ချစ်သူငယ်ချင်း "ဆေးဗား" ရဲ့ ကဗျာတစ်ပုဒ်ပါ။ ကောင်းကင်ကြိုက်လို့ အတင်းတောင်းယူထားတာပါ။ ဖတ်ကြည့်ပြီး အားပေးကြပါအုံးလို့ ... ချစ်သူငယ်ချင်းလေးရေ ... ဒီကဗျာလေးကို ကောင်းကင်ကို အမှတ်တရလက်ဆောင်အဖြစ်ပေးလို့ ကျေးဇူး အထူးအထူးပါနော် ... :P
ယုံကြည်ချင်ပါတယ်
မင်းပြောတတ်တဲ့ စကားလှလှတွေကို ...
ကြည်ဖြူချင်ပါတယ်
မင်းပေးမယ့် အချစ်နွေးနွေးတွေကို ...
ခံယူချင်ပါတယ်
မင်းဆီက အနမ်းချိုချိုတွေကို ...
ဒါပေမယ့် မင်း မတတ်နိုင်ပါဘူး ...
ငါ့အသည်းက ကျောက်ခဲလို အေးစက် မာကျော နေတာကို....
"........................................."
ခုနေများဖန်ဆင်းရှင်နဲ့ တွေ့မယ်ဆိုရင်
တစ်ခုတည်း တောင်းဆိုချင်ပါတယ်
"ငါ့နှလုံးသားကိုဖယောင်းနဲ့သာပြောင်းလဲဖန်ဆင်းပေးပါ" လို့ ...
အဲဒါမှ...
မင်းပေးတဲ့ အချစ်မီးက
ငါ့အသည်းနှလုံးကို ပူနွေး လောင်မြိုက်စေနိုင်မှာ...
ငွေအဆင်း
Saturday, September 22, 2007
ဖန်ဆင်းပေးပါ
Posted by
Kaung Kin Pyar
at
6:30 PM
Labels: သူငယ်ချင်းများထံမှ အမှတ်တရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment