Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Wednesday, January 2, 2008

နှစ် ၄၀ ပြန်ငယ်သွားရင်



အလုပ်မှ အငြိမ်းစားယူခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော ဇနီးမောင်နှံနှစ်ဦးသည် နေ့စဉ်သူတို့ နာရီရေဒီယိုကို နံနက် ၇နာရီ သတင်းနားထောင်ရန် အချိန်ကိုက် နှိုးစက်ပေးလေ့ရှိသည်။

တစ်နေ့နံနက်တွင် ထိုရေဒီယိုမှ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်က သူတို့နှစ်ယောက် နှစ်သက်သဘောကျသော  အချစ်သီချင်းတစ်ပုဒ်လာနေသည်ကို ကြားရသဖြင့် ခင်ပွန်းဖြစ်သူက သူ့မိန်းမအားဖက်ပြီး နားနားကပ်ကာ တိုးတိုးလေး မေးလိုက်လေသည်။

"ကိုယ်သာ အခုနေ နှစ် ၄၀ လောက်ပြန်ငယ်သွားရင် ဘာလုပ်မယ်ဆိုတာ မင်း သိသလား"

ထိုအခါ ဇနီးသည်ကလည်း ခင်ပွန်း၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ပြောလိုက်လေသည်။

"သိတာပေါ့၊ ဘာလုပ်မယ်ဆိုတာ ... သိပ်သိတာပေါ့"

"ကဲ .. ဒါဆို ကိုယ်ဘာလုပ်မလဲဆိုတာ ပြောလေ"

"အခုနေ နှစ် ၄၀ ပြန်ငယ်သွားရင်လေ အိပ်ရာကထပြီး အလုပ်သွားမှာပေါ့"

Read More...

------------------------

Saturday, November 24, 2007

အမှတ်မရတော့လို့ပါ

လူငယ်တစ်ယောက်သည် မိန်းကလေးတစ်ယောက်ထံ စာရေးသည်။

"ချစ်သော မေရီ ...
            ကိုယ့်ကိုခွင့်လွှတ်ပါ။ ကိုယ် သိပ်မေ့နေတတ်လို့ပါ။ ညက ကိုယ် မင်းဆီက အချစ်ကို တောင်းခံခဲ့တယ်နော်၊ အဲဒါ မင်းက ကိုယ့်အချစ်ကို လက်ခံသလား၊ မလက်ခံဘဲ ငြင်းလိုက်သလား ဆိုတာကို ကိုယ်အမှတ်မရတော့လို့ပါ။ အဲဒါ မင်းအဖြေက ဘာလဲဆိုတာ ကိုယ်ပြန်သိပါရစေနော်"

ထိုအခါ မိန်းမပျိုလေးက အောက်ပါအတိုင်း အကြောင်းပြန်လိုက်လေသည်။

"ဘော့ရေ ...
မင်းဆီက ဒီလိုကြားရတာ ကျွန်မတကယ်ကို ၀မ်းသာမိပါတယ်။ တကယ်တော့ ညက "ရှင့် အချစ်ကို ကျွန်မလက်မခံနိုင်ပါဘူး" လို့ တစ်ယောက်ယောက်ကိုတော့ ကျွန်မ ပြောလိုက်တယ်၊ ဒါပေမယ့် အဲဒီစကားကို ဘယ်သူ့ကို ပြောမိသလဲဆိုတာ ကျွန်မလည်း အမှတ်မရဘူး ဖြစ်နေတာလေ"

Read More...

------------------------

Tuesday, November 20, 2007

တံခါးလက်ကိုင်

စိတ်ရောဂါကုဆေးရုံတွင် ဖြစ်သည်။

ကော်ရစ်ဒါတွင် လူနာနှစ်ယောက် ကျားထိုးနေကြသည်။ လူနာလေးငါးယောက်က ဘေးတွင် ၀ိုင်းအုံကြည့်နေကြသည်။

အမျိုးသမီးလူနာဧည့်သည်တစ်ယောက် ဖြတ်သွားပြီး အနားရှိလူနာအခန်းတစ်ခု၏ တံခါးလက်ကိုင်ကို ဆွဲသည်။ သို့သော် တံခါးက ပွင့်မလာချေ။

"အားနဲ့ဆွဲပါ"
လူနာတစ်ယောက်က လှမ်းပြောသည်။

အမျိုးသမီးက အားဖြင့် တံခါးလက်ကိုင်ကို ဆွဲသည်။ တံခါးလက်ကိုင်က ပွင့်မလာချေ။

"ဒီထက် ခပ်ပြင်းပြင်းလေး ဆွဲပါ"
နောက်တစ်ယောက်က လှမ်းပြောပြန်သည်။

အမျိုးသမီးက တံခါးလက်ကိုင်ကို တအားထပ်ဆွဲပြန်သည်။ ပွင့်မလာဘဲ အချည်းနှီးပင်။ ထို့နောက် အမျိုးသမီးက လှည့်ပြီး ပြောလိုက်သည်။

"ဟာ ... တံခါးက ပိတ်ထားတာပဲ"
"ဟုတ်တယ်လေ"
"ဒါဖြင့်ရင် ရှင်တို့က ဘာလို့ ကျွန်မကို တအားဆွဲဖွင့်ခိုင်းနေတာလဲ"
"တံခါးလက်ကိုင်ကို ခင်ဗျားလိုချင်လို့ လို့ ကျွန်တော်တို့က ထင်တာကိုး"

Read More...

------------------------

Monday, September 24, 2007

လိမ့်ကျသူ

အမျိုးသမီးလေးတစ်ယောက်သည် ဘေးတွင် အဖော်တစ်ယောက်မှ မပါဘဲ ထော့နဲ့ထော့နဲ့နှင့် လမ်းလျှောက်သွားသည်။

သူ့နောက်ခပ်လှမ်းလှမ်းတွင် လိုက်လာသော အမျိုးသမီးကြီးနှစ်ယောက်က ထိုမိန်းကလေး၏ အတင်းကို ပြောနေကြသည်။

"ဟိုရှေ့က ကောင်မလေးက ဘာဖြစ်လို့လဲ အေ့"

"လိမ့်ကျတာတဲ့ အေ"

"သြော် ... သနားစရာပါလား၊ ဘယ်ပေါ်ကနေ လိမ့်ကျတာတဲ့လဲ"

"ဒေါက်မြင့်ဖိနပ်ပေါ်ကလေ"

Read More...

------------------------

Friday, September 21, 2007

Need a laugh

ROMANCE MATHEMATICS
Smart man + smart woman = romance
Smart man + dumb woman = affair
Dumb man + smart woman = marriage
Dumb man + dumb woman = pregnancy

OFFICE ARITHMETIC
Smart boss + smart employee = profit
Smart boss + dumb employee = production
Dumb boss + smart employee = promotion
Dumb boss + dumb employee = overtime

SHOPPING MATH
A man will pay $20 for a $10 item he needs.
A woman will pay $10 for a $20 item that she doesn't need.

GENERAL EQUATIONS & STATISTICS
A woman worries about the future until she gets a husband.
A man never worries about the future until he gets a wife.
A successful man is one who makes more money than his wife can spend.
A successful woman is one who can find such a man.

HAPPINESS
To be happy with a man, you must understand him a lot and love him a little.
To be happy with a woman, you must love her a lot and not try to understand her at all.

LONGEVITY
Married men live longer than single men do, but married men are a lot more willing to die.

PROPENSITY TO CHANGE
A woman marries a man expecting he will change, but he doesn't.
A man marries a woman expecting that she won't change, and she does.

DISCUSSION TECHNIQUE
A woman has the last word in any argument.
Anything a man says after that is the beginning of a new argument.

HOW TO STOP PEOPLE FROM BUGGING YOU ABOUT GETTING MARRIED
Old aunts used to come up to me at weddings, poking me in the ribs and cackling, telling me, "You're next." They stopped after I started doing the same thing to them at funerals.

Read More...

------------------------

Wednesday, September 19, 2007

သူ့အဘိုး

လသာသော ညတစ်ညတွင် အောင်ဘုက သူ့အဘိုးအကြောင်းကို အားတက်သရော ပြောပြသည်။

“ရွာထဲကို ငကျော်နဲ့ ခင်မောင် ဦးဆောင်တဲ့ ရှင်မတောင်အခြေစိုက် ဓားပြတွေလည်း ၀င်လာတယ် ကြားရော တို့အဘိုးဟာ နှစ်တောင်လောက်ရှည်တဲ့ ငှက်ကြီးတောင်ဓားကို ပြေးဆွဲသတဲ့”

“သတ္တိကတော့ မညံ့ဘူးနော်၊ သူသေသေ၊ ကိုယ်သေသေ ချဖို့ထင်တယ်”

“ဒါပေါ့ကွာ။ ဓားပြတိုက်တယ်ဆိုတာ ရွာကို စော်ကားတာပဲ။ ပြီးတော့ လူလူချင်း မတရားသက်သက် အနိုင်ကျင့် လုယက်တာပဲ။ ဒါကို တို့အဘိုးက လုံးဝမလိုလားဘူး”

ကျွန်တော်တို့ အောင်ဘု၏ အဘိုးကို အပြတ်ကြည်ညိုလေးစားသွားကြသည်။ အားကျဂုဏ်ယူစိတ်များလည်း တဖွားဖွား ပေါ်ပေါက်လာပါသည်။

“ဒါနဲ့ ဓားပြတွေကို ဓားနဲ့ အတင်းဝင်ခုတ်ရောလား”

“ဟင့်အင်း မခုတ်လိုက်ရဘူး။ အိမ်ကထွက်မယ်အလုပ်မှာ သေနတ်သံ ကြားလိုက်ရလို့တဲ့”

Read More...

------------------------

Sunday, September 16, 2007

ထီးတော့ထီး

တစ်ခါက ရွာတစ်ရွာတွင် မောင်ရိုးဆိုသော လူတစ်ယောက်ရှိသည်။ သူက နာမည်နှင့်လိုက်အောင် ရိုးသည်။ နာမည်နှင့် အတွဲအဖက်မိအောင်လည်း အ ရှာသည်။ ထိုသို့ ရိုးလွန်း အလွန်းသောကြောင့် ကမောက်ကမ ဖြစ်ရသည်မှာလည်း အခါခါ …။ မောင်ရိုး၏ဒဏ်ကို အများဆုံးခံရသည်က သူ့မိန်းမ…။

တစ်ခါသော် ဘုရားပွဲတော်က ပြန်လာသော မောင်ရိုးနှင့် သူ့ဇနီးတို့ အောက်ပါအတိုင်း အချင်းများလေသတတ်။

“ရှင် လုပ်လိုက်ရင် ဒီအတိုင်းချည်းပဲ …”

“ဘာ ဒီအတိုင်းချည်းပဲလဲ …။ နင်ပဲ ထီးမှာလိုက်လို့ ငါ ထီးဝယ်ခဲ့တယ် မဟုတ်လား”

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ရှင်ဝယ်လာတာ ထီးတော့ ထီးပါ…။ ဒါပေမယ့် ဘုန်းကြီးဆောင်း ထီးကြီးရှင့်”

Read More...

------------------------

Saturday, September 8, 2007

အကြံပေးပါ

မိန်းမကြီးတစ်ယောက် စိတ်ရောဂါအထူးကုဆရာဝန်ထံ ရောက်လာပြီး ပြောသည်။

“လွန်ခဲ့တဲ့လကစပြီး ညတိုင်းညတိုင်း ကျွန်မလေ ဟစ်တလာကိုချည်း အိပ်မက် မက်နေတယ်၊ မနေ့ညက သူ ကျွန်မကို တရားဝင် လက်ထပ်ခွင့်တောင်းတယ်”

“အင်း၊ အင်မတန်စိတ်ဝင်စားစရာ ကောင်းတယ်၊ ကျွန်တော် ဘာအကူအညီပေးရမလဲ ခင်ဗျာ”

“အထွေအထူးတော့ မရှိပါဘူး၊ ကျွန်မ သူ့ကို လက်ထပ်တဲ့အခါ လက်ရှိနာမည်ကိုပဲ ထားရမလား၊ မစ္စစ်ဟစ်တလာလို့ နာမည်ပြောင်းရမလားဟင်”

Read More...

------------------------

Friday, August 17, 2007

စကားတတ်လိုက်ပုံများ

ကိုညိုသည် အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်တွင် အလွန်ထူးဆန်းသော ငှက်တစ်ကောင်ကိုတွေ့၍ သူ့မိန်းမကို မွေးနေ့လက်ဆောင်အဖြစ်ပေးရန် ငွေးငါးထောင်ဖြင့် ၀ယ်လိုက်သည်။ ထိုငှက်သည် အင်္ဂလိပ်စကား၊ ပြင်သစ်စကား၊ ဂျပန်စကားနှင့် ကိုရီးယားစကားများကို ပြောတတ်သည်။ ကိုညိုသည် ဆိုင်ရှင်အား ထိုငှက်ကို အိမ်သို့ပို့ပေးရန် မှာကြားပြီး ရုံးသွားလေသည်။

ညနေခင်းရုံးမှ အိမ်သို့ ပြန်ရောက်သောအခါ သူ၏မိန်းမကို ခရီးရောက်မဆိုက် မေးလိုက်သည်။

“ချစ်… မောင်ပို့လိုက်တဲ့ ငှက်ကလေး ရတယ်မဟုတ်လား”

“ရပါတယ် မောင်၊ အခု ဟင်းအိုးထဲမှာလေ”
ဟု အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

ကိုညိုတစ်ယောက် အလန့်တကြားဖြစ်သွားပြီး …
“ဘာပြောတယ်၊ မင်း … မင်းငှက်ကို ဘာလုပ်လိုက်ပြီလဲ၊ ဒီငှက်က ဘာသာစကား လေးမျိုးတောင် ပြောတတ်တာကွ”
ဟု ပြောချလိုက်သည်။

ထိုအခါ ကိုညို့မိန်းမ ပြန်ဖြေလိုက်ပုံက …
“ဟင်းချက်ဖို့ ပြင်ဆင်တုန်းက ဘာမှမပြောဘဲ ငြိမ်ခံနေပြီးတော့… ကြည့်ရတာ မြန်မာစကားကောင်းကောင်းမပြောတတ်လောက်ဘူး ထင်ပါရဲ့ မောင်ရယ်”

Read More...

------------------------

Saturday, August 11, 2007

အဖြေရခက်တဲ့ မေးခွန်း

နေသာသောနေ့တစ်နေ့တွင် ကုလားအုတ်သားအဖနှစ်ကောင် အေးအေးလူလူ စကားပြောနေကြသည်။ အမေးအမြန်းထူသော သားကုလားအုတ်က သူ့ဖခင်ကုလားအုတ်ကြီးကို သိလိုသမျှ မေးမြန်းနေလေသည်။

“ဖေဖေ၊ သားတို့ရဲ့ ကျောမှာ ဘာလို့ ဘို့နှစ်လုံးပါနေတာလဲဟင်

“သြော်… သားရယ်၊ ရေသိုလှောင်ဖို့ပေါ့။ ဒါမှ သဲကန္တာရထဲမှာ ရေမသောက်ဘဲရက်ပေါင်းများစွာ သွားနိုင်မှာပေါ့ကွဲ့”

“ဖေဖေ၊ ဘာလို့ သားတို့မှာ မျက်ခွံအကြီးကြီး ရှိရတာလဲ”

“သဲကန္တာရထဲမှာ သဲမုန်တိုင်းတွေ ခဏခဏ တိုက်တတ်တယ် သားရဲ့။ မျက်ခွံကြီးကြီးရှိမှမျက်လုံးထဲ သဲမ၀င်အောင် ကာကွယ်နိုင်မှာပေါ့”

“ပြီးတော့ သားတို့ရဲ့ ခြေဖ၀ါးအကြီးကြီးကရော ဘာလုပ်ဖို့လဲ ဖေဖေ”

“ဒါလား၊ ဖေဖေတို့မှာ ဒီလို ခြေဖ၀ါးအကြီးကြီးရှိမှတော့ သဲထဲမှာ သူများထက်မြန်မြန်လမ်းလျှောက်နိုင်တာပေါ့။ ခရီးလဲ သူများတွေထက် နှစ်ဆလောက်ပိုတွင်တယ်”

နောက်ဆုံးမှာ သားကုလားအုတ် နောက်ထပ်မေးလိုက်တဲ့ မေးခွန်းကြောင့်ကုလားအုတ်အဖေကြီး အဖြေရ ကျပ်သွားသည်။

“ဖေဖေ ဒါဆိုရင် သားတို့က သဲကန္တာရထဲ မသွားဘဲ ဒီတိရစ္ဆာန်ရုံထဲမှာ ဘာလုပ်ရမှာလဲ ဟင်”

Read More...

------------------------
---------------------------------------------