ဖြူစစ သဲသောင်ပြင်ထက်
လက်ချင်းတွဲလျှောက်ရင်း
နေ၀င်ဆည်းဆာကို ကြည့်လို့
ပျော်ခဲ့ရတဲ့ အချိန်လေးကိုပဲ
လွမ်းရမလား။
ခရေပင်အောက်
ခရေပန်းကောက်ရင်း
ငါ့ကေသာထက် မင်းပန်ပေးလို့
ကြည်နူးမိခဲ့တဲ့ အချိန်လေးကိုပဲ
လွမ်းရမလား။
အင်းယားကန်ဘေး
အကြော်စားရင်း
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့
ရင်ခုန်ခဲ့ရတဲ့ အချိန်လေးကိုပဲ
လွမ်းရမလား။
သာယာငြိမ့်ညောင်း
သီချင်းသံနားထောင်ရင်း
မင်းဖျော်ပေးတဲ့ ကော်ဖီကို သောက်လို့
စိတ်လှုပ်ရှားခဲ့ရတဲ့ ညနေခင်းအချိန်လေးကိုပဲ
လွမ်းရမလား။
ရွက်ဝါကြွေ
ရွက်သစ်ဝေပြီး
ရာသီတွေ အလီလီပြောင်းခဲ့ပေမယ့်လည်း
မင်းကိုချစ်မိခဲ့တဲ့ ငါကတော့
ဘယ်လိုမှ မပြောင်းလဲဘဲ
မင်းကို လွမ်းနေဆဲပါ …
ကောင်းကင်ပြာ
Tuesday, July 31, 2007
လွမ်းနေဆဲပါ
Subscribe to:
Post Comments (Atom)
3 comments:
ချစ်တတ်ရင် လွမ်းတတ်လာတယ်ဗျ
:D
comment pho. nal nal late thwar tal
so sorry naw sis
poem lay ko read pe po lwan lar tal
1st poem lay ka sa pe nauk lal new poem lay tway myar swar tin nai par say lo.
ကဗျာလေးက အရမ်းထိတယ်..ဒါမျိုးလေးတွေ မျှော်လင့်နေအုံးမယ်..ဒါပေမဲ့ လွမ်းရက်တွေတော့..ရပ်ပါစေတော့လေ…
Post a Comment