြီးပါပဲ။ စိတ်ကူးသက်သက်မဟုတ်တဲ့ အိပ်မက်တွေပေါ့။ ဒါပေမယ့် အဲဒီအထဲကမှ တစ်ခုကို ပြောရမယ်ဆိုရင်တော့ ရုပ်မချောရင် နေပါစေ (ဒါပေမယ့် တအားလည်း ရုပ်ဆိုးလို့မရဘူးနော်) ကောင်းကင်ကို တကယ်နားလည်ပြီး အရမ်းချစ်တဲ့သူ၊ သူ့ဘက် ကိုယ့်ဘက် အားလုံးကလည်း လက်ခံနိုင်တဲ့သူ၊ ကောင်းကင်ကိုလည်း တကယ်ညှာတာတဲ့သူ၊ ကောင်းကင်မကြိုက်တာတွေ အားလုံးမဟုတ်ရင်တောင် အများစုကို ရှောင်တဲ့သူ … အဲလို အဲလို ကောင်းကင်ရဲ့ သိပ်မများလှတဲ့ ကန့်သတ်ချက်တွေနဲ့ ကိုက်ညီတဲ့သူနဲ့ ဆုံစည်းဖို့ပါပဲ။ အမြဲမဟုတ်ရင်တောင် တစ်နေ့ကို ၂၅ နာရီလောက် မက်နေတဲ့ ကောင်းကင်ရဲ့ များပြားလှတဲ့ အိပ်မက်တွေထဲက တစ်ခုပေါ့။
ကဲ … ညလေး သီရိရေ … မမရဲ့ တစ်နေ့ ၂၅နာရီလောက် မက်နေတဲ့ စိတ်ကူးမဟုတ်တဲ့ အိပ်မက်တစ်ခုကို ပြောပြလိုက်ပြီနော် … အဲလို မမရဲ့ မများလှတဲ့ ကန့်သတ်ချက်တွေနဲ့ ကိုက်ညီ ပြည့်စုံတဲ့သူကို တွေ့ရင် အချိန်မဆိုင်းဘဲ အပြေးအလွှားလေး သတင်းပေးလိုက်ပါလို့ … :P
Showing posts with label ချစ်ပရိတ်သတ် တောင်းဆိုချက်. Show all posts
Showing posts with label ချစ်ပရိတ်သတ် တောင်းဆိုချက်. Show all posts
Sunday, November 25, 2007
မက်နေဆဲ အိပ်မက်တစ်ခု
Posted by
Kaung Kin Pyar
at
6:20 PM
1 comments
Labels: ချစ်ပရိတ်သတ် တောင်းဆိုချက်
Subscribe to:
Posts (Atom)