အလုပ်မှ အငြိမ်းစားယူခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော ဇနီးမောင်နှံနှစ်ဦးသည် နေ့စဉ်သူတို့ နာရီရေဒီယိုကို နံနက် ၇နာရီ သတင်းနားထောင်ရန် အချိန်ကိုက် နှိုးစက်ပေးလေ့ရှိသည်။
တစ်နေ့နံနက်တွင် ထိုရေဒီယိုမှ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်က သူတို့နှစ်ယောက် နှစ်သက်သဘောကျသော အချစ်သီချင်းတစ်ပုဒ်လာနေသည်ကို ကြားရသဖြင့် ခင်ပွန်းဖြစ်သူက သူ့မိန်းမအားဖက်ပြီး နားနားကပ်ကာ တိုးတိုးလေး မေးလိုက်လေသည်။
"ကိုယ်သာ အခုနေ နှစ် ၄၀ လောက်ပြန်ငယ်သွားရင် ဘာလုပ်မယ်ဆိုတာ မင်း သိသလား"
ထိုအခါ ဇနီးသည်ကလည်း ခင်ပွန်း၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ပြောလိုက်လေသည်။
"သိတာပေါ့၊ ဘာလုပ်မယ်ဆိုတာ ... သိပ်သိတာပေါ့"
"ကဲ .. ဒါဆို ကိုယ်ဘာလုပ်မလဲဆိုတာ ပြောလေ"
"အခုနေ နှစ် ၄၀ ပြန်ငယ်သွားရင်လေ အိပ်ရာကထပြီး အလုပ်သွားမှာပေါ့"
Wednesday, January 2, 2008
နှစ် ၄၀ ပြန်ငယ်သွားရင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment