ဒီနေ့တော့ ကောင်းကင်က ပို့စ်တင်မယ်လို့ စဉ်းစားတဲ့အခါ ချစ်သူတွေအတွက် အရေးကြီးတဲ့ ပန်းလေးတစ်ခုရဲ့အကြောင်းကို ရွေးချယ်ဖို့ စဉ်းစားမိပါတယ်။ အဲဒီပန်းလေးကို အားလုံးလည်း သိပြီးသား ဖြစ်ကြမှာပါ။ ဒါပေမယ့် ဒီပန်းလေးအကြောင်းကို ပြည့်ပြည့်စုံစုံမသိသေးတဲ့ သူတွေလည်း ရှိကောင်းရှိမှာပါ။ အဲဒီသူတွေအတွက် ကောင်းကင်ရဲ့ ဒီပို့စ်လေးက နည်းနည်းလေးဖြစ်ဖြစ် အသုံးဝင်မယ်၊ အထောက်အကူပြုမယ်ဆိုရင် ဒီပို့စ်ကို တင်ရကျိုးနပ်မှာ အမှန်ပါ။
“နှင်းဆီ”
ဟုတ်တယ်။ “နှင်းဆီ” ဆိုတာ ချစ်ခြင်းရဲ့ သင်္ကေတတစ်ခုပါ။ ချစ်တတ်သူတိုင်း၊ ချစ်ဖူးသူတိုင်း၊ ချစ်မယ့်သူတိုင်း၊ အချစ်ရှိသူတိုင်း၊ ခံစားတတ်သူတိုင်းအတွက် “နှင်းဆီ” ဆိုတာ မရှိမဖြစ်ပါပဲ။
ကမ္ဘာပေါ်မှာရှိတဲ့ သူတော်တော်များများဟာ မိမိတို့ရဲ့ အချစ်ကို “နှင်းဆီ” ပွင့်လေးတွေ ပေးရင်း ဖော်ပြတတ်ကြပါတယ်။ နှင်းဆီပန်းရဲ့ အရောင်လေးတွေဟာလည်း ချစ်စကားများကို ကိုယ်စား ပြောပေးနိုင်သလို နှင်းဆီပွင့် အရေအတွက်ဟာလည်း ချစ်ခြင်းရဲ့ ညွှန်းဖွဲ့စကားတွေကို ပြောကြားပေးပါတယ်။
အချစ်ရဲ့ ခွန်အား၊ အပြစ်တွေဖယ်ပြီး အချစ်တွေ ဖလှယ်ကြတဲ့အချိန်၊ မိမိဘယ်လောက် ချစ်မြတ်နိုးကြောင်း၊ ဘယ်လို လွမ်းကြောင်း၊ ဘယ်လို ချစ်တယ်၊ ဘယ်လောက်ထိ ချစ်တယ်၊ မိမိရဲ့ သစ္စာ၊ ရာသက်ပန်ချစ်နေမည့်အကြောင်း စကားတွေကို အားလုံးရဲ့ ကိုယ်စား မညည်းမညူပြောပေးတာကတော့ ဒီ နှင်းဆီပန်းလေးတွေပါပဲ။
ချစ်သူတွေမှ မဟုတ်ပါဘူး။ ခင်မင်သူတွေ၊ လေးစားမြတ်နိုးသူတွေ အချင်းချင်း ကြားမှာလည်း နှင်းဆီပန်းတွေဟာ ကြားခံရင်ဖွင့်စကားဆိုပေးတဲ့ အဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုပါပဲ။
အခုဆိုရင် နှင်းဆီပန်းလေးတွေဟာ နေရာတော်တော်များများမှာ နေရာယူလာတာကို တွေ့ရမှာပါ။ ပြောရခက်တဲ့စကားလေးတွေ ပြောချင်တဲ့အခါ နှင်းဆီပန်းလေးတွေကို ပေးရင်း ရင်ဖွင့်ရတာလည်း ရင်ခုန်စရာ တစ်ခုပါပဲ။
ဒါပေမယ့် နှင်းဆီပန်းအရောင်လေးတွေရဲ့ အဓိပ္ပါယ်ကိုတော့ သိမှ ဖြစ်မှာပေါ့နော်။ ပေးတဲ့သူကတော့ သိပြီး ယူတဲ့သူကတော့ မသိရင်လည်း မဖြစ်ဘူးလေ။
ဒါကြောင့် ကောင်းကင်က ကောင်းကင်သိသလောက် နှင်းဆီအကြောင်းလေးကို ပြန်ပြီး ဖောက်သည်ချလိုက်ပါတယ်နော်။
“နှင်းဆီ” ပန်းလေးတွေမှာ လူတော်တော်များများ သတိမမူလိုက်မိတဲ့ အလှတွေ ရှိပါတယ်။
အချစ်အတွက် ပထမဆုံးဖြစ်လာတဲ့ ရင်ခုန်မှု၊ စိတ်လှုပ်ရှားမှုတွေကို “နှင်းဆီ” ပန်းလေးတွေနဲ့ ဖော်ကျူးကြတယ်။ တစ်စုံတစ်ယောက်ကို နှင်းဆီပန်းလေးတွေ ပေးတော့မယ်ဆိုရင် ဘာအဓိပ္ပါယ်နဲ့ ပေးမှာလဲ ဆိုတာကို သေချာ သိဖို့လိုအပ်ပါတယ်။ ရင်ထဲက ကိုယ့်ရဲ့ ခံစားချက်ကို ဖော်ပြဖို့ ရွေးမယ့်ပန်းကတော့ ဘယ်လိုအခြေအနေဖြစ်ဖြစ် “နှင်းဆီ” ပန်းလေးသာ ဖြစ်သင့်တာပေါ့။
နောက်အရေးကြီးတာ တစ်ခုကိုလည်း သိဖို့လိုသေးတာပေါ့။ အဲဒါကတော့ “နှင်းဆီ” ပန်းလေးတွေရဲ့ လဟာ ဘယ်လဖြစ်တယ်ဆိုတာကိုပေါ့။ တခြားအချိန်တွေမှာ နှင်းဆီပန်းကို ပေးတယ်ဆိုပေမယ့်လည်း ဒီလရောက်တဲ့အခါမှာတော့ သေသေချာချာကို ကိုယ်ချစ်ရတဲ့သူကို နှင်းဆီပန်းလေးကို ပေးသင့်တာပေါ့နော်။ ဘာလို့လဲဆိုတော့ အဲဒီလဟာ နှင်းဆီပန်းလေးတွေရဲ့ လ ဖြစ်နေလို့ပါပဲ။ အဲဒီလကတော့ “ဇွန်” လပါ။ ကဲ … ဇွန်လကို ရောက်ရင် ကိုယ်ချစ်တဲ့သူကို နှင်းဆီပန်း ပေးဖို့ မမေ့ကြနဲ့နော်။
ကိုယ်ဟာ မင်းကြောင့် ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတယ်။ အချစ်ပျောက်ပြယ်သွားမယ့်အကြောင်းကို တွေးကြောက်နေပါတယ်။ ခင်မင်မှုနဲ့ မိတ်ဆွေတွေဖြစ်ချင်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ကို မိမိရဲ့ ကိုယ်စား နှင်းဆီပွင့်လေးတွေက ဖော်ပြပေးနေပါတယ်။ အ၀ါရောင်နှင်းဆီ ၁ပွင့်နှင့်အတူ အနီရောင်နှင်းဆီ ၁၁ပွင့် ပေးခြင်းဟာ အလွန်ကို ချစ်ပါတယ်။ အလွန်ကို မုန်းတီးပါတယ်။ အလွန်ကို ဒေါသဖြစ်နေပါတယ် ဆိုတဲ့ အဓိပ္ပါယ်တွေကို ပြောပြပေးပါတယ်တဲ့။
အဲဒီလိုပါပဲ နှင်းဆီပွင့်မဟုတ်တဲ့ နှင်းဆီဖူးလေးတွေဟာလည်း အငုံအဖူးလေးတို့ရဲ့ ပင်ကိုယ်သဘာဝအတိုင်း လှပမှု၊ ငယ်ရွယ်နုပျိုမှုတွေနဲ့ လိုက်ဖက်တဲ့ အပြစ်ကင်းစင်တဲ့ နှလုံးသားထဲကလာတဲ့ အချစ်စစ်စစ်ပါလို့ အဓိပ္ပါယ် ဆောင်ပြန်သတဲ့။
ဒါတင်မကသေးပါဘူး။ နှင်းဆီရဲ့အရောင်လေးတွေကို လိုက်ပြီး အမျိုးမျိုးအဓိပ္ပါယ် ဖွင့်ဆိုကြပါသေးတယ်။ “တို့တွေရဲ့ စိတ်ဆိုးစရာ၊ သဘောထားကွဲတာတွေကို မေ့လိုက်ပါ …”၊ “တောင်းပန်ပါတယ် …” စတာတွေပေါ့လေ။

တကယ်လို့ ကိုယ်က ချစ်ခွင့်ပန်ထားသူက “ပန်းနုရောင်” နှင်းဆီလေး ပြန်ပေးခဲ့မယ်ဆိုရင်တော့ တစ်ဝက်တော့ ပျော်လို့ရပါပြီ။ ချစ်တော့ ချစ်ချင်ပါပြီပေါ့။ ဒါပေမယ့် နည်းနည်းတော့ စဉ်းစားပါရစေဦးပေါ့။

“နှင်းဆီဝါလေး” တွေရဲ့ အဓိပ္ပါယ်ကတော့ သစ္စာမပျက်ဘဲ မြဲခိုင်စွာ ချစ်ကြမယ်၊ ဘ၀ကို တူတူ လျှောက်လှမ်းကြမယ်လို့ ဆိုလိုပါတယ်။ ခင်မင်သူတွေ ကြားမှာတော့ နှင်းဆီဝါလေးဟာ “ခုလို ခင်မင်ခွင့်ရတာ ၀မ်းသာပါတယ်၊ ပျော်ရွှင်ပါတယ်” ဆိုတဲ့ အဓိပ္ပါယ်ကို ဆိုလိုပါသတဲ့။
နှင်းဆီ ၁ ပွင့် ကတော့ သက်လုံးပုံ၍ ချစ်ခြင်း၊ အချစ်တွင်းနဲ့ ရင်တွင်းက ချစ်တာပါလို့ ပြောပါတယ်။
No comments:
Post a Comment