၅။ ပိုပြီးမွှေးလိုတဲ့ ဟင်းလျာတွေအတွက်
ပျဉ်းတော်သိမ်ရွက်လို၊ ကရဝေးရွက်လို ဟင်းခတ်အမွှေးအကြိုင်တွေကို ဟင်းလျာထဲ ထည့်ချက်တဲ့အခါ မွှေးရနံ့တလှိုင်လှိုင်ထွက်ရှိစေဖို့ ဟင်းအိုးထဲကို အရွက်လိုက် မခတ်ဘဲ လက်ထဲမှာ ကြေမွအောင်ချေပြီးမှ အိုးထဲထည့်လိုက်ပါ။
၆။ ကော်ဖီတစ်ပေါင်မှာ
ကော်ဖီဖျော်သူတွေ ချိန်ဆတတ်စေဖို့ ကော်ဖီမှုန့်တစ်ပေါင်ကနေ ကော်ဖီခွက်ပေါင်း ၄၀ မှ ၅၀ အထိ ထွက်ပါသတဲ့။
၇။ အချိုရှောင်တဲ့ ချောကလက် ကြိုက်သူတွေအတွက်
ချောကလက်ကို အချိုအရသာ လုံးဝမရှိစေချင်ဘူးဆိုရင် ချောကလက်တစ်အောင်စထဲကို ကိုကိုးမှုန့် (Cocoa) စားပွဲတင်ဇွန်းသုံးဇွန်းနဲ့ ဆီ စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပြီး မီးဖုတ်ပေးပါ။ အချိုဓာတ်ကင်းတဲ့ ချောကလက်ကို ရရှိပါလိမ့်မယ်။
၈။ ကိုယ်တိုင်လုပ်တဲ့ ဗီနီဂါရည်
ဗီနီဂါရည်ကို သဘာဝနည်းအတိုင်း ကိုယ်တိုင်ပဲ ဖန်တီးချင်တယ်ဆိုရင် သစ်သီးတွေကို အိုးတစ်လုံးထဲမှာ အပြည့်ထည့်ပါ။ ရက်အနည်းငယ် အဖုံးအုပ်ထားပြီးတဲ့အခါမှာတော့ သဘာဝအရသာအတိုင်း လက်ဖြစ်ဗီနီဂါရည်ကို ရရှိပါလိမ့်မယ်။
Tuesday, September 18, 2007
မှတ်သားမိသမျှ အထွေထွေဗဟုသုတ (၂)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment