Friday, August 31, 2007

Why we put wedding ring on the fourth figner?

Why wedding ring should put on the fourth finger???

Pls follow the below step, really God make this a miracle.

Firstly, show your palm, centre finger bend and put together back to back.
Secondly, the rest 4 fingers tips to tips.

(Games begin, follow the below arrangement, 5 finger but only 1 pair can split).


Try to open your thumb, the thumb represent parents, it can be open cz all human does go thru sick and dead. Which is our parents will leave us one day.

Pls close up your thumb, then open your second finger, the finger represent brothers and sisters, they do have their own family which is too they will leave us too.

Now close up your second finger, open up your litter finer, this represent your children. Sooner or later they too will leave us for they got they own living to live.

Nevertheless, close up your little finer, try to open your further finger which we put our wedding ring, you will be surprise to find that it cannot be open at all. Because it represent husband and wife, this whole life you will be attach to each other.
Real love will stick together ever and forever.

Thumb represents parents
Second finger represents brothers & sisters
Centre finger represents own self
Fourth finger represents your partner
Last finger represents your children

Read More...

------------------------

Thursday, August 30, 2007

သစ်စေ့လေး နှစ်စေ့

သာယာလှပသော နွေဦးပေါက်ရာသီဖြစ်သည်။

မြေဆီသြဇာပြည့်ဝသည့် ခြံဝင်းကြီးတစ်ခုထဲမှာ သစ်စေ့လေးနှစ်စေ့ ဘေးချင်းယှဉ်၍ တည်ရှိနေကြသည်။

ပထမသစ်စေ့က စတင်ပြီး စကားဆိုတာက …

“ငါ အပင်ဖြစ်ချင်တယ်၊ ကြီးထွားချင်တယ်၊ ငါ့အမြစ်တွေ အောက်ဘက်မြေကြီးထဲ နက်နက်ရှိုင်းရှိုင်း တွန်းပို့ချင်တယ်၊ ငါ့ အစို့အညှောင့်တွေ အထက်မြေလွှာကို ဖောက်ထွင်းပြီး အပြင်ဘက် ထွက်ချင်တယ်၊ နူးညံ့တဲ့ အဖူးကလေးတွေက ပွင့်အာလာတဲ့ အချပ်အလွှာလေးတွေနဲ့ အောင်လံထူပြီး နွေဦးကို ကြိုဆိုချင်တယ်၊ ငါ့မျက်နှာပေါ် နွေးထွေးတဲ့ နေရောင်ခြည်ကျရောက်တာ ငါ ခံယူချင်တယ်၊ အေးမြတဲ့ နံနက်ခင်းနှင်းပွင့်လေးတွေက ငါ့ ပွင့်လွှာချပ်လေးတွေပေါ် ဖျန်းပက်တာလဲ ငါ ခံစားချင်တယ်”
လို့ဆိုတယ်။ အဲလိုနဲ့ပဲ သူဟာ တဖြည်းဖြည်းနဲ့ ကြီးထွားရှင်သန်သွားခဲ့တယ်။

ဒုတိယသစ်စေ့ကတော့ …

“အပင်ပေါက်ရမှာ ငါ ကြောက်တယ်၊ အမြစ်တွေကို မြေကြီးထဲ ထိုးထည့်တော့ အမှောင်ထဲမှာ ဘာတွေနဲ့ ရင်ဆိုင်ရမှန်း ငါ မသိဘူး၊ အပေါ်က မာကျောနေတဲ့မြေကို ဖောက်ထွက်တော့လည်း ငါ့ရဲ့ အစို့အညှောင့်လေးတွေ ပဲ့ရွဲ့သွားမှာ၊ ပျက်စီးသွားမှာ ငါ စိုးရိမ်တယ်၊ ငါ့ရဲ့ အဖူးအငုံလေးတွေ ပွင့်အာစမှာ အကောင်တွေက စားသွားရင်ကော၊ ပန်းလေးတွေ ပွင့်အာလာမှ ကလေးငယ်တွေက ခူးယူသွားရင်ကော ဘယ်လိုလုပ်မလဲ၊ ဒါကြောင့် မဖြစ်ဘူး၊ စိတ်ချရတဲ့ အချိန်အတိုင်းအတာတစ်ခုထိတော့ ငါ စောင့်မှဖြစ်မယ်”
ဟု ဆိုသည်။ ဒါကြောင့် သူက အချိန်ကောင်းကို စောင့်နေခဲ့သည်။

ဒါပေမယ့် တစ်နေ့မှာတော့ ခြံဝင်းထဲမှာ အစာရှာဖွေတဲ့ ကြက်မတစ်ကောင်က အစာရှာဖို့အတွက် ဟိုဟိုသည်သည် ယက်ရင်း နောက်ဆုံးမှာ သစ်စေ့လေးကို တွေ့သွားတယ်။ အဲဒီမှာတင် အဲဒီကြက်မက စိတ်ချရတဲ့အချိန်ကို စောင့်နေတဲ့သစ်စေ့လေးကို ဆတ်ခနဲ ကောက်စားပစ်လိုက်တော့တယ်။


ဒီပို့စ်လေးကို ဖတ်ပြီး ကောင်းကင်တို့အားလုံးလည်း ပထမသစ်စေ့လေးကို အတုယူပြီး လောကအလယ်မှာ သတ္တိရှိရှိရပ်တည်နိုင်အောင် ကြိုးစားရမယ်။ လောကရဲ့ လေပြည် မုန်တိုင်း၊ ကောင်းကျိုးဆိုးကျိုး အားလုံးကို လက်ခံနိုင်ရမယ်။ လုပ်သင့်လုပ်ထိုက်တယ်ဆိုရင် ဖြစ်လာမယ့် အခက်အခဲတွေကို တွေးမကြောက်ဘဲ ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်ဖြတ်ကျော်နိုင်ကြရမယ်။ အဲဒါမှ ဒုတိယသစ်စေ့လေးလိုမျိုး ဘာမှမလုပ်လိုက်ရဘဲ ဘ၀ကို အဓိပ္ပါယ်မရှိ ဖြတ်သန်းလိုက်ရတာမျိုး၊ အချိန်လွန်မှ နောင်တရရတာမျိုးတွေက ကင်းဝေးနိုင်မှာဖြစ်ပါတယ်။

Read More...

------------------------

How do you survive in this situation?

ဒီနေ့တော့ ကောင်းကင်ရဲ့ သူငယ်ချင်းတွေလည်း မပျင်းရအောင် ကောင်းကင်က ဥာဏ်စမ်းလေးတစ်ခုကို တင်ဖို့ ရွေးချယ်လိုက်ပါတယ် ...

ချစ်ရသောသူငယ်ချင်းများက ကောင်းကင်ကို အဖြေလေးတွေ ပြောပြပေးပါလို့ တောင်းဆိုလိုက်ပါတယ် ... လာမယ့် တနင်္လာနေ့မှာ ကောင်းကင်က မေးခွန်းလေးရဲ့ အဖြေကို ပြောပြမှာပါ ...

အဖြေသိပြီးသားဖြစ်တဲ့ သူငယ်ချင်းများကလည်း ကောင်းကင်ကို ကူညီတဲ့အနေနဲ့ အဖြေကို မပြောပြပေးဖို့ တောင်းဆိုလိုက်ရပါတယ် ...

ကဲ ... စဉ်းစားကြည့်လိုက်ပါအုံးနော် ...

Read More...

------------------------

Wednesday, August 29, 2007

သက်တန့်ရောင်စဉ်


ဟိုးအရင်တုန်းကပေါ့ … ကမ္ဘာကြီးပေါ်မှာ ရှိတဲ့အရာင်တွေဟာ ဘယ်သူက အရေးကြီးဆုံးအရောင်ဖြစ်တယ်၊ ဘယ်သူက အသုံးဝင်ဆုံးအရောင်ဖြစ်တယ်၊ ဘယ်အရောင်ကိုတော့ လူတွေက ပိုပြီး နှစ်သက်ကြတယ်စသည်ဖြင့် အငြင်းအခုံဖြစ်ကြတယ်။

စစချင်း အစိမ်းရောင်က …

"ဘာမှ ပြောနေစရာကို မလိုဘူး၊ ကမ္ဘာပေါ်မှာ အစိမ်းရောင်က အရေးကြီးဆုံးဆိုတာ ရှင်းနေတာပဲ၊ ဒါကြောင့် ကြည့်ပါလား … မြက်တွေ၊ သစ်ပင်တွေ၊ သစ်ရွက်တွေကို အစိမ်းရောင်ပဲ ရွေးတာပေါ့၊ တကယ်လို့သာ ငါ မရှိဘူးဆိုရင် သက်ရှိသတ္တ၀ါတွေ အားလုံးသေကုန်ကြမှာ။ ကြည့်ကြည့်ပါလား … ပတ်ဝန်းကျင်တစ်ခုလုံးမှာ အများစုက ငါ့အရောင်ဖြစ်တယ်ဆိုတာ မင်းတို့အားလုံး မြင်ကြတယ်မဟုတ်လား …"

အဲဒီမှာတင် အပြာရောင်က ကြားဖြတ်ပြီး

"မင်းက ကမ္ဘာမြေကြီးတစ်ခုထဲကို ကြည့်တာကိုး … ဒါပေမယ့် ကောင်းကင်နဲ့ ပင်လယ်ကို မင်းစဉ်းစားကြည့်လိုက်စမ်းပါ … ရေဆိုတာ ဘ၀ရဲ့ အခြေခံလိုအပ်ချက်အရာပဲ၊ နောက်ပြီး ကောင်းကင်က ငြိမ်းချမ်းမှုတွေ၊ အေးချမ်းမှုတွေကိုလည်း ပေးတယ်၊ တကယ်လို့သာ ငါမရှိဘူးဆိုရင် မင်းတို့အားလုံး ဘာမှဖြစ်လာစရာအကြောင်းမရှိဘူးလေ …"


အ၀ါရောင်က ဖြည်းညင်းစွာ ရယ်မောပြီး …

"မင်းတို့တွေက တော်တော်ကို ဆိုးဝါးနေကြတာပဲ၊ ငါကသာ ရယ်မောခြင်းတွေ၊ ပျော်ရွှင်ခြင်းတွေ၊ နွေးထွေးခြင်းတွေကို လောကကြီးဆီကို သယ်ဆောင်လာပေးတာပါ။ နေမင်းကြီးကလည်း အ၀ါရောင်၊ လမင်းကြီးကလည်း အ၀ါရောင်၊ ကြယ်တွေကလည်း အ၀ါရောင်ပဲ။ နေကြာပန်းကို ကြည့်လိုက်တဲ့အခါတိုင်း တစ်လောကလုံးက စတင်ပြီး ပြုံးပျော်ရွှင်လာတယ်။ တကယ်လို့သာ ငါမရှိဘူးဆိုရင် ပျော်ရွှင်မှုဆိုတာ ရှိလာမှာမဟုတ်ဘူး။"

အဲဒီအခါမှာ လိမ္မော်ရောင်က ကျယ်လောင်စွာ စတင်ရယ်မောပြီး …

"ကျန်းမာခြင်းနဲ့ အင်အားကြီးခြင်းအရောင်က ငါပါ။ ငါက ရှားပါတယ်၊ ဒါပေမယ့် ငါက လူ့ဘ၀အတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလို့ အလွန်တန်ဖိုးကြီးမားတယ်။ ငါက လူသားတွေအတွက် လိုအပ်တဲ့ ဗိုက်တာမင်တွေကို သယ်ဆောင်ပေးတယ်။ မုန်လာဥနီတွေ၊ ရွှေဖရုံသီးတွေ၊ လိမ္မော်သီးတွေ၊ သရက်သီးတွေ၊ သင်္ဘောပင်တွေကို တွေးကြည့်စမ်းပါ။ ငါက အမြဲတမ်းတော့ လောကကြီးကို မထိန်းသိမ်းထားပါဘူး၊ ဒါပေမယ့် ကောင်းကင်ကြီးမှာ နေထွက်ချိန်၊ နေ၀င်ချိန်တွေမှာ ငါ့အရောင်နဲ့ ဖြည့်ဆည်းလိုက်တဲ့အခါ ငါ့ရဲ့အလှဟာ မင်းတို့တစ်ယောက်မှ အတွေးထဲမှာတောင် မပေးနိုင်တဲ့ တောက်ပခြင်းမျိုးနဲ့ တောက်ပနေတယ်။"


အဲဒီမှာတင် အနီရောင်က ဘယ်လိုမှ သည်းမခံနိုင်တော့ဘဲ ကျယ်လောင်စွာဖြင့် အော်ပြောတော့သည် …

"ငါဟာ မင်းတို့အားလုံးရဲ့ စံပြပါ။ ငါက သွေးပါ။ ဘ၀ဆိုတာ သွေးပဲ။ ရဲရင့်ခြင်းနဲ့ အန္တရာယ်ကိုပြတဲ့အရောင်ဟာ ငါ့အရောင်ပဲ။ အားမာန်တွေကို ငါကပဲ ယူဆောင်ပေးခဲ့တာ။ ငါသာမရှိဘူးဆိုရင် ကမ္ဘာကြီးက လမိုက်ညလိုပဲဖြစ်နေမှာ။ စိတ်လှုပ်ရှားမှု၊ အချစ်၊ နှင်းဆီနီ … အဲဒါတွေဟာ ငါ့ရဲ့ အရောင်တွေပဲ။"


အဲဒီမှာတင် မရမ်းရောင်က ချောင်းတစ်ချက်ဟန့်လိုက်ရင်း လူတတ်ကြီးအသံနဲ့ …

"မင်းတို့ ဘာမှပြောမနေပါနဲ့၊ ငါကသာ တော်ဝင်အရောင်၊ အင်အားကြီးတဲ့အရောင်ပါ။ ဘုရင်တွေ၊ အရာရှိတွေ၊ ဂိုဏ်းအုပ်တွေက ငါ့အရောင်ကိုပဲ ရွေးကျတယ်။ အာဏာနဲ့ ပညာရှိအရောင်ဟာ ငါ့အရောင်ပဲ။ ဘယ်သူကမှ ငါ့ကို ဘာမေးခွန်းမှ မမေးဘူး။ အားလုံးက နားထောင်ပြီး လိုက်နာကျတယ်။"


မဲနယ်ရောင်ကတော့ သေချာတဲ့သန္နိဋ္ဌာန်နှင့်အတူ ညင်သောသော အသံနဲ့ …
"ငါ့ကို စဉ်းစားကြည့်ကြစမ်းပါ။ ငါဟာ တိတ်ဆိတ်ခြင်းရဲ့ အရောင်ပဲ။ မင်းတို့ ငါ့ကို သတိပြုဖို့ခက်လိမ့်မယ်။ ဒါပေမယ့် ငါမရှိဘူးဆိုရင် မင်းတို့အားလုံး အဓိပ္ပါယ်မရှိတော့ဘူး။ ငါက တွေးခေါ်ခြင်း၊ တုံ့ပြန်ခြင်း၊ ဆည်းဆာအရောင်တို့ကို ကိုယ်စားပြုတယ်။ မင်းတို့ဟာ ငါ့ကို မျှတမှု၊ နှိုင်းယှဉ်မှု၊ နောက်ပြီး ဆုတောင်းဖို့နဲ့ ငြိမ်းချမ်းမှု… စတာတွေအတွက် ငါ့ကို လိုအပ်တယ်။"


နောက်ဆုံးမှာတော့ သူတို့ဟာ ဘယ်သူက အရေးကြီးဆုံး၊ ဘယ်သူက အရေးပါဆုံးဆိုတာတွေကို ပြောရင်းပြောရင်း ရန်ပွဲက တဖြည်းဖြည်းနဲ့ ကြီးမားလာတယ်။ အသံတွေကလည်း တဖြည်းဖြည်းနဲ့ ကျယ်လာတာပေါ့။ အဲဒီအချိန်မှာပဲ ရုတ်တရက်ဆိုသလို လျှပ်စီးတွေလက်လာပြီး မိုးတွေက ခြိမ်းလာတော့တယ်။ မိုးဖွားလေးတွေကလည်း တဖြည်းဖြည်းကျလာတာပေါ့။ အရောင်လေးတွေကလည်း ကြောက်ရွံ့ပြီး ၀ပ်နေကြတာပေါ့။ နောက်ပြီး တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြပြီး ကာကွယ်ကြတာပေါ့။

အဲဒီအချိန်မှာဘဲ သူတို့ကြားမှာ ကြီးမားတဲ့အသံတစ်ခုပေါ်လာပြီး ဘုရားသခင်က စကား စတင်ပြောလိုက်သည်။

“သြော် … မင်းတို့လေးတွေက တစ်ယောက်နဲ့တစ်ယောက် ဘာမဟုတ်တာလေးတွေနဲ့ အချင်းများနေကြတယ် … တစ်ယောက်ကို တစ်ယောက် လွှမ်းမိုးဖို့ ကြိုးစားနေကြတယ်။ မင်းတို့မသိကြဘူးမဟုတ်လား … တကယ်တော့ မင်းတို့ဟာ ရည်ရွယ်ချက်ကောင်းတွေ၊ တူညီတဲ့စိတ်ထားတွေနဲ့ အကျိုးပြုနေကြတာ မဟုတ်လား … တစ်ယောက်လက်ကို တစ်ယောက်ကိုင်ပြီး ငါ့ဆီကို လာခဲ့ကြပါအုံး”

အရောင်လေးတွေဟာ တစ်ယောက်လက်ကို တစ်ယောက်ဆွဲပြီး ပေါင်းစည်းလိုက်ကြသည်။

ထို့နောက် ဘုရားသခင်က ဆက်ပြီး

“ကဲ … ခုချိန်ကစပြီး၊ မိုးရွာတဲ့အခါ မင်းတို့ဟာ မင်းတို့အချင်းချင်း ချစ်ခင်ငြိမ်းချမ်းစွာနေထိုင်ဖို့ကို သတိပေးတဲ့အနေနဲ့ ကောင်းကင်ကြီးမှာ ကြီးမားတဲ့ လေးတစ်ခုလို ဖြန့်ကျက်လိုက်ကြပါ။ အဲဒီ သက်တန့်ကြီးဟာ မနက်ဖြန်တွေရဲ့ မျှော်လင့်ချက်သင်္ကေတဖြစ်တယ်။”

ဒါကြောင့် ကမ္ဘာမြေကြီးကို မိုးရွာကာ သန့်စင်ပြီးတဲ့အခါတိုင်း တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်မြတ်နိုးပြီး တစ်ယောက်ရှိနေတာကို တစ်ယောက်က အသိအမှတ်ပြုဖို့ကို အမြဲသတိရစေဖို့ ကောင်းကင်ပေါ်မှာ သက်တန့်က ပေါ်လာခြင်းဖြစ်သည်။

Read More...

------------------------

ကျောက်ဆစ်သမား

တစ်ခါတုန်းက ကျောက်ဆစ်သမားတစ်ယောက်ရှိသည်။ သူက သူ့လက်ရှိဘ၀ကို မကျေနပ်ဘူး။

တစ်နေ့မှာ သူဟာ ချမ်းသာကြွယ်ဝတဲ့ ကုန်သည်သူဋ္ဌေးကြီးတစ်ဦးရဲ့ အိမ်ရှေ့က သူ ဖြတ်လျှောက်မိသည်။ ဂိတ်တံခါးကြီးက ပွင့်နေတော့ သူဋ္ဌေးကြီးရဲ့ အိမ်ထဲကို လှမ်းမြင်နေရတယ်။ သူဋ္ဌေးကြီးပိုင်ဆိုင်တဲ့ အဖိုးတန်အသုံးအဆောင်ပစ္စည်းတွေရော၊ သူ့ဆီကို လာကြတဲ့ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကိုရောပေါ့။

“အင်း … သူတို့ကျတော့လည်း သြဇာတိက္ကမတော်တော်ကြီးပေမှာပဲ”
ဟု ကျောက်ဆစ်သမားက တွေးသည်။

သူ့စိတ်ထဲမှာလည်း ကုန်သည်သူဋ္ဌေးကြီးကို အရမ်းအားကျလာတယ်။ သူလည်း အဲလိုမျိုးဖြစ်ရင် ကောင်းမှာဘဲ၊ အဲဒါဆိုရင် အခုလို ဆင်းဆင်းရဲရဲနဲ့ သြဇာမရှိတဲ့ဘ၀နဲ့ နေရတော့မှာ မဟုတ်ဘူးလို့ တွေးမိတယ်။

ဒီလိုတွေးနေရင်းက ရုတ်တရက် အံ့သြစရာ။ သူက ချက်ချင်းလက်ငင်းဆိုသလို ကုန်သည်သူဋ္ဌေးကြီးဘ၀ ရောက်သွားတယ်။ စည်းစိမ်ချမ်းသာတွေ၊ သြဇာတိက္ကမတွေဆိုတာ အို … သူ မျှော်လင့်ထားတာထက်တောင် အများကြီးပိုသေးတယ်။ သူ့လောက် မချမ်းသာတဲ့သူတွေသာ သူ့ကို မြင်ရင် မနာလိုချင်စရာပေါ့။

ဒါပေမယ့် မကြာခင်ဘဲ သူ့အိမ်ရှေ့ကို စီးတော်ကုလားထိုင်မှာ အကျအနထိုင်နေတဲ့ အရာရှိကြီးတစ်ယောက်က ဖြတ်သွားတယ်။ အထမ်းသမားတွေ၊ နောက်လိုက်နောက်ပါတွေ၊ ကိုယ်ရံတော်တွေနဲ့ အကျအနပေါ့။ မောင်းတီးခတ်သူတွေကလည်း တီးခတ်လို့ပေါ့။ သူ ကြွချီလာပြီဆိုရင် လမ်းဘေးဝဲယာရှိသူ မှန်သမျှ ဆင်းရဲချမ်းသာမရွေး ဦးညွှတ်အရိုအသေ ပြုကြရတယ်။

အဲဒီမှာတင် ကုန်သည်သူဋ္ဌေးကြီးဖြစ်လာတဲ့ ကျောက်ဆစ်သမားက
“အင်း … အရာရှိကြီးတွေများ၊ တယ်လည်း တန်ခိုးကြီးပေတာပဲ၊ ငါသာ သူ့လို ထိပ်တန်းအရာရှိကြီးတစ်ယောက်ဖြစ်ရင် သိပ်ကောင်းမှာဘဲ”
လို့ တွေးပြန်တယ်။

အဲဒီမှာတင် သူ ထိပ်တန်းအရာရှိကြီး ဖြစ်သွားပြန်ရော။ လှပစွာ ခြယ်မှုန်းထားတဲ့ စီးတော်ကုလားထိုင်မှာ ထိုင်လို့၊ သွားလိုသမျှနေရာတွေကို အထမ်းသမားတွေက သယ်ပိုး ပို့ဆောင်လို့၊ ပတ်ဝန်းကျင်က သူတွေက သူ့ကို ဦးခိုက်အရိုအသေပြုလို့။

ဒါပေမယ့် စီးတော်ကုလားထိုင်က ရထားလုံးများလို ၀ိုင်းရံထားတော့ နွေရာသီဆိုရောက်လာတော့ အတွင်းမှာ လှောင်ပိတ်ပြီး တအားပူလာတာပေါ့။ ချွေးတပြိုက်ပြိုက်နဲ့ အရမ်းကို အိုက်စပ်နေတယ်။ အဲဒါနဲ့ စီးတော်ယာဉ်ထဲကနေ နေကို မော့ကြည့်လိုက်မိတယ်။ နေမင်းကြီးက ကောင်းကင်ထက်မှာ အရောင်အ၀ါ တောက်ပစွာဖြင့် ၀င့်ထည်နေတာပေါ့။ သူ့လို အရာရှိကြီးကိုလည်း ရှိနေသည်လို့တောင် စိုးစဉ်းမျှ အသိအမှတ်မပြုဘဲပေါ့။

“နေဟာ အင်မတန် တန်ခိုးကြီးပါကလား၊ ငါသာ နေမင်းကြီးဖြစ်လိုက်ရရင် …”
လို့ အရာရှိကြီးက တွေးပြန်တယ်။

အဲဒီမှာတင် သူက နေဖြစ်သွားပြန်တယ်။ အောက်က ရှိရှိသမျှသတ္တ၀ါတွေအပေါ် တောက်ပ ပူပြင်းလိုက်၊ လယ်ကွင်းပြင်တွေကို မီးလောင်အောင် အပူတိုက်ပြလိုက်၊ လယ်သမားတွေ၊ အလုပ်သမားတွေရဲ့ တောင်းပန်သံတွေကို ဥပေက္ခာပြုလို့ပေါ့။

အဲဒီအချိန်မှာဘဲ သူနဲ့ ကမ္ဘာမြေကြီးအကြားမှာ ဧရာမတိမ်တိုက်ကြီးတစ်ခု ဖြတ်ဝင်လာတယ်။ သူရဲ့ အရောင်အ၀ါတွေက အောက်ကို ဘယ်လိုမှ မကျရောက်နိုင်တော့ဘူး။

“မိုးသား တိမ်တိုက်တွေဟာ တော်တော်လည်း တန်ခိုးကြီးပါလား” ဟု တွေးပြန်သည်။ “ငါသာ မိုးတိမ်တိုက် ဖြစ်ရင် …” ဟု စိတ်ထဲမှာ ဆုတောင်းမိပြန်သည်။

ဒီတစ်ခါမှာလည်း သူက သူဆုတောင်းသလို တိမ်တိုက်ကြီးဖြစ်သွားပြန်တယ်။ လယ်ကွင်းပြင်တွေ၊ ကျေးရွာတွေအပေါ်ကို အုပ်မိုးလို့ပေါ့။

ဒါပေမယ့် မကြာမီမှာဘဲ သူ့ကို အင်မတန်ကြီးမားပြင်းထန်တဲ့ အင်အားတစ်ခုက တွန်းရွှေ့မောင်းနှင်တာ ခံရသည်။ သူ ကြည့်လိုက်တော့ “လေ” ဖြစ်နေတယ်။

“ဟာ … လေကမှ တကယ်အင်အားကြီးတာပါကလား၊ ငါ “လေ” ဖြစ်ချင်လိုက်တာ”
ဟု သူ တောင်းတလိုက်ပြန်သည်။

ဒီတော့ သူ “လေ” ဖြစ်သွားပြန်တယ်။ အရှိန်အဟုန်နဲ့ တိုက်ခတ်နေတဲ့ “လေပြင်း”။ အိမ်ခေါင်မိုး အုတ်ကြွပ်ပြားတွေကို တိုက်ချပစ်တယ်။ သစ်ပင်ကြီးတွေကို အမြစ်ပါမကျန် လန်အောင် လှဲချပစ်တယ်။ အောက်မှာရှိတဲ့ လူတွေ၊ သတ္တ၀ါတွေကလည်း ကြောက်လန့်တကြား အော်ဟစ်ပြေးလွှားလို့ပေါ့။

ဒါပေမယ့် သိပ်မကြာပါဘူး။ သူ ဘယ်လိုမှ တွန်းထုတ် ဖျက်ဆီးလို့မရတဲ့၊ သူ တွန်းထုတ်မှုကို တုတ်တုတ်မျှမလှုပ်တဲ့အရာတစ်ခုကို သွားတိုက်မိတယ်။ အဲဒါက မားမားစွင့်စွင့် မြင့်တဲ့ ကျောက်စိုင်ကျောက်တုံးကြီး။ သူ ဘယ်လောက်အားသုံးပြီး တိုက်တိုက် လုံးဝကို မဖြုံဘူး။

“ကျောက်စိုင်ကျောက်ခဲများဟာ တယ်လဲ တန်ခိုးစွမ်းအား ကြီးမားလှပါလား၊ ငါလည်း ကျောင်စိုင်ကျောက်ခဲ ဖြစ်ချင်လိုက်တာ …”

သူ အဲလို ဆုတောင်းလိုက်တဲ့အခါ ကမ္ဘာမြေပေါ်မှာ အင်အားကြီးမားတဲ့ ဧရာမကျောက်တုံးကြီးဖြစ်သွားတယ်။

ဒါပေမယ့် သူ မားမားစွင့်စွင့်ကြီး ရပ်နေဆဲမှာဘဲ အောက်ဘက်ဆီက တထောက်ထောက် အသံကြားရတယ်။ “ဟာ … ငါ့ကိုယ်ကြီးက ကျောက်စိုင်ကျောက်သားတွေကို တူတစ်လက် ဆောင့်တစ်လက်နဲ့ ထွင်းထုဖဲ့ရွဲ့နေပါကလား၊ ငါ့ခန္ဓာကိုယ်ကြီးက တဖြည်းဖြည်း ပုံစံပြောင်းလာသလိုပါပဲလား” ဟု သူခံစားမိလိုက်သည်။

အောက်ဘက်ကို သူ ငုံ့ကြည့်လိုက်တော့ သူ့ခြေရင်းနားမှာ မြင်လိုက်ရသည်က အခြားသူမဟုတ်၊ ကျောက်ဆစ်သမားတစ်ယောက်ပါကလား။


ဘယ်သူမဆို သူ့နေရာနဲ့သူ အရေးပါ ပါတယ်။ ခွန်အားကြီးသူကလည်း ကြီးတဲ့အလျောက် ခွန်အားနည်းသူကလည်း နည်းတဲ့အလျောက် အရေးပါကြပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အားနည်းတဲ့သူ ဖြစ်စေကာမူ စိတ်ဓာတ်မကျဘဲ ကိုယ့်ကိုကိုယ် ယုံကြည်ပြီး ဘ၀ကို ကြိုးစားဖြတ်သန်းကြရအောင်နော် ...

Read More...

------------------------

Tuesday, August 28, 2007

ရိုးသားဖြူစင်ခြင်း၏ အကျိုးကျေးဇူး

ပတ်ဝန်းကျင်တွင် မြူနှင်းများဖြင့် ဖုံးလွှမ်းနေသော နံနက်ခင်းတစ်ခုတွင် ဖြစ်သည်။

“စံပယ်ပန်းတွေ ရမယ်၊ စံပယ်ပန်းတွေ”

ကားတွေ၊ လူတွေရှုပ်ယှက်ခတ်နေသော လှည်းတန်းလမ်းဆုံ မီးပွိုင့်ကြီးတစ်ခုတွင် ဖြစ်သည်။

“ဟာ … မီးပွိုင့်နီသွားပြီ၊ စံပယ်ပန်းတွေ … စံပယ်ပန်းတွေ၊ အန်တီ စံပယ်ပန်းယူပါအုံးလား”

“မယူဘူး … မယူဘူး၊ သွားသွား … အလုပ်နောက်ကျနေလို့ စိတ်ညစ်နေရတဲ့ကြားထဲ”
ပြောပြောဆိုဆိုနှင့် ကားပိုင်ရှင်အန်တီကြီးက သူ့ကားမှန်ကို ချက်ချင်းပိတ်ပစ်လိုက်သည်။

“ဟာ … မီးပွိုင့်စိမ်းသွားပြီ၊ ဒီနေ့ဘယ်လိုဖြစ်နေလဲ မသိဘူး၊ ငါ့ စံပယ်ပန်းတွေ ရောင်းမကောင်းပါလား၊ အမေ့ဆေးဖိုးကို ဘယ်လိုလုပ်ရမလဲ၊ ညနေကျရင်လည်း ဆေးခန်းလိုက်ပို့ရအုံးမယ်၊ ဒုက္ခ္ခပါပဲ၊ အမေ့ဆေးဖိုးနဲ့ ဆေးခန်းပြခမှ ရပါ့မလား၊ ဟူး … စိတ်ညစ်လိုက်တာနော်၊ ဘယ်လိုလုပ်ရပါ့မလဲ”

ပလက်ဖောင်းအုတ်ခုံပေါ်တွင် ထိုင်ရင်း သူမတစ်ယောက်တည်း ညည်းနေမိသည်။ အလယ်တန်းကျောင်းသူဖြစ်သော သူမအတွက် ဘ၀ဆိုတာ တော်တော်ခက်ခဲလှသည်။ အမေနေကောင်းစဉ်က အမေက အကြော်ရောင်းတော့ ထမင်းနပ်မှန်အောင်စားရပြီး ကျောင်းအေးဆေးတက်နိုင်ခဲ့သော်လည်း ယခုအမေနေမကောင်းတော့ စားဝတ်နေရေးက သူမတာဝန်ဖြစ်လာခဲ့သည်။ ညီအစ်ကို မောင်နှမမရှိဘဲ အမေတစ်ခု၊ သမီးတစ်ခုဘ၀မို့ အစစအရာရာ သူမ တာဝန်ဖြစ်လာခြင်းဖြစ်သည်။ ထို့ကြောင့် ကျောင်းမသွားခင် ပန်းလေးရောင်းရင်း သူမ အမေ့ဆေးဖိုးကို အတတ်နိုင်ဆုံး ကြိုးစားရှာနေခြင်းဖြစ်သည်။ ဒီနေ့တော့ သူမကျောင်းစာအုပ်ဖိုးတွေ ပေးဖို့ကလည်း နောက်ဆုံးရက်ဖြစ်သောကြောင့် သူမ အနည်းငယ် စိတ်မောနေရသည်။

“ဟူး …”
သူမ သက်ပြင်းရှည်ကြီးချလိုက်မိသည်။

“ဟေ့ … ကလေးမ … ဟေ့ … ကလေးမ … ဦးလေးကို စံပယ်ပန်းတစ်ရာဖိုးလောက် ပေးကွာ၊ ဟေ့ … ကလေးမ”

“ရှင် … ဟုတ်ကဲ့၊ ရမယ် ဦးလေး၊ သမီးက မီးပွိုင့်နီသွားတာကို သတိမထားလိုက်မိလို့”

“ကလေးမက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဘာတွေများ ဒီလောက် တွေးနေတာလဲကွ”

“ရှင် … ဘာမှမတွေးပါဘူး ဦးလေး၊ ဒီမှာ ဦးလေးအတွက် စံပယ်ပန်းတစ်ရာဖိုး”

“အေး အေး၊ ရော့ တစ်ရာ”

ရုတ်တရက် သူမအံ့သြသွားသည်။ ဦးလေးကြီး သူမအား ပေးလိုက်သည်က ငါးဆယ်တန်တစ်ရွက်နှင့် တစ်ထောင်တန်အသေးတစ်ရွက် ဖြစ်နေသည်။ သူမတွေဝေသွားမိသည်။ ဒီတစ်ထောင်နဲ့ဆို သူမအမေအား ဆေးခန်းမပြနိုင်သည့်တိုင် ဆေးဖိုးလောက်တော့ ရနိုင်သည်။ ထို့ကြောင့် ထိုငွေကို ပြန်မပေးဘဲ သူမ ယူထားလိုက်ရမလား၊ ပြန်ပေးရမလား ဝေခွဲမရနိုင်ဖြစ်နေမိသည်။

“ရှုပ်တယ်ကွာ … ယူထားလိုက်တော့မယ်၊ ဒီတစ်ထောင်နဲ့ဆိုရင် အမေ့အတွက် မနက်စာရယ်၊ ဆေးဖိုးရယ်လောက်တော့ ရမှာပါ၊ အမေလည်း ခုချိန်ဆို ဆာနေလောက်တော့မယ်”
ဟု သူမဘာသာ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

လှည်းတန်းမီးပွိုင့်ဆိုတော့ အနည်းဆုံး ဆယ့်ငါးမိနစ်လောက်တော့ ကြာသည်။ ဟိုဦးလေးကြီးကတော့ မသိသလို နေနေသည်။

ရုတ်တရက် အမေပြောသောစကားကို နားထဲတွင် ပြန်ကြားယောင်လာမိသည်။

“သမီး … လိမ္မာတဲ့ကလေးဆိုတာ သူများ ဥစ္စာပစ္စည်းကို ဘယ်တော့မှ အလကားမယူရဘူး၊ မတရားလည်း ဘယ်တော့မှ မလိုချင်ရဘူး၊ ဘယ်လောက်ဆင်းရဲဆင်းရဲ စိတ်ထားနဲ့ ကိုယ်ကျင့်တရားကိုတော့ ဘယ်တော့မှ မဆင်းရဲစေနဲ့” တဲ့။

ဖျတ်ခနဲသတိဝင်လာပြီး ခုနက ပိုက်ဆံပိုပေးခဲ့သော ဦးလေးကြီး၏ကားဆီသို့ အပြေးအလွှား သွားလိုက်ပြီး
“ဦးလေး … ခုနက ဦးလေးပိုက်ဆံမှားပေးလိုက်လို့၊ သမီး သူများပစ္စည်းကို အလကားမလိုချင်ပါဘူး၊ သမီးကို ငါးဆယ်ပဲ ထပ်ပေးပါ ဦးလေး၊ ဒီမှာ ဦးလေးပေးလိုက်တဲ့ တစ်ထောင်တန်ပါ”
ဦးလေးကြီးအား ပြောလည်းပြော တစ်ထောင်တန်ကိုလည်း ပြန်ပေးလိုက်တော့သည်။

“သြော် … သမီးက တယ်လိမ္မာတာကိုး၊ ဒါနဲ့ ခုနကတော့ ချက်ချင်းပြန်မပေးဘဲ ခုမှ ပြန်ပေးတာလဲ”
ဦးလေးကြီးက သူမအား ပြုံးပြရင်း မေးလိုက်သည်။

“ဟို … အစကတော့ သမီးအမေရဲ့ဆေးဖိုးရတယ်ဆိုပြီး ယူထားလိုက်တော့မလို့ပါ၊ ဒါပေမယ့် အမေပြောထားတဲ့ လိမ္မာတဲ့ကလေးဆိုရင် သူများပစ္စည်းကို မတရားမယူရဘူးဆိုတဲ့ စကားလေးကို သတိရလိုက်လို့ပါ၊ ဒါကြောင့် သမီး ဒီပိုက်ဆံကို မတရားမယူချင်တော့ပါဘူး၊ ဦးလေးကို ဒါကြောင့် ပြန်လာပေးတာပါ၊ သမီးကို ခွင့်လွှတ်ပါနော်”

“အင်း သမီးရဲ့ အမှားကို သတ္တိရှိရှိ ၀န်ခံရဲတဲ့ စိတ်ဓာတ်ကိုတော့ ဦးလေးတကယ်ကို သဘောကျတယ်၊ ဦးလေးက အစကတည်းက မှားပေးလိုက်မှန်းသိတယ်၊ ဒါပေမယ့် ကလေးမ ဘယ်လောက်ရိုးသားတယ်ဆိုတာကို သိချင်လို့ စမ်းသပ်လိုက်တာ၊ ဦးလေးကို အဲတစ်ထောင်ကို ပြန်မပေးနဲ့တော့၊ ကလေးမ ယူထားလိုက်၊ ကလေးမရဲ့ ရိုးသားမှုကို ဦးလေးက ဆုချလိုက်တယ်လို့ သဘောထားပေါ့၊ ဒါပေမယ့် အကျိုးရှိရှိတော့ သုံးရမယ်နော်၊ ဦးလေးကို ကတိပေးနိုင်မလား၊ အကျိုးရှိရှိ သုံးပါ့မယ်လို့”

“ရှင် … ဟုတ်ကဲ့ ဦးလေး၊ သမီး ကတိပေးနိုင်ပါတယ်”
သူမ တက်ကြွစွာဖြင့် ဖြေလိုက်သည်။

“အေး အေး၊ ဒါဆို ကောင်းပါပြီကွယ်၊ ကဲ … မီးလည်းစိမ်းပြီဆိုတော့ ဦးလည်းသွားတော့မယ်၊ ကလေးမလည်း သွားတော့ သွားတော့ …”

သူမ ခေါင်းကိုသာ အခါခါ ညိမ့်ပြရင်း ပလက်ဖောင်းဘက်သို့ ပြေးလာလိုက်မိသည်။ သူမ ရင်ထဲတွင် ၀မ်းသာမှုက ဘာနဲ့မှ နှိုင်းလို့မရ။ ဘာပဲဖြစ်ဖြစ် သူမ၏ ရိုးသာမှုကြောင့် သူမ လိပ်ပြာလုံလုံဖြင့် အမေ့အတွက် လိုအပ်သော ဆေးတစ်ချို့ကို ၀ယ်နိုင်ပြီ။

နောက် သူမ ဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်မိသည်။

ဘ၀ကို ဘယ်လောက်ပဲဆင်းရဲဆင်းရဲ အခက်အခဲမှန်သမျှကို အမေပြောခဲ့သလို ကိုယ်ကျင့်သိက္ခာမဆင်းရဲဘဲ ရိုးသားဖြူစင်စွာဖြင့် လျှောက်လှမ်းသွားတော့မည် ဟု …

Read More...

------------------------

ပြတင်းပေါက်

တစ်ခါက ဆေးရုံကြီးတစ်ရုံရှိ လူနာခန်းကျဉ်းလေးတစ်ခုထဲမှာ လူနှစ်ယောက်ရှိကြသည်။ နှစ်ယောက်စလုံးပင် ရောဂါသည်းသော လူနာများဖြစ်သည်။ အခန်းလေးက ကျဉ်းပြီး အပြင်လောကကို ကြည့်စရာ ပြတင်းပေါက်တစ်ခုသာပါသည်။

လူနာနှစ်ယောက်အနက် တစ်ယောက်က နေ့လည်ပိုင်းတွင် သူ့အဆုတ်ထဲက ရေတွေကို ပိုက်နှင့် စုပ်ထုတ်ရသောကြောင့် တစ်နာရီခန့်ထိုင်ခွင့်ရသည်။ သူ့ခုတင်က ပြတင်းပေါက်အနီးတွင်ရှိသည်။ တစ်ဖက် ခုတင်ရှိ လူနာကတော့ တစ်ချိန်လုံးပက်လက်လှန်ကာ စန့်စန့်ကြီးလှဲနေရလေသည်။

နေ့လည်ခင်းတိုင်း ပြတင်းပေါက်အနီးရှိ လူနာက သူထိုင်ခွင့်ရသည့်အခါတိုင်း ပြတင်းပေါက်မှ မြင်ရသည့်အရာများအား သူ့ကို ဖောက်သည်ချလေ့ရှိသည်။ ပြတင်းပေါက်မှတဆင့် ပန်းခြံကြီးတစ်ခုအား တွေ့ရသည်ဟု သူက ပြောသည်။ ထိုပန်းခြံကြီးထဲ၌ ရေကန်တစ်ခုကို တွေ့ရသည်။ ထိုရေကန်ကြီးထဲ၌ ဘဲတွေ၊ ငန်းတွေ ရေကူးနေကြသည်။ ကလေးငယ်လေးများက သူတို့ကို ပေါင်မုန့်လေးများ ပစ်ကျွေးကြသည်။ တစ်ချို့ကလေးများက ရေကန်ထဲသို့ စက္ကူလှေလေးများ မျှောနေကြသည်။ ချစ်သူစုံတွဲများက သစ်ပင်ကြီးများအောက်တွင် လက်ချင်းတွဲကာ လျှောက်နေကြသည်။ ပန်းတွေက ဝေေ၀ဆာဆာ ပွင့်နေသည်။ လိပ်ပြာလေးများက ဟိုမှ ဒီမှ ခုန်ကူးနေကြသည်။ ဟိုးအဝေးကို မျှော်ကြည့်လိုက်လျှင်မူ ထိုးထွက်နေသော တိုက်တာ အဆောက်အအုံများကို လှမ်းမြင်နေရသည်။ ထို့နောက် ပြာလဲ့နေသော မိုးကောင်းကင်။

ပက်လက်လှဲနေသောလူနာသည် တစ်ဖက်လူနာ ခရေစေ့တွင်းကျပြောနေသော စကားများကို အရသာတွေ့လျက်ရှိသည်။ ကလေးတစ်ယောက် ချော်လဲသွားတာ၊ ရောင်စုံကောင်မလေးတွေ အရမ်းကို လှပနေသည့်အကြောင်းများကို သူ့မျက်စိထဲတွင် အသေးစိပ်မြင်တွေ့ရသည်။

တစ်နေ့မှာတော့ သူ့ခေါင်းထဲသို့ အတွေးတစ်ခု ၀င်ရောက်လာခဲ့သည်။ သူကိုယ်တိုင် ထိုမြင်ကွင်းများကို ကြည့်ချင်သောစိတ်ဖြစ်သည်။ တစ်ဖက်လူက ရှုခင်းများကို သေချာစွာ သိမြင်ခွင့်ရသည်။ သူကိုယ်တိုင်ကတော့ ပြောပြနေသည်ကိုသာ နားထောင်နေရသောကြောင့် အားမရနိုင်ဖြစ်မိသည်။ သူ့ကိုယ် ဘာကြောင့် ထိုနေရာမှာ မထားပေးသလဲ ဟု အနည်းငယ် မကျေမနပ်ဖြစ်မိသည်။ ထို့ကြောင့် ဘယ်လိုနည်းနဲ့မဆို ထိုသူနှင့် နေရာချင်းလဲမှ ဖြစ်မည်ဆိုတာမျိုးထိ သူ တွေးမိသည်။

တစ်ခုသောညမှာတော့ သူ ဟိုတွေးဒီတွေးဖြင့် မအိပ်နိုင်ဖြစ်နေစဉ် တစ်ဖက်ခုတင်မှ လူနာက ရုတ်တရက်နိုးလာကာ ချောင်းဆိုးသည်။ ချောင်းဆိုးရင်း သီးလာသည်။ သူနာပြုဆရာမအား အရေးပေါ်ခေါ်ရန် အရေးပေါ်ခလုတ်အား စမ်းတ၀ါးဝါးဖြင့်ရှာနေသည်။

သို့သော် သူကတော့ မလှုပ်ရှားဘဲ မသိချင်ယောင်ဆောင်ကာ နေလိုက်သည်။ ခဏကြာတော့ တစ်ဖက်ခုတင်မှ အသံက ငြိမ်ကျသွားသည်။

နောက်တစ်နေ့မနက်ခင်းတွင် သူနာပြုဆရာမက တစ်ဖက်ခုတင်မှ လူနာသေဆုံးကြောင်းတွေ့ရှိကာ အလောင်းကို တိတ်ဆိတ်စွာပင် သယ်ယူသွားသည်။

ဣနြေ္ဒမပျက်လောက်ဘူး ဟု သူထင်သောအချိန်တွင် သူနာပြုဆရာမအား ပြတင်းပေါက်ရှိသော တစ်ဖက်လူနာ၏ ခုတင်ဘက်သို့ ပြောင်းပေးရန် သူပြောလိုက်သည်။ သူနာပြုဆရာမကလည်း သူ့သဘောအတိုင်းပင် တစ်ဖက်သို့ ပြောင်းပေးသည်။

ပြောင်းရွှေ့ပြီး သူနာပြုဆရာမနှင့် အလုပ်သမားများ ထွက်သွားသည်နှင့်တစ်ပြိုင်နက် တံတောင်တစ်ဖက်ကို အားယူကာ ကြိုးစားထသည်။ နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံစားရင်း သူ့ကိုယ်သူ ကြိုးစားထူမကာ ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်သည်။ သူ အံ့သြမင်သက်သွားကာ ရုတ်တရက် ရင်ဘက်တစ်ချက်အောင့်ပြီး ငြိမ်ကျသွားသည်။

သူ မြင်လိုက်ရသည်က တစ်ဖက်လူနာပြောခဲ့သလို သာယာသော ရှုခင်းများမဟုတ်။

အဖြူရောင် တံတိုင်းကြီးတစ်ခုသာ။

Read More...

------------------------

Monday, August 27, 2007

သော့ပိုလေးတစ်ချောင်း

“စကားလုံး တစ်ထောင်ထက်
ဆောင်ရွက်မှု တစ်ခုက
ပို၍ အရာထင်သည်”

ကြားဖူးခဲ့တဲ့ စကားလေးတစ်ခွန်းပါ။ ဘယ်သူပြောခဲ့တာလည်း ဆိုတာတော့ မမှတ်မိတော့ဘူး။ ပြောတုန်းကတော့ သူက ပုံပြင်လေးတစ်ခုနဲ့အတူ ကောင်းကင်ကို ပြောပြခဲ့တာပါ။ ခု ကောင်းကင်က အခြားသူတွေကို ပြန်ပြီး ပြောပြလိုက်ပါတယ်။

သူမငယ်စဉ်တုန်းက ကျောင်းသွားပြီး အိမ်ပြန်ရောက်တဲ့အခါတိုင်း တစ်နေ့တာ ကြုံတွေ့လာခဲ့ရသမျှကို အိမ်မှာပြန်ပြီး ပြောပြလေ့ရှိတတ်ပါတယ်။ သူမ ထိုသို့အားရပါးရ ပြောပြသည့်အခါတိုင်း သူမ၏ဖခင်က လုပ်လက်စ အလုပ်များကို ချပြီး သူမ ပြောသည်များကို ဂရုတစိုက် လာရောက်နားထောင်လေ့ရှိပါတယ်။

အဖေနဲ့ သူမကြားမှာ မပြောဖြစ်တဲ့စကားဆိုတာ မရှိသလောက်ပါဘဲ။ သူမ အသက် (၁၃) နှစ်၊ (၁၄) နှစ်လောက်က ထင်တယ်။ သူမ လမ်းလျှောက်တာက မပြေမပြစ်ဖြစ်နေတော့ သူမ ဖေဖေက သူမအား မည်ကဲ့သို့လျှောက်ရမည်ကို သင်ကြားပေးခဲ့သည်။ မိန်းကလေးတစ်ယောက်က ဘယ်လိုဟန်ပန်မျိုးနဲ့ လျှောက်သင့်သည်ကို သူမဖခင်က ပြောပြပေးခဲ့သည်။ ထိုမျှမက ကျောင်းက ကောင်လေးတွေနှင့် ပတ်သက်၍လည်း သူမဖခင်က ဘယ်လိုဘယ်ပုံ ပြောဆိုဆက်ဆံသင့်သည်၊ ဘယ်လိုအမူအရာဆိုရင်တော့ ဘယ်လိုအဓိပ္ပါယ်မျိုး သက်ရောက်နိုင်သည်ကို သူငယ်ချင်းအရင်းတစ်ယောက်ပမာ ရင်းရင်းနှီးနှီးဖြင့် ပြောဆိုဆုံးမကာ သင်ကြားပေးခဲ့သည်။

တက္ကသိုလ်ပြီးတော့ သူမ အပြင်လောကကြီးထဲသို့ ကိုယ့်အားကိုယ်ကိုးရင်း ၀င်ရောက်ခဲ့သည်။ အထက်တန်းကျောင်းတစ်ခုမှာ ဆရာမတစ်ယောက်အဖြစ် သူမ၀င်လုပ်ခဲ့သည်။ သူမ၏အိမ်နှင့် ကျောင်းက မိုင် (၁၆၀)ကျော်လောက် ဝေးသည်။

သူမအလုပ်က အဆင်ပြေသော်လည်း အရမ်းအကောင်းကြီးတော့မဟုတ်။ သွားရေးလာရေး ကြန့်ကြာသည့်အပြင် ကျောင်းအနီးဝန်းကျင်တွင် လမ်းသရဲများရှိသည်။ သူမ သင်ကြားပေးနေသော သူမ၏ တပည့်များထဲတွင်ပင် လုယက်မှု၊ မူးယစ်ဆေးသုံးစွဲမှု၊ အလစ်သုတ်မှုများ ကျူးလွန်ခဲ့ဘူးသူများ ဖြစ်သည်။

“သမီး သွားရင် လာရင် လမ်းမှာ သတိထားနော်”ဟု စနေ၊ တနင်္ဂနွေ သွားရောက်လည်တိုင်း အဖေက သတိပေးလေ့ရှိသည်။ သူမတစ်ယောက်တည်း အိမ်ငှားနေတာ အဖေက စိတ်မချ။ သို့သော်လည်း သူမက လူငယ်ဘာဝ လွတ်လပ်မှုကို ခုံမင်တာရော၊ တစ်ယောက်တည်း ရပ်တည်ချင်တာရောကြောင့် အိမ်ခွဲနေခဲ့သည်။ အတွေ့အကြုံနည်းသလောက် လူက တက်တက်ကြွကြွ။ အဖေတားသည့်ကြားက တစ်ယောက်တည်း နေခဲ့သည်။ အလုပ်တစ်ခုရဖို့ကလည်း ထိုအချိန်က မလွယ်။ သူမ အလွန် ကံကောင်း၍ ရခဲ့ခြင်းဖြစ်သည်။ ဒါကြောင့်လည်း လူက ပိုတက်ကြွခြင်းဖြစ်သည်။ ထို့ကြောင့်လည်း အဖေက သတိထားဖို့ပြောသည့်အခါတိုင်း “မစိုးရိမ်ပါနဲ့ အဖေရယ်” လို့ သူမ အေးအေးဆေးဆေးပင် ပြန်ပြောခဲ့မိသည်။

တစ်နေ့ညနေခင်းမှာတော့ အတန်းနှင့်ပတ်သက်သောကိစ္စများကို ပြီးဆုံးအောင်လုပ်နေရသောကြောင့် အခန်းထဲမှ အတော်ကြာမှ ထွက်ဖြစ်ခဲ့သည်။ မီးပိတ်၊ စာသင်ခန်းတံခါးပိတ်ပြီး ဂိတ်ပေါက်ဝရောက်တော့ ဂိတ်တံခါးက ပိတ်ထားပြီ။ ဆရာ၊ဆရာမလည်း တစ်ယောက်မှမရှိ။ ဂိတ်ပေါက်စောင့်သော ဦးလေးကြီးအားလည်း ရှာလို့မတွေ့။ အခြား မည်သူတစ်ဦးတစ်ယောက်ကိုမှလည်း မတွေ့ရပေ။ နာရီက ၆နာရီ ထိုးတော့မည်။ ခုနကတော့ အလုပ်ဇောကပ်နေသောကြောင့် နာရီကိုလည်း သေချာမကြည့်မိ။ သူမ ရှိနေသည်ကိုလည်း မည်သူတစ်ဦးတစ်ယောက်မှ သတိမထားမိဘဲ ထွက်သွားကြပုံပင်။

ကျောင်းတစ်ပတ် ထွက်ပေါက်ရှိလေမလားလို့ လိုက်ရှာမိတော့ ကျောင်းအနောက်ဘက် ဂိတ်ပေါက်တံခါးအောက်က ကတ်ကတ်သတ်သတ် လျှိုထွက်လျှင် ရနိုင်မည့်အခြေအနေကို သွားတွေ့ရသည်။ ထို့ကြောင့် လက်ကိုင်အိတ်ကို အရင်ထိုးထည့်လိုက်ပြီး နောက် သူမကတော့ ပက်လက်လှန်ကာ တံခါးအောက်မှ တဖြည်းဖြည်းချင်း လျှိုထွက်ခဲ့သည်။

ထို့နောက် အိတ်ကို ယူပြီး ကားရှိရာသို့ လျှောက်လာခဲ့သည်။ ကားက ကျောင်းရှေ့တွင် ရပ်ထားသောကြောင့် ကျောင်းကို တစ်ပတ်ပြန်ပတ်ရလေသည်။ မှောင်ရိပ်သန်းနေသော ကျောင်းပတ်ဝန်းကျင်က တော်တော်ကို ချောက်ချားဖို့ ကောင်းလှသည်။

ထိုအခိုက် ဆူဆူညံညံအသံတွေကို သူမကြားလိုက်ရသည်။ သူမ လှည့်ကြည့်လိုက်တော့ တက္ကသိုလ်ကျောင်းသားအရွယ် လူငယ် ၉ဦး၊ ၁၀ဦးခန့် သူမရှိရာဘက်သို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။ မှောင်ရိပ်ကြားကပင် သူတို့ပုံစံက လူဆိုးပုံပေါက်နေသည်ကို သူမ သတိထားလိုက်မိသည်။

“ဟေ့ … ခင်ဗျားက ဒီကျောင်းက ဆရာမလား”
သူတို့ထဲမှ တစ်ယောက်က သူမအား လှမ်းမေးလိုက်သည်။

“မဟုတ်လောက်ပါဘူးကွ၊ ကောင်မလေးကြည့်ရတာ ငယ်ငယ်လေးပဲ၊ ကျောင်းသူ ဒါမှမဟုတ်လည်း အကူလောက်ပဲဖြစ်မှာပါ”
သူတို့ထဲမှ တစ်ယောက်က စောစောက မေးသူ၏ မေးခွန်းကို ၀င်ဖြေလိုက်သည်။

သူမ အနည်းငယ်ထိတ်လန့်ကာ ခပ်သွက်သွက်လျှောက်တော့ သူတို့ကလည်း အမျိုးမျိုးပြောကြကာ သူမနောက်မှ ဆက်လိုက်လာကြသည်။

သူမက ခြေလှမ်းတွေကို ပိုမြန်လိုက်ရင်း အိတ်ထဲသို့လက်နှိုက်ကာ ကားသော့ကို ရှာဖွေနေမိသည်။ သော့ကို ရလျှင် ကားဆီသို့ သည်ထက်ပိုပြီး အမြန်ပြေးပြီး အမြန်တံခါးဖွင့် အမြန်ဝင်ပြီး တံခါးပိတ်ကာ မောင်းပြေးမည်ဟု စိတ်ကူးလိုက်သည်။ သူမ ရင်တွေက တဒိန်းဒိန်းခုန်လာသည်။ အလောတကြီးရှာနေသောကြောင့်လား မသိ။ သော့ကွင်းလေးကို သူမ ဘယ်လိုမှ ဆန်းလို့မမိပေ။ ဘယ်လိုရှာရှာမတွေ့။

“ဟေ့ကောင်တွေ မြန်မြန်လိုက်ကြကွ၊ မလွတ်စေနဲ့”
သူတို့ထဲမှ တစ်ယောက်က အော်ပြီး ကျန်သူများကို ပြောလိုက်သည်။

သူမ အလွန်ကို တုန်လှုပ်သွားသည်။ “ဘုရား တပည့်တော်မကို ကယ်တော်မူပါ” ဟု စိတ်ထဲမှနေ၍ ဆုတောင်းလိုက်မိသည်။ ထို့နောက် ရုတ်တရက် သူမလက်ချောင်းလေးများက သော့တစ်ချောင်းကို စမ်းမိလိုက်သည်။ ကားသော့ ဟုတ်၊ မဟုတ် သူမ သေချာမစဉ်းစားနိုင်။ သော့ကို သေချာ ဆုပ်ကိုင်ပြီး သူမကားဆီသို့ အလောတကြီး ပြေးတော့သည်။ ထို့နောက် သော့တံကို ထိုးထည့်ကာ ဖွင့်လိုက်သည်။

သော့က ကံကောင်းစွာဖြင့် ပွင့်သွားခဲ့သည်။ သူမ ကားထဲသို့ အမြန်ဝင်ပြီး လော့ချကာ ချောက်ချားစွာဖြင့်ပင် ထိုနေရာမှ မောင်းပြေးခဲ့တော့သည်။

ထို့နောက်တော့ အနီးအနားက လူကြီးများနှင့် ဆရာမတစ်ယောက်ကို ခေါ်၍ ပြန်သွားကြည့်ကြသည်။ သူမ၏ သော့ကွင်းလေးက တံခါးစောင့်ဦးလေးကြီးအား သူမသွားရှာရင်း ထိုဦးလေးကြီး၏ တဲတံခါးဘောင်တွင် သူမ မေ့ကျန်ခဲ့ခြင်းဖြစ်သည်။

သူမ အခန်းသို့ သူမပြန်ရောက်တော့ အချိန်က တော်တော်ကိုနောက်ကျနေပြီ။ ထိုအခိုက် ဖုန်းမြည်သံကြားရသောကြောင့် ကောက်ကိုင်လိုက်သောအခါ သူမဖေဖေဆီမှ ဆက်လာခြင်းဖြစ်သည်။ ပူပူနွေးနွေး ကြုံတွေ့ခဲ့ရသော ပြဿနာအား အဖေစိတ်ပူမည်ဆိုး၍ အဖေ့အား မပြောပြတော့။

အဖေနှင့် ဟိုအကြောင်း ဒီအကြောင်းတွေ ပြောရင်း နောက်ဆုံးပြောလိုက်သော အဖေ့စကားကြောင့် သူမ အဖေ့အား အလွန်ကို ကျေးဇူးတင်ကာ မျက်ရည်ပင်ကျမိသည်။ အဖေပြောလိုက်သည်က …

“သမီး … အဖေ သမီးအိတ်ထဲမှာ ကားသော့အပိုတစ်ချောင်း ထည့်ပေးထားတယ်၊ အရေးတကြီးလိုတဲ့အခါ သုံးလို့ရအောင်လို့လေ၊ ဟိုနေ့က အဖေ သမီးကို မပြောလိုက်ရလို့” တဲ့။

ဘယ်လောက် တိုက်ဆိုင်လိုက်သလဲ။ ခုလေးတင်ပင် အဖေ အမြော်အမြင်ကြီးကြီးဖြင့် လုပ်ပေးလိုက်သော သော့ပိုလေးက သူမအား ကယ်တင်ခဲ့သည်။ ယခုအချိန်ထိ သူမ အဖေလုပ်ပေးထားသော သော့ပိုလေးအား မြတ်နိုးစွာ သိမ်းထားဆဲဖြစ်သည်။ ထို့အတူ စဉ်းစားလုပ်ကိုင်စရာရှိသည့်အခါတိုင်း၊ အရေးကြီးကိစ္စများ ဆုံးဖြတ်ရသည့်အခါတိုင်း အဖေ့ရဲ့ လမ်းညွှန်ချက်၊ အဖေ့ရဲ့ ဥာဏ်အမြော်အမြင်နှင့် အဖေ့ရဲ့ အားပေးအတည်ပြုချက်များကို သူမ ရယူဆဲဖြစ်သည်။ အဖေဥာဏ်အမြော်အမြင်ကြီးစွာ လုပ်ပေးခဲ့သော သော့ပိုလေးတစ်ချောင်းက သူမ၏ဘ၀ကို ဘေးရန်တစ်ခုမှ လွတ်မြောက်အောင် ခြွင်းချက်မရှိ ကူညီပေးခဲ့သည် မဟုတ်လား။

ထို့အတူ သူမ အသိတစ်ခု ရခဲ့ရသည်။

မိဘများသည် သူတို့၏ သားသမီးများအား မေတ္တာတရားဖြင့် ဘေးအန္တရာယ်အပေါင်းမှ လွတ်ကင်းအောင် အချိန်နေရာမလပ် စောင့်ရှောက်နေကြောင်း …

Read More...

------------------------

Sunday, August 26, 2007

မြို့နှစ်မြို့

တစ်ခါက မြို့ကြီးတစ်ခု၏ မြို့အ၀င်ဝသို့ ခရီးသည်တစ်ဦးရောက်လာခဲ့သည်။ ထိုခရီးသည်က မြို့ထဲသို့ မ၀င်မီ လမ်းဘေးတွင် ထိုင်နေသည့် မိန်းမတစ်ဦးအား မေးလိုက်သည်။

“ဒီမြို့က သူတွေက ဘယ်လို စိတ်နေစိတ်ထားမျိုး ရှိကြပါသလဲ”

ထိုအခါ အမျိုးသမီးက ထိုခရီးသည်အား ပြန်မေးလိုက်သည်။
“ရှင် ထွက်လာတဲ့ မြို့က မြို့သူမြို့သားတွေကရော ဘယ်လို စိတ်သဘောထားမျိုးရှိပါသလဲ”

ခရီးသည်က
“အမလေး … မပြောပါနဲ့တော့ဗျာ၊ ရိုင်းလိုက်ကြတာ ပြောမနေပါနဲ့တော့၊ ယုံကြည်လို့လည်း မရဘူး၊ ယုတ်မာကောက်ကျစ်ကြတာလဲ မပြောပါနဲ့တော့ဗျာ၊ တကယ့်ကို ကောင်းကွက်တစ်ကွက်မှကို မရှိပါဘူး”
ဟု ရှုံ့မဲ့ကာ ဖြေလေသည်။

“အင်း … ဒီမြို့ထဲက လူတွေကိုလဲ အဲဒီပုံစံအတိုင်း ရှင်တွေ့ရအုံးမှာပါ”
ဟု အမျိုးသမီးက ပြန်ဖြေလိုက်သည်။

ထို့နောက် မကြာမီ ဒုတိယခရီးသည်ရောက်လာပြီး ထိုအမျိုးသမီးကြီးအား အလားတူ မေးခွန်းကိုပင် မေးလေသည်။ ထိုအခါ အမျိုးသမီးကလည်း ရှေးကအတိုင်း ထိုခရီးသည်အား ယခင်က ထွက်လာခဲ့သော မြို့ရှိလူများ၏ စိတ်သဘောထားကို ပြန်မေးလေသည်။

“အင်မတန် စိတ်သဘောထားဖြူစင်ကြပါတယ်ဗျာ၊ အလွန်လည်း ဖော်ရွေကြပါတယ်၊ ရိုးသားတယ်၊ ကြိုးစားတယ်၊ သူမတူအောင်လည်း ရက်ရောကြပါတယ်၊ အဲဒီက ထွက်လာရတာ ကျွန်တော် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်ဗျာ”
ဟု စိတ်အားထက်သန်စွာ၊ လှိုက်လှဲစွာ ဖြေလေသည်။

ထိုအခါ ပညာရှိအမျိုးသမီး ဖြေလိုက်သည်က
“ဒီမြို့ထဲမှာလည်း အဲဒီလိုလူမျိုးတွေကိုပဲ ရှင်တွေ့ရမှာပါ”
ဟူ၍ ဖြစ်လေသည်။

လူတစ်ယောက်နဲ့တစ်ယောက်အမြင်ဟာ အရမ်းကို အရေးကြီးပါတယ်။ လူတစ်ယောက်က ကိုယ့်ကို အကောင်းမြင်နိုင်ဖို့ဆိုတာက ကိုယ်ကိုယ်တိုင်လည်း သူတစ်ပါးကို အကောင်းမြင်စိတ်နဲ့ ကြည့်တတ်မှ ဖြစ်မှာပါ။ သူများကို အကောင်းမမြင်ဘဲ ကိုယ့်ကို အကောင်းမြင်စေဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဘယ်သူ့အပေါ်ကိုမဆို အကောင်းမြင်နိုင်အောင် ကြိုးစားကြပါလို့ …

Read More...

------------------------

ရှင်သန်စေသူ

ကန္တာရအတွက်
အိုအေစစ်က
မရှိမဖြစ်ပါ။

ကိုယ့်ဘ၀အတွက်
ချစ်သူမင်းက
မရှိမဖြစ်ပါ။

ကန္တာရကို
စိုပြည်လာအောင်
အိုအေစစ်ကသာ
လုပ်ဆောင်ပေးနိုင်သလို
ကိုယ့်ဘ၀ရဲ့ နေ့ရက်တွေကို
ရှင်သန်လာအောင်
ချစ်သူမင်းကသာ
စွမ်းဆောင်ပေးနိုင်ပါတယ်

ကောင်းကင်ပြာ

Read More...

------------------------

Saturday, August 25, 2007

The Motorcycle

(A girl and guy were speeding over 100 mph on a motorcycle)

Girl: Slow down. I'm scared.

Guy: No, this is fun.

Girl: No, it's not. Please, it's to scary!

Guy: Then tell me you love me.

Girl: Fine, I love you. Slow down!

Guy: Now give me a BIG hug.
(Girl hugs him)

Guy: Can u take my helmet off and put it on? It's bugging me.

In the paper the next day: A motorcycle had crashed into a building because of break failure. Two people were on the motorcycle, but only one survived. The truth was that halfway down the road, the guy realized that his breaks broke, but he didn't want to let the girl know. Instead, he said her that she loved him, felt her hug one last time, then had her wear his helmet so she would live even though it meant he would die.


အချစ်ဆိုတာ အရမ်းကို ထူးဆန်းလွန်းပါတယ်။ တစ်စုံတစ်ယောက်ကို တကယ်ချစ်မိပြီဆိုရင် အဲဒီသူအတွက် ကိုယ့်အသက်ကိုတောင် ပေးဖို့ဝန်မလေးတတ်ကြပါဘူး။ ဒါပေမယ့် တစ်ချို့ကတော့ အဲဒါကို အပိုတွေလို့ ထင်တတ်ကြပါတယ်။ ဘယ်လောက်ပဲချစ်ချစ် အဲလိုတော့ မလုပ်နိုင်ဘူးလို့ ပြောကြတယ်။ တကယ်လို့ သင်ဆိုရင်ကော အခုလိုမျိုး ကြုံလာခဲ့ရင် ဘယ်လိုလုပ်မလဲ။

Read More...

------------------------

Friday, August 24, 2007

When do you love someone?

When you are together with that special someone, you pretend to ignore that person. But when that special someone is not around, you might look around to find them. At that moment, you are in love.



Although there is someone else who always makes you laugh, your eyes and attention might go only to that special someone. Then, you are in love.



Although that special someone was supposed to have called you long back, to let you know of their safe arrival, your phone is quiet. You are desperately waiting for the call! At that moment, you are in love.



If you are much more excited for one short e-mail from that special someone than other many long e-mails, you are in love.


When you find yourself as one who cannot erase all the emails or SMS messages in your phone because of one message from that special someone, you are in love.


When you get a couple of free movie tickets, you would not hesitate to think of that special someone. Then, you are in love.


You keep telling yourself, "that special someone is just a friend", but you realize that you can't avoid that person's special attraction. At thatmoment, you are in love.

အချစ်ဆိုတာ လူတိုင်းနဲ့မကင်းနိုင်ပါဘူး။ တချို့ကတော့ တစ်ယောက်ကို တစ်ယောက် ချစ်မိနေပြီဆိုတာကို လွယ်လွယ်ပဲ သိကြပါတယ်။ ဒါပေမယ့် တချို့ကျတော့ ကိုယ်တိုင်မသိလိုက်ဘဲ ချစ်မိသွားတာမျိုးလည်း ရှိတတ်ပါတယ်။

အခုတင်လိုက်တဲ့ ပို့စ်လေးကို ဖတ်ကြည့်ပြီး တစ်စုံတစ်ယောက်ကို ပို့စ်ထဲကအတိုင်း ခံစားနေရပြီဆိုရင်တော့ အသေအချာလက်ခံလိုက်ပါ။ သင် သူ့ကို ချစ်နေပြီဆိုတာကိုပေါ့။

အဲဒီလိုဆိုရင် နောက်မှ လွမ်းနေရတာမျိုးမဟုတ်ဘဲ ပျော်ရွှင်စွာလက်တွဲသွားနိုင်ဖို့ တွေဝေမနေဘဲ နောက်မကျသေးခင် သူ့ရဲ့အချစ်ကိုရအောင် ခုပဲ ကြိုးစားလိုက်ပါလို့ တိုက်တွန်းရင်း ... :)

Read More...

------------------------

Thursday, August 23, 2007

အရုပ်ကလေး

မင်းဟာ
ငါ ငေးကြည့်တတ်တဲ့ မိုးသောက်ကြယ်လေး …

မင်းဟာ
ငါ အမြဲရွတ်တဲ့ ကဗျာလေး …

မင်းဟာ
ငါ မက်လေ့ရှိတဲ့ အိပ်မက်လေး …

မင်းဟာ
ငါ ညည်းလေ့ရှိတဲ့ သီချင်းလေး …

မင်းဟာ
ငါ မြတ်နိုးတဲ့ ပန်းချီကားလေး …

မင်းဟာ
ငါ သိမ်းဆည်းထားတဲ့ ဒိုင်ယာရီလေး …

မင်းဟာ
ငါ နှစ်သက်လွန်းတဲ့ စပယ်ပွင့်လေး …

မင်းဟာ
……………………………….......................................................

မင်းဟာ
……………………………….......................................................

မင်းဟာ
……………………………….......................................................

ငါဟာ
မင်း မေ့နေတဲ့ အရုပ်ကလေး …

ကောင်းကင်ပြာ

Read More...

------------------------

How To Stay Young

1. Throw out nonessential numbers. This includes age, weight and height. Let the doctors worry about them. That is why you pay them.

2. Keep only cheerful friends. The grouches pull you down. (keep this In mind if you are one of those grouches;)

3. Keep learning: Learn more about the computer, crafts, gardening whatever. Never let the brain get idle. "An idle mind is the devil's workshop." And the devil's name is Alzheimer's!

4. Enjoy the simple things.

5. Laugh often, long and loud. Laugh until you gasp for breath. And if you have a friend who makes you laugh, spend lots and Lots of time with HIM/HER.

6. The tears happen: Endure, grieve, and move on. The only person who is with us our entire life, is our self. LIVE while you are alive.

7. Surround yourself with what you love: Whether it's family, pets, keepsakes, music, plants, hobbies, whatever. Your home is your refuge.

8. Cherish your health: If it is good, preserve it. If it is unstable, improve it.
If it is beyond what you can improve, get help.

9. Don't take guilt trips. Take a trip to the mall, even to the next county, to a foreign country, but NOT to where the guilt is.

10. Tell the people you love that you love them, at every opportunity.

Stay young, feel young, be young! :)

Read More...

------------------------

Wednesday, August 22, 2007

အဖေ

ကျွန်တော် အသက် ၄ နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆိုလုပ်တတ်တယ်။

၅နှစ် ... ငါ့ဖေဖေကြီး မသိတာ မရှိဘူး။

၆နှစ် ... ငါ့အဖေက မင်းအဖေထက် တတ်တယ်ကွ။

၈နှစ် ... တို့အဖေက အကုန်လုံးတော့လည်း အတိအကျမသိဘူး။

၁၀နှစ် ... အဖေတို့ ငယ်ငယ်တုန်းကနဲ့ ခုက တစ်ခြားစီပဲ။

၁၂နှစ် ... အင်း အဲဒါတော့ အဖေလည်း ဘယ်သိပါ့မလဲ၊ သူက အသက်ကြီးပြီဆိုတော့ ကလေးတုန်းက အကြောင်းတွေ မမှတ်မိနိုင်တော့ဘူး။

၁၄နှစ် ... အဖေတော့ ထည့်မပြောနဲ့၊ သူက ရှေးရိုးသမားကြီး။

၂၁နှစ် ... အဘိုးကြီးလား ... ထားပါ၊ အောက်နေပြီ၊ လုံးဝအောက်နေပြီ။

၂၅နှစ် ... အဖေလည်း နည်းနည်းပါးပါးတော့ သိတယ်၊ မသိလို့လည်း မဖြစ်ဘူးလေ၊ လူကြီးပဲဟာ။

၃၀ ... အဖေ့ကို နည်းနည်းပါးပါး မေးမြန်းကြည့်ရင် ကောင်းမယ်ထင်တယ်၊ ဘာပဲပြောပြော သူက အတွေ့အကြုံအများကြီးရှိတယ်။

၃၅နှစ် ... အဖေနဲ့ တိုင်ပင်ပြီးမှဘဲ ဒီကိစ္စအတွက် ငါတစ်ခုခု လုပ်နိုင်မယ်။

၄၀ … အဖေသာဆိုရင် ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ မသိဘူး၊ အဖေက အတွေ့အကြုံ စုံတယ်၊ အမြော်အမြင်လည်း ရှိတယ်။

၅၀ … ဒီကိစ္စ အခုနေသာ အဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရ ငါ ပေးပါတယ်။ အဖေ့ အရည်အချင်းတွေ သူ သူရှိနေတုန်းက ကောင်းကောင်းသတိမထားခဲ့မိတာ သိပ်နှမြောစရာကောင်းတယ်၊ တကယ်ဆို ငါ အဖေ့ဆီက အများကြီး ရလိုက်ဖို့ကောင်းတယ်။

[မူရင်း။ ။ Ann Landers ၏ My Father When I was]

မိဘတစ်ယောက်ရဲ့ အရည်အချင်း၊ အတွေ့အကြုံ ဗဟုသုတတွေကို အထင်မသေးဘဲ ကောင်းကောင်းတန်ဖိုးထားတတ်နိုင်ပါစေလို့ ...

Read More...

------------------------

Parents' Love

An 80 year old man was sitting on the sofa in his house along with his 45 years old highly educated son. Suddenly a crow perched on their window. The Father asked his Son,

"What is this?"

The Son replied
"It is a crow".

After a few minutes, the Father asked his Son the 2nd time, "What is this?"

The Son said "Father, I have just now told you "It's a crow".

After a little while, the old Father again asked his Son the 3rd time,
What is this?"

At this time some ex-pression of irritation was felt in the Son's tone when he said to his Father with a rebuff. "It's a crow, a crow".

A little after, the Father again asked his Son t he 4th time, "What is this?"

This time the Son shouted at his Father, "Why do you keep asking me the same question again and again, although I have told you so many times 'IT IS ACROW'. Are you not able to understand this?"

A little later the Father went to his room and came back with an old tattered diary, which he had maintained since his Son was born. On opening a page, he asked his Son to read that page. When the son read it, the following words were written in the diary :-

"Today my little son aged three was sitting with me on the sofa, when a crow was sitting on the window. My Son asked me 23 times what it was, and I replied to him all 23 times that it was a Crow. I hugged him lovingly each time he asked me the same question again and again for 23 times. I did not at all feel irritated I rather felt affection for my innocent child".

While the little child asked him 23 times "What is this", the Father had felt no irritation in replying to the same question all 23 times and when today the Father asked his Son the same question just 4 times, the Son felt irritated and annoyed.

So..

If your parents attain old age, do not repulse them or look at them as aburden, but speak to them a gracious word, be cool, obedient, humble and kind to them. Be considerate to your parents.

From today say this aloud, "I want to see my parents happy forever. They have cared for me ever since I was alittle child. They have always showered their selfless love on me. They crossed all mountains and valleys without seeing the storm and heat to make me a person presentable in the society today".

Say a prayer to God, "I will serve my old parents in the BEST way. I will say all good and kind words to my dear parents, no matter how they behave.

Read More...

------------------------

Tuesday, August 21, 2007

မှတ်သားမိသမျှ အထွေထွေဗဟုသုတ

၁။ အိပ်မပျော်တတ်သူတွေအတွက်

အိပ်မပျော်တတ်သူတွေ အိပ်ပျော်စေဖို့ ဆေးဝါးမလိုဘဲ အန္တရာယ်ကင်းတဲ့ သဘာဝနည်းတစ်ခုက ပျားရည်နဲ့ ရောထားတဲ့ နွားနို့နွေးနွေးတစ်ခွက်ကို မအိပ်ခင်မှာ သောက်ပါ။

၂။ အကင်တွေ ရနံ့ပိုမိုမွှေးလာအောင်

ကြက်သွန်နီအခွံတွေကို လွှင့်မပစ်ပါနဲ့။ တစ်ခုခုကင်ဖို့ မီးဖိုပေါ် အကင်ပြားတင်ပြီးရင် မီးဖိုထဲက မီးသွေးတွေထဲကို ကြက်သွန်ခွံတွေ ထည့်လိုက်ပါ။ ကြက်သွန်ခွံတွေရဲ့အစွမ်းကြောင့် အကင်ရဲ့ရနံ့ ထူးကဲစွာ ပိုမိုမွှေးလာပါလိမ့်မယ်။

၃။ ဆေးရခက်တဲ့ ပုလင်းတွေ သန့်ရှင်းစေဖို့

အ၀ကျဉ်းတဲ့ ပုလင်းတွေ၊ ပန်းအိုးတွေကို သန့်ရှင်းပြောင်စင်အောင် ဆေးတဲ့နည်းလမ်းက ဆန်နည်းနည်းနဲ့ ဆပ်ပြာရည်ရောထားတဲ့ရေနွေးအနည်းငယ် လိုပါတယ်။ ပုလင်းတွေ၊ ပန်းအိုးတွေထဲ ဆန်နဲ့ ဆပ်ပြာရည် ထည့်ပြီးရင် ခပ်ပြင်းပြင်းလေး လှုပ်ခါပေးပါ။ ပြီးတဲ့အခါ သွန်ပြီး ရေစစ်ထားလိုက်ပါ။ အံ့သြလောက်အောင် တောက်ပြောင်နေတာကို တွေ့ရပါလိမ့်မယ်။

၎။ အသားနဲ့ ဟင်းသီးဟင်းရွက်တွေအတွက် ရှောက်ရည်

အချိန်အကြာကြီးချက်မှ နူးနပ်တဲ့ ဆိတ်သားတို့၊ အမဲသားတို့လို အသားတွေ ချက်ပြုတ်တဲ့အခါ ရှောက်ရည်၊ ဒါမှမဟုတ် ဗီနီဂါရည် ထည့်ချက်ပါ။ အချိန်တိုအတွင်း နူးနပ်မြန်တာ တွေ့ရပါလိမ့်မယ်။

အဲဒီလိုပဲ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်ကြော်လှော်တဲ့အခါမှာ ရှောက်ရည်လေးနည်းနည်း ထည့်ပြီး ကြော်ပါ။ မူလစိမ်းစိုတဲ့အရောင်အတိုင်း စားချင်စဖွယ် ဟင်းရွက်ကြော်ကို ရရှိမှာ ဖြစ်ပါတယ်။

Read More...

------------------------

Monday, August 20, 2007

သူငယ်ချင်းများအတွက် (၂)

လာရောက်လည်ပတ်သော သူငယ်ချင်းများထဲမှ ကော်ကော်ကြိုက်နှစ်သက်သော သူများအတွက် အထူးတလည် ထပ်မံ စီစဉ်ထားတာပါ...

ကော်ဖီလေးနဲ့အတူ စားရအောင် အရသာရှိတဲ့ ကိတ်လေးတွေလည်း စီစဉ်ထားပါတယ်...


Read More...

------------------------

လိုက်နာကြရအောင်

ဘ၀မှာ အောင်မြင်နိုင်ဖို့ လိုက်နာသင့်တဲ့ အချက် (၂၀) ချက် ရှိပါတယ်... အဲဒါတွေကတော့

၁။ သင့်တော်သူနှင့် လက်ထပ်ပါ။ ရွေးချယ်မှုက သင်၏ပျေုာ်ရွှင်မှု (သို့မဟုတ်) ၀မ်းနည်းမှုကို (၉၀%) ဆုံးဖြတ်ပေးလိမ့်မည်။

၂။ သင့်အချိန်နှင့် အရည်အသွေးကို အဖိုးတန်လာစေရန် စိတ်ပျော်ရွှင်သောအချိန်တွင် တစ်ခုခုလုပ်ပါ။

၃။ လူတွေကို သူတို့မျှော်လင့်ထားသည်ထက် များများပေးပါ။

၎။ သင်လေးစားသောသူ၏ အကောင်းမြင်စိတ်၊ ညှာတာစိတ်ကို အတုယူပါ။

၅။ သင်နှင့် အခြားသူများကို ခွင့်လွှတ်တတ်ပါ။

၆။ စကားပြော ယဉ်ကျေးသိမ်မွေ့ပါ။

၇။ ကျေးဇူးတင်တတ်သော စိတ်ရှိပါ။

၈။ ဇွဲရှိပါ။ ဇွဲရှိပါ။ ဇွဲရှိပါ။

၉။ သင့်ကို သူများက ဘယ်လိုဆက်ဆံစေလိုသလဲ။ သင်နှင့်တွေ့သော သူတိုင်းကို သင့်ကို ဆက်ဆံစေလိုသော ပုံစံအတိုင်း ဆက်ဆံလိုက်ပါ။

၁၀။ အလွန်နည်းသော ၀င်ငွေပင်ရစေကာမူ ငွေစုမှုကို စနစ်တကျလုပ်ပါ။

၁၁။ အချိန်တိုင်း တိုးတက်မှုရှိအောင် လုပ်ပါ။

၁၂။ အရည်အချင်းရှိအောင် လုပ်ပါ။

၁၃။ ပျော်ရွှင်မှုဆိုသည်မှာ ငွေချမ်းသာမှုအပေါ်တွင် မမူတည်ပါ။ သင်ချစ်သော၊ သင်လေးစားသော သူများနှင့် ဆက်ဆံရေးပေါ်တွင် မူတည်ကြောင်း နားလည်သဘောပေါက်ပါ။

၁၄။ သစ္စာရှိပါ။

၁၅။ ရိုးသားပါ။

၁၆။ ကိုယ်တိုင်တီထွင်သူ ဖြစ်ပါစေ။

၁၇။ သူတစ်ပါးကို အပြစ်မတင်ပါနှင့်။

၁၈။ သတိရှိပါ။ အတိတ်ကို ပြန်ကြည့်သော် ကိုယ်လုပ်နိုင်လျက် မလုပ်ခဲ့ရသော အရာများကို တွေးကြည့်ပြီး ၀မ်းနည်းမနေပါနှင့်။

၁၉။ သင်ချစ်သော သူများကို ဂရုစိုက်ပါ။

၂၀။ သင့်မိသားစု ဂုဏ်ငယ်စေမည့် အလုပ်မျိုးကို ဘာတစ်ခုမှ မလုပ်မိပါစေနှင့်။

Read More...

------------------------

Sunday, August 19, 2007

အဲသည်လို အစ်ကိုမျိုး

ကျွန်တော့်သူငယ်ချင်း ပေါလ်မှာ ခရစ္စမတ်လက်ဆောင်အဖြစ် သူ့အစ်ကိုကြီးထံမှ ကားတစ်စီးရသည်။

ခရစ္စမတ်အကြိုနေ့တွင် သူရုံးခန်းကထွက်လာသောအခါ လမ်းဘေးတွင် ကောင်လေးတစ်ယောက်က တောက်ပသော သူ့ကားသစ်ကြီးကို သဘောကျစွာ လှည့်ပတ်ကြည့်နေသည်ကို မြင်လိုက်သည်။ ထိုကောင်လေးက သဘောကျစွာ လှည့်ပတ်ကြည့်ရုံနှင့် အားမရဘဲ သူ့ကို မေးလေသည်။

“ဒါ အစ်ကို့ကားလား”

ပေါလ်က ခေါင်းညိမ့်ပြီး
“အေးကွ၊ ငါ့အစ်ကိုက ခရစ္စမတ်လက်ဆောင် ပေးထားတာ”
ဟု ဖြေလိုက်သည်။

ကောင်လေးက အလွန်အံ့အားသင့်သွားပြီး
“ဟာ … ခင်ဗျားအစ်ကိုက ခင်ဗျားကို အလကားပေးတာ … ဟုတ်လား၊ ခင်ဗျား ပိုက်ဆံတစ်ပြားမှ မကုန်ဘူးပေါ့၊ ဟာဗျာ … ကျွန်တော်သာ ဆုတောင်းလို့ရမယ်ဆိုရင် …”
ဆိုပြီး ကောင်လေးက ဆက်မပြောဘဲ ရပ်နေသည်။

တကယ်လို့သာ ဆုတောင်းလို့ရရင် ကောင်လေးဘာစဉ်းစားမည်လဲ ဟု ပေါလ် တွေးနေမိသည်။ သူ့မှာလည်း အဲလို အစ်ကိုမျိုး တစ်ယောက်လောက်ရပါစေ ဟု ဆုတောင်းမှာပဲပေါ့ ဟု ပေါလ်ထင်မိသည်။

သို့သော် ကောင်လေးထံမှ နောက်ထပ်ကြားလိုက်ရသော စကားကြောင့် ပေါလ် ကြက်သီးမွေးညင်း ထသွားသည်။
“ကျွန်တော် အဲလိုအစ်ကိုမျိုး ဖြစ်ချင်လိုက်တာဗျာ” တဲ့။

ကောင်လေးကို သူ အံ့အားသင့်စွာ ငေးကြည့်မိသည်။ ထို့နောက် သူကိုယ်တိုင် ဘယ်လိုဖြစ်သွားသည်ကို မသိလိုက်ဘဲ ကောင်လေးအား
“မင်း ငါ့ကား လိုက်စီးကြည့်မလား”
ဟု မေးလိုက်မိသည်။

“ဟုတ်ကဲ့၊ စီးချင်တာပေါ့ဗျာ”

ကားစီးပြီး ခဏကြာတော့ ကောင်လေးက “ကျွန်တော်တို့ အိမ်ဘက်က လှည့်မောင်းပေးလို့ရမလား ခင်ဗျာ” ဟု မေးသည်။

ကောင်လေးရဲ့ တောက်ပနေသော မျက်လုံးကို ကြည့်ပြီး ပေါလ် ပြုံးမိသည်။ ကောင်လေး စိတ်ထဲ ဘာတွေ တွေးနေလဲ ဘာတွေရှိနေလဲ သူတွေးမိသည်။ သူ့ရဲ့ ကားသစ်ကြီးစီးပြီး အိမ်ပြန်လာတာကို အိမ်နီးနားချင်းများကို ကြွားချင်သည်ဟု ပေါလ်ထင်မိသည်။

သို့သော် သည်တစ်ခါတွင်လည်း ပေါလ်အထင်မှားပြန်သည်။

“ဟို လှေကားနှစ်ဆင့်နဲ့ အိမ်ရှေ့မှာ ရပ်ပေးပါ ခင်ဗျာ”
ကောင်လေးက ပြောသည်။

ထို့နောက် ကောင်လေးက လှေကားထစ်တွေအတိုင်း ပြေးတက်သွားသည်။ ခဏကြာသောအခါ ပြန်ဆင်းလာသော ခြေသံကို ကြားရသည်။ သို့သော် ခြေသံက တက်သွားတုန်းကလောက် မမြန်။ ကောင်လေးက ကလေးတစ်ယောက်ကို ချီယူကာ ဆင်းလာခြင်းဖြစ်သည်။ ခြေထောက်မသန်သော သူ့ ညီလေး။ ကောင်လေးက သူ့ညီလေးအား ချပြီး အောက်ဆုံး လှေကားထစ်မှာ ထိုင်ခိုင်းလိုက်သည်။ ထို့နောက် သူ့ညီလေးအား တင်းတင်းဖက်ထားပြီး ကားကိုပြလေသည်။

“ဟိုမှာ တွေ့လား ညီလေး၊ အပေါ်မှာတုန်းက အစ်ကိုကြီးပြောတဲ့ ကားလေ၊ အဲဒါ သူ့အစ်ကိုကြီးက သူ့ကို ခရစ္စမတ်လက်ဆောင်ပေးတာတဲ့၊ သူ့ပိုက်ဆံတစ်ပြားမှ မကုန်ဘူး၊ အစ်ကိုကြီးလဲ နောက်ကျရင် ညီလေးကို ဒီလိုကားမျိုးတစ်စီး ၀ယ်ပေးမယ်၊ အဲဒီအခါကျရင် ညီလေးကို အစ်ကိုကြီးပြောထားတဲ့ ခရစ္စမတ်ဆိုင်တွေမှာ ပြထားတဲ့ အလှအပ ပစ္စည်းမျိုးစုံကို ညီလေး လိုက်ကြည့်နိုင်ပြီကွ” ဟု ကောင်လေးက အားရပါးရ ပြောနေသည်။

ပေါလ် ကားထဲမှ ထွက်လာပြီး ခြေမသန်သော ကလေးငယ်လေးကို ချီ၍ ကားရှေ့ခန်းထဲသို့ ထည့်လိုက်သည်။ အစ်ကိုလုပ်သည့်ကောင်လေးက ၀မ်းသာအားရဖြင့် သူ့ညီလေးဘေးမှ ၀င်ထိုင်လိုက်သည်။

အဲဒီနေ့က သူတို့သုံးယောက် လျှောက်လည်ကြသည့် အတွေ့အကြုံက သုံးယောက်လုံးအတွက် တစ်သက်မမေ့နိုင်စရာ အဖြစ်အပျက်လေး ဖြစ်သည်။

အထူးသဖြင့် ပေါလ်အဖို့ သင်ခန်းစာတစ်ခု မှတ်မှတ်သားသား ရခဲ့သည်။ ယူရခြင်းအရသာထက် ပေးရခြင်းကြောင့်ရရှိသော ပီတိက ပို၍ နှစ်သက်ဖွယ် ချိုမြိန်လှသည် … ဟူသော အသိတရားပင်။

(မူရင်း။ ။ Dan Clark ၏ A Brother Like That)

ဒီဝတ္ထုတိုလေးကို ဖတ်ပြီး အားလုံးလည်း ရယူခြင်းထက် ပေးကမ်းရခြင်းကြောင့် ရရှိသော ပီတိက ပို၍ ချိုမြိန်ကြောင်းကို ခံစားနားလည်နိုင်ပါစေလို့ …

Read More...

------------------------

Saturday, August 18, 2007

သူငယ်ချင်းများအတွက်

လာရောက်လည်ပတ်တဲ့ သူငယ်ချင်းများအတွက် အထူးစီစဉ်ထားတာပါ ...

အားလုံးပဲ အားရပါးရ စားကြပါနော် ... :)

Have a nice meal !!!






Read More...

------------------------

Friday, August 17, 2007

မှတ်သားသင့်သော စကားလေးများ

The most selfish one letter word ...

"I"

Avoid it.


The most satisfying two-letter word ...

"WE"

Use it.


The most poisonous three-letter word ...

"EGO"

Kill it.


The most used four-letter word ...

"LOVE"

Value it.


The most pleasing five-letter word ...

"SMILE"

Keep it.


The fastest spreading six-letter word ...

"RUMOUR"

Ignore it.


The hardest working seven-letter word ...

"SUCCESS"

Achieve it.


The most enviable eight-letter word ...

"JEALOUSY"

Distance it.


The most powerful nine-letter word ...

"KNOWLEDGE"

Acquire it.


The most essential ten-letter word ...

"CONFIDENCE"

Trust it.

Read More...

------------------------

စကားတတ်လိုက်ပုံများ

ကိုညိုသည် အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်တွင် အလွန်ထူးဆန်းသော ငှက်တစ်ကောင်ကိုတွေ့၍ သူ့မိန်းမကို မွေးနေ့လက်ဆောင်အဖြစ်ပေးရန် ငွေးငါးထောင်ဖြင့် ၀ယ်လိုက်သည်။ ထိုငှက်သည် အင်္ဂလိပ်စကား၊ ပြင်သစ်စကား၊ ဂျပန်စကားနှင့် ကိုရီးယားစကားများကို ပြောတတ်သည်။ ကိုညိုသည် ဆိုင်ရှင်အား ထိုငှက်ကို အိမ်သို့ပို့ပေးရန် မှာကြားပြီး ရုံးသွားလေသည်။

ညနေခင်းရုံးမှ အိမ်သို့ ပြန်ရောက်သောအခါ သူ၏မိန်းမကို ခရီးရောက်မဆိုက် မေးလိုက်သည်။

“ချစ်… မောင်ပို့လိုက်တဲ့ ငှက်ကလေး ရတယ်မဟုတ်လား”

“ရပါတယ် မောင်၊ အခု ဟင်းအိုးထဲမှာလေ”
ဟု အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

ကိုညိုတစ်ယောက် အလန့်တကြားဖြစ်သွားပြီး …
“ဘာပြောတယ်၊ မင်း … မင်းငှက်ကို ဘာလုပ်လိုက်ပြီလဲ၊ ဒီငှက်က ဘာသာစကား လေးမျိုးတောင် ပြောတတ်တာကွ”
ဟု ပြောချလိုက်သည်။

ထိုအခါ ကိုညို့မိန်းမ ပြန်ဖြေလိုက်ပုံက …
“ဟင်းချက်ဖို့ ပြင်ဆင်တုန်းက ဘာမှမပြောဘဲ ငြိမ်ခံနေပြီးတော့… ကြည့်ရတာ မြန်မာစကားကောင်းကောင်းမပြောတတ်လောက်ဘူး ထင်ပါရဲ့ မောင်ရယ်”

Read More...

------------------------

Thursday, August 16, 2007

ငါ အိုသွားတဲ့အခါ

မှတ်သားဖူးခဲ့တဲ့ စာသားလေးတွေပါ ... ကောင်းကင်ကြိုက်နှစ်သက်သလို အားလုံးလည်း ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ် ...

ငါ အိုသွားတဲ့အခါ ငါဟာ အရင်က ငါ မဟုတ်တော့ဘူး…
ငါ့ကို နားလည်ပေးပါ၊ ငါ့ကို စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ …

ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့ မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့ …
ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာကို ကျေးဇူးပြုပြီး သတိရပေးပါ …

အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ …
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါ ချော့သိပ်ခဲ့ဘူးတာတွေကို သတိရပေးပါ …

မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့ …
ငယ်ငယ်တုန်းက ချော့တစ်ခါ ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဘူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ …

ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့ …
ငယ်ငယ်တုန်းက “ဘာကြောင့်” ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါ ပြန်ဖြေခဲ့တာကို သတိရပေးပါ …

စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးပါ …
လမ်းလျှောက်သင်စအရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက်ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ …

အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာတွေကို ငါ မေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ …
စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှ နားထောင်ပေးရင် ကျေနပ်ပါပြီ။

တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့ …
နားလည်ပေးပါ …
အားပေးပါ …
အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါ လမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံးအချိန်တွေအတွက် ငါ့ကို အဖော်ပြုပေးပါ …
အချစ်နဲ့ အေးမြမှုတွေကို ငါ ပြုံးပြုံးလေး လက်ခံမှာပါ …
အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေကို တွေ့ရမှာပါ …

Read More...

------------------------

တောင်းဆိုပါရစေ

အရှေ့နဲ့ အနောက်ဟာ
ဆန့်ကျင်ဘက် အရပ်တွေပါ။

အဖြူနဲ့ အမည်းဟာ
ဆန့်ကျင်ဘက် အရောင်တွေပါ။

နေ့နဲ့ ညဟာ
ဆန့်ကျင်ဘက် အချိန်တွေပါ။

ဒါပေမယ့် ချစ်သူ …
ဘာတွေ ဘယ်လိုပဲ ဆန့်ကျင်ဘက်တွေ ဖြစ်နေပါစေ
ကိုယ်နဲ့မင်းကတော့
အချစ်နဲ့ အမုန်းဆိုတဲ့
ဆန့်ကျင်ဘက် မြားနှစ်စင်း
ဘယ်တော့မှ မဖြစ်ပါရစေနဲ့။

ကောင်းကင်ပြာ

Read More...

------------------------

Wednesday, August 15, 2007

ချစ်သောမေမေ

မိဘရဲ့မေတ္တာဟာ တန်ဖိုးမဖြတ်နိုင်လောက်အောင်ကို ကြီးမားလှပါတယ် …
ဘာနဲ့မှနှိုင်းယှဉ်လို့မရတာဟာ မိဘရဲ့ မေတ္တာပါ …

အဲလိုကြီးမားလှတဲ့ မိဘမေတ္တာမှာမှ အမေ့ရဲ့မေတ္တာကို အားလုံးပိုပြီး နားလည်ခံစားနိုင်အောင် ဒီပို့စ်လေးကို အမှတ်တရ တင်လိုက်ပါတယ် …

When you were 1 year old, she fed you and bathed you.
You thanked her by crying all night long.

When you were 2 years old, she taught you to walk.
You thanked her by running away when she called.

When you were 3 years old, she made all your meals with love.
You thanked her by tossing your plate on the floor.


When you were 4 years old, she gave you some crayons.
You thanked her by coloring the dinning room table.


When you were 5 years old, she dressed you for the holidays.
You thanked her by plopping into the nearest.


When you were 6 years old, she walked you to school.
You thanked her by screaming, "I'M NOT GOING".


When you were 7 years old, she bought you a baseball.
You thanked her by throwing it through the next-door-neighbour's window.


When you were 8 years old, she handed you an ice-cream.
You thanked her by dripping it all over your lap.


When you were 9 years old, she paid for piano lessons.
You thanked her by never even bothering to practise.


When you were 10 years old, she drove you all day, from soccer to gymnastic, from one birthday party after another.
You thanked her by jumping out of the car and never looking back.


When you were 11 years old, she took you and your friends to the movies.
You thanked her by asking to sit in a different row.


When you were 12 years old, she warned you not to watch certain movie shows.
You thanked her by waiting until she left the house.


When you were 13, she suggested haircut.
You thanked her by telling her she had no taste.


When you were 14, she paid for a month away at summer camp.
You thanked her by forgetting to write a single letter.


When you were 15, she came home from work, looking for a hug.
You thanked her by having your bedroom door locked.


When you were 16, she taught you how to drive her car.
You thanked her by taking it every chance you could.


When you were 17, she was expecting the important call.
You thanked her by being on the phone all night.


When you were 18, she cried at your high school graduation.
You thanked her by staying out partying until dawn.


When you were 19, she paid for your college tution, drove you to campus carried your bags.
You thanked her by saying goodbye outside the dorm so you wouldn't be embarrassed in front of your friends.


When you were 20, she asked whether you were seeing anyone.
You thanked her by saying "It's none of your business".


When you were 21, she suggested certain careers for your future.
You thanked her by saying "I don't want to be like you" .


When you were 22, she hugged you at your college graduation.
You thanked her by asking whether she could pay for a trip to Europe.


When you were 23, she gave you furniture for your first apartment.
You thanked her by telling your friends it was ugly.


When you were 24, she met your fiancé and ask about your plans for the future.
You thanked her by glaring and growling "Muuhh-Ther, please".


When you were 25, she helped to pay for your wedding and she cried and told you how deeply she loved you.
You thanked her by moving halfway across the country.


When you were 30, she called with some advice on the baby.
You thanked her by telling her "Things are different now".


When you were 40, she called to remind you of a relative's birthday.
You thanked her by saying "You were really busy right now".


When you were 50, she fell ill and needed you to take care of her.
You thanked her by reading about the burden parents become to their children.


And one day, she quietly died. And everything you never did came crashing down like thunder on your HEART.

IF SHE'S STILL AROUND, NEVER FORGET TO LOVE HER MORE THAN EVER...

AND IF SHE'S NOT, REMEMBER HER UNCONDITIONAL LOVE AND PASS IT ON...

ALWAYS REMEMBER TO LOVE THE MOTHER BECAUSE YOU HAVE ONLY ONE MOTHER IN YOUR LIFETIME!!!

ကိုယ် ကိုယ်တိုင်လည်း မိဘရဲ့မေတ္တာကို အမြဲနားလည်ပြီး သမီးကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသလို ကောင်းကင်ရဲ့သူငယ်ချင်းများလည်း မိဘရဲ့ မေတ္တာကို နားလည်နိုင်ပြီး သားကောင်း သမီးကောင်းတွေဖြစ်အောင် ကြိုးစားနိုင်ပါစေလို့ …

Read More...

------------------------

အချစ်နှင့်အတူ (၂၂) ဇာတ်သိမ်း

(၁၇)

ဘုန်းမင်းခန့်က “ကျွန်တော်တို့တွေ့ကြရအောင်” ဟု ဖုန်းဆက်ပြောလာသောကြောင့် မိုးမြင့်ယံတစ်ယောက် သူတို့ချိန်းဆိုထားရာ ကော်ဖီဆိုင်လေးသို့ ထွက်လာခဲ့လိုက်သည်။ သက်ဇော်နှင့် ပြောပြီးနောက်ပိုင်း သူ မေရှိရာ “သံယောဇဉ်” ဟိုတယ်သို့လိုက်သွားချင်သော်လည်း ရုတ်တရက်ပေါ်လာသော အရေးကြီး အလုပ်ကိစ္စကြောင့် ချက်ချင်းမသွားနိုင်သေးပေ။ ချစ်စိတ်ကြောင့် သူအရာအားလုံးကို နားလည်ခွင့်လွှတ်ပြီး ချက်ချင်းလိုက်သွားချင်ပေမယ့်လည်း တစ်ဖက်မှာတော့ နောက်တစ်ကြိမ် အလားတူကိစ္စများ ထပ်မံဖြစ်မှာကို လည်း သူအလွန်စိုးရိမ်မိသည်။ ဒါကြောင့်လည်း သူ မေ့ဆီသို့ မလိုက်သွားခင် ဘုန်းမင်းခန့်နှင့်တွေ့ရန် စဉ်းစားခဲ့သည်။ ယခုလို ဘုန်းမင်းခန့်က သူနှင့်တွေ့ရန် ပြောလာသောအခါ သူ မငြင်းဘဲ တွေ့ရန် လက်ခံလိုက်တော့သည်။

မိုးမြင့်ယံ အတွေးမဆုံးခင်မှာဘဲ သူတို့ချိန်းဆိုရာ ကော်ဖီဆိုင်သို့ရောက်လာတော့သည်။ ဆိုင်ထဲရောက်တော့ သူဘေးပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထိုအချိန်မှာဘဲ ဘုန်းမင်းခန့်က special room မှထွက်လာပြီး သူ့ကို လှမ်းခေါ်နေတာ တွေ့လိုက်ရသည်။ မိုးမြင့်ယံ အခန်းထဲသို့ ၀င်လိုက်ရင်း စတင် နှုတ်ဆက်လိုက်တော့သည်။

“ကြာပြီလား ကိုဘုန်းမင်းခန့်”

“သိပ်မကြာသေးပါဘူး ကိုမိုးမြင့်ယံ”

“ကျွန်တော့်ကိုတွေ့ချင်တာ ဘာကိစ္စများရှိလို့လဲ ကိုဘုန်းမင်းခန့်”

“အေးအေးဆေးဆေးပြောကြတာပေါ့ ကိုမိုးမြင့်ယံ၊ တစ်ခုခုမှာပါအုံး”
ဘုန်းမင်းခန့်စကားအဆုံးမှာတော့ သူတို့ လက်ဖက်ရည်နှစ်ခွက်နှင့် စားစရာအချို့မှာလိုက်ကြသည်။

“ကျွန်တော့်ကို ဘုန်းမင်းခန့်လို့ပဲ ခေါ်ပါ ကိုမိုးမြင့်ယံ”

“အိုကေ ဘုန်းမင်းခန့်၊ ကိုယ့်ကိုလည်း မိုးမြင့်ယံလို့ပဲခေါ်ပါ”

“ကောင်းပြီ မိုးမြင့်ယံ”

“ကျွန်တော့်ကို တွေ့ချင်တဲ့ကိစ္စက …”

“အင်း … ကျွန်တော့်ညီမလေး မေမြတ်နိုးနဲ့ ပတ်သက်လို့ ကိုမိုးမြင့်ယံ အထင်မှားနေတာကို ပြောပြချင်လို့ပါ”

“သြော် …”

“မိုးမြင့်ယံက ကျွန်တော်နဲ့ ညီမလေးကို အထင်လွဲနေတယ်လို့ ညီမလေးက ပြောတယ်၊ ဟိုးအရင်ကတည်း က ကျွန်တော်ရှင်းပြမယ်လို့ ညီမလေးကို ပြောပေမယ့် ညီမလေးက တားနေလို့ မရှင်းပြဖြစ်တာပါ၊ ခုလည်း ကျွန်တော့်သဘောနဲ့ကျွန်တော် မိုးမြင့်ယံကို လာရှင်းပြတာပါ၊ ညီမလေး စိတ်မကောင်းဖြစ်နေတာကို မမြင်ချင်တာရော၊ နောက်ပြီး ချစ်တဲ့သူနှစ်ယောက် ဘာမဟုတ်တဲ့ကိစ္စနဲ့ ဝေးရမှာကိုလည်း စိုးရိမ်တာကော ကြောင့် ကျွန်တော် ပြောပြတာပါ”

“ကျွန်တော်ကတော့ မေ့ကို လက်လွှတ်မခံပါဘူး ဘုန်းမင်းခန့်၊ ကျွန်တော် အလုပ်ကိစ္စအရေးတကြီး ပေါ်လာလို့ မေ့ဆီမသွားဖြစ်သေးတာပါ၊ သူ့ကိုယုံကြည်နားလည်ပြီး ချစ်မယ်လို့ ကျွန်တော် ဆုံးဖြတ်ထား ပြီးသားပါ”

“မိုးမြင့်ယံဆီက ဒီလိုစကားကြားရတဲ့အတွက် ညီမလေးကိုယ်စား ကျွန်တော်တကယ်ကိုဝမ်းသာပါတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်ရှင်းပြတာကို နားထောင်ပြီးရင် ညီမလေးကို မိုးမြင့်ယံ ပိုနားလည်သွားမှာပါ”
မိုးမြင့်ယံ ဘာမှမပြောဘဲ ခေါင်းသာညိမ့်ပြလိုက်သည်။

“ညီမလေးက ဘယ်သူနဲ့မှမတူတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတာကို မိုးမြင့်ယံလည်း သတိထားမိ မယ်လို့ ကျွန်တော်ထင်ပါတယ်၊ သူက တော်ရုံစကားတွေကို ထုတ်ပြောဖို့ အရမ်းကို ၀န်လေးတယ်၊ ဘာမဟုတ်တာကိုလဲ သူက အရမ်းစိတ်ပူတတ်တယ်၊ သူ့အယူအဆမှန်တယ်ထင်ရင် ဘယ်တော့မှလည်း နောက်မဆုတ်တတ်ဘူးလေ၊ မိုးမြင့်ယံတို့ကြားမှာ အဲဒီအချက်က ပြဿနာဖြစ်မှာပါ၊ ကျွန်တော်က မကြာခင်မှာ ကျွန်တော့်ချစ်သူနဲ့လက်ထပ်တော့မယ်ဆိုတာကို မိုးမြင့်ယံကို ညီမလေး ပြောပြဖူးသလား”

ဘုန်းမင်းခန့်စကားကြောင့် မိုးမြင့်ယံ အံ့သြတကြီးဖြင့် သူ့ကို ကြည့်လိုက်မိသည်။

“ကျွန်တော့်ကို တစ်ခါမှ မပြောဘူး ဘူး ဘုန်းမင်းခန့်”

“ကျွန်တော်လည်း ထင်ပါတယ် မိုးမြင့်ယံ၊ သူက သူ့ကိုယ် ယုံကြည်မှုမရှိတဲ့သူကို မကြိုက်ဘူးလေ၊ ဒီကိစ္စကို ပြောလိုက်ရင် မိုးမြင့်ယံအနေနဲ့ ကျွန်တော်တို့ကို ဒီလောက်ထိ အထင်မလွဲနိုင်ဘူးဆိုတာ သူသိရက်နဲ့ မပြောဘူး၊ ဒီလို သိသွားလို့အဆင်ပြေတာမျိုးကို သူက မလိုချင်ဘူးလေ၊ နောက် အရေးကြီးဆုံးအချက်ကိုတော့ ကျွန်တော် မိုးမြင့်ယံကို သေချာပြောပြထားမယ်၊ ကျွန်တော်တို့က မိုးမြင့်ယံကြောင့် ခင်မင်ခဲ့တာဆိုရင် မိုးမြင့်ယံ ယုံချင်မှယုံလိမ့်မယ်၊ ဒါပေမယ့် အဲဒါက တကယ်ပါပဲ၊ မိုးမြင့်ယံတို့က ဟိုးအရင်ကတည်းက တစ်ယောက်နဲ့တစ်ယောက်တွေ့ခဲ့ဘူးတယ်ဆိုတာ ကျွန်တော်သိထား ပါတယ်၊ အဲဒီအချိန်ကတည်းက ညီမလေးက မိုးမြင့်ယံကို စိတ်ဝင်စားနေခဲ့တာ၊ မိုးမြင့်ယံကို သတိရပြီး သူ “မောင်နှံကျွန်း” မှာ တစ်ယောက်တည်းကျန်နေခဲ့ရင်းက ကျွန်တော်နဲ့ခင်ခဲ့တာ၊ အဲဒါထားပါလေ၊ ကျွန်တော် အဓိကပြောချင်တာက မိုးမြင့်ယံကို ညီမလေးက အရမ်းကိုချစ်တယ်ဆိုတာပါပဲ၊ သူက သူများနဲ့မတူတော့ သူချစ်တာကို မိုးမြင့်ယံနားလည်အောင် မပြတတ်ဘူးပေါ့၊ အဓိကကတော့ အဲဒါပါဘဲ၊ နောက်တစ်ခုကတော့ ညီမလေးနဲ့ ကျွန်တော်က တကယ့်မောင်နှမတွေလိုပဲ ခင်တာပါ၊ တခြားစိတ်မရှိပါဘူး၊ ကျွန်တော်တို့က တကယ့်မောင်နှမအရင်းတွေမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် အရမ်းခင်ကျတော့ မိုးမြင့်ယံ အမြင်မှာ သဘောတစ်မျိုးဖြစ်ချင်စရာ ဖြစ်တာဖြစ်မှာပါ၊ အဲဒီအတွက်တော့ ဘာမှမဖြစ်ပါနဲ့လို့ ကျွန်တော် ပြောချင်ပါတယ်”

“ကျွန်တော်တစ်ခုလောက်မေးချင်တယ် ဘုန်းမင်းခန့်၊ ကျွန်တော့်စိတ်ထဲမှာ ဇဝေဇ၀ါနည်းနည်းဖြစ်နေလို့ ပါ”

“ဘာများလဲ မိုးမြင့်ယံ၊ မေးပါ ရပါတယ်”

“ကျွန်တော်တို့ ပြဿနာဖြစ်တဲ့အကြောင်းကို ခင်ဗျားသိသလား၊ အဲဒီနေ့က မေနဲ့ ခင်ဗျားကိုတွဲလျက်၊ အင်း အတိအကျပြောရရင် အထင်မှားလောက်စရာပုံစံမျိုးနဲ့ ကျွန်တော်တွေ့လိုက်တာလေ”

“အဲဒါက ဒီလိုပါ မိုးမြင့်ယံ၊ တိုက်ဆိုင်တယ်လို့ပဲ ပြောရမှာပေါ့လေ၊ ဒါပေမယ့် ကျွန်တော်မဖြေခင်တစ်ခု အရင်မေးချင်တယ်”

“ဘာများလဲ ကိုဘုန်းမင်းခန့်”

“ညီမလေး ရန်ကုန်ကို ဘာကိစ္စကြောင့်လာတယ်ဆိုတာ သိသလား”

ဘုန်းမင်းခန့်အမေးကြောင့် သူတစ်ချက် တွေဝေသွားသည်။ အဲဒီတုန်းက သူ မေနှင့်အကြီးအကျယ်သာ ရန်ဖြစ်လိုက်ရသည်။ မေ ရန်ကုန်ကို ဘာကြောင့်လာသလဲဆိုတာ သူမမေးမိသလို၊ မေကလည်း သူ့ကို မပြောပြခဲ့ပေ။ မေကတော့ သူ့ကို ရန်ကုန်လာသည့်အကြောင်းပြောဖို့လုပ်ခဲ့သေးသလား။ သူ သေချာ မမှတ်မိတော့ပေ။ သူ သိသည်က အဲချိန်က မေ့ကို သူအရမ်းကို စိတ်ဆိုးနေမိခြင်းဖြစ်သည်။

“ဘာကြောင့်လာတယ်ဆိုတာ မသိဘူးလား မိုးမြင့်ယံ”
ဘုန်းမင်းခန့်အမေးကြောင့် သူ စဉ်းစားတာကို ရပ်လိုက်ရင်း

“မသိဘူး ဘုန်းမင်းခန့်၊ ကျွန်တော်လည်း မမေးမိသလို မေကလည်း မပြောပြခဲ့ဘူးလို့ထင်တာပဲ”
ဇဝေဇ၀ါဖြင့် ပြောလိုက်သည်။

“အင်း … သူနေမကောင်းလို့လာတာ ကိုမိုးမြင့်ယံ”

“နေမကောင်းလို့ …”
သူအံ့သြစွာဖြင့် ဘုန်းမင်းခန့်ကို ကြည့်လိုက်ရင်း ရေရွတ်လိုက်သည်။

“ဟုတ်တယ်”

“မေ ဘာဖြစ်လို့လဲ ဘုန်းမင်းခန့်၊ ရောဂါတစ်ခုခုဖြစ်နေလို့လား”

“မဖြစ်ပါဘူး မိုးမြင့်ယံ၊ ဒါပေမယ့် သူခဏခဏနေမကောင်းချင်သလိုဖြစ်တယ်၊ အစားအသောက်ပျက်တယ်၊ နောက်ပြီး နားကလည်းတစ်ခါတစ်ခါကိုက်တယ်လို့ပြောလို့ ကျွန်တော်က စိတ်ချရအောင် လာစစ်ခိုင်းတာ ပါ၊ ဆေးစစ်ချက်ကတော့ အားလုံးကောင်းပါတယ်၊ အဲနေ့က ကျွန်တော်တို့ကိုတွေ့တာက ဆေးခန်းက အပြန်ဖြစ်မယ်၊ နားဆရာဝန်ပြပြီးအပြန်လေ၊ နားသွားပြရင်း သူမူးလဲသွားလို့ ကျွန်တော်တွဲခေါ်လာတာကို မိုးမြင့်ယံမြင်ပြီး အထင်မှားသွားတာဖြစ်မယ်”

“မူးလဲသွားတယ်၊ ဘာဖြစ်လို့လဲ”

“နားကြည့်ရင်းနဲ့ မတော်တဆဖြစ်သွားတာပါ၊ စိုးရိမ်စရာမရှိပါဘူး မိုးမြင့်ယံ”

“သြော် …”

“ခုလောက်ဆို မိုးမြင့်ယံစိတ်ထဲမှာ မရှင်းတာတွေ မရှိတော့ဘူး မဟုတ်လား”

“ဟုတ်ကဲ့ ကိုဘုန်းမင်းခန့်၊ ခုလို တကူးတက လာရှင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ယခုတော့လည်း မိုးမြင့်ယံစိတ်ထဲတွင် ဘာမကျေနပ်မှု၊ မယုံကြည်မှုများ မရှိတော့ပေ။ မဆင်မခြင် စွပ်စွဲခဲ့မိသော သူ့ကိုယ်သူသာ အပြစ်တင်နေမိတော့သည်။ သူ့ကိုသိပ်ချစ်ခဲ့သော ကောင်မလေးအား သူ မညှာမတာပြောခဲ့မိသည့်အတွက် စိတ်မကောင်းလည်းဖြစ်မိသည်။ မေ ပြောခဲ့ဘူးသလိုပင် တစ်ယောက်နှင့် တစ်ယောက် ယုံကြည်မှုရှိမှသာ အချစ်က ခိုင်မြဲနိုင်မည်ဖြစ်ကြောင်း သူသိရှိနားလည်ခဲ့ပြီ။မိုးမြင့်ယံကားလေးက အဝေးပြေးကားလမ်းမကြီးပေါ်တွင် တရိပ်ရိပ်ပြေးနေလေသည်။ ကြည်နူးပျော်ရွှင်ဖွယ် ကောင်းသောအချစ်ဇာတ်လမ်းလေးအား ပြန်လည်ရှင်သန်စေရန် မေမြတ်နိုးရှိရာ “သံယောဇဉ်” ဟိုတယ်လေး ဆီသို့ ဦးတည်လျက် …

Read More...

------------------------

Tuesday, August 14, 2007

ရှာဖွေကြည့်ရအောင် …

ဗေဒင်ဆိုတာ တော်တော်များများ စိတ်ဝင်စားကြပါတယ်... အခုဖော်ပြပေးလိုက်တဲ့အကြောင်းအရာလေးကတော့ ကိုယ့်မွေးနေ့ရဲ့အရောင်ကို ရှာဖွေပြီး ကြည့်ရတဲ့ ဗေဒင်လေးပဲ ဆိုပါတော့…

သင်လည်း စိတ်ဝင်စားတယ်ဆိုရင် ကိုယ့်မွေးနေ့အရောင်လေးကို ရှာဖွေပြီး ဟုတ်၊ မဟုတ်တိုက်စစ်ကြည့်ပါလား…

If your BIRTHDAY is .......

December 23rd ~ January 1st = Red

January 2nd ~ January 11th = Orange

January 12th ~ January 24th = Yellow

January 25th ~ February 3rd = Pink

February 4th ~ February 8th = Blue

February 9th ~ February 18th = Green

February 19th ~ February 28th = Brown

March 1st ~ March 10th = Aqua

March 11th ~ March 20th = Lime

March 21st = Black

March 22nd ~ March 31st = Purple

April 1st ~ April 10th = Navy

April 11th ~ April 20th = Silver

April 21st ~ April 30th = White

May 1st ~ May 14th = Blue

May 15th ~ May 24th = Gold

May 25th ~ June 3rd= Cream

June 4th ~ June 13th = Grey

June 14th ~ June 23rd = Maroon

June 24th = Grey

June 25th ~ July 4th = Red

July 5th ~ July 14th = Orange

July 15th ~ July 25th = Yellow

July 26th ~ August 4th = Pink

August 5th ~ August 13th = Blue

August 14th ~ August 23rd = Green

August 24th ~ September 2nd = Brown

September 3rd ~ September 12th = Aqua

September 13th ~ September 22nd = Lime

September 23rd = Olive

September 24th ~October 3rd = Purple

October 4th ~ October 13th = Navy

October 14th ~ October 23rd = Silver

October 24th ~November 11th = White

November 12th ~ November 21st = Gold

November 22nd ~ December 1st = Cream

December 2nd ~ December 11th = Grey

December 12th~ December 21st = Maroon

December 22nd = Black


RED

Cute and lovable type, You are picky but always in love... and liked to be loved. Fresh and cheerful, but can be "moody" at times. Capable with people nice, soft, and that can love you for the way you are. Likes people that are easy to talk to, and can make you feel. comfortable.


ORANGE

You are responsible for your own actions, and you know how to treat people.You always have goals to reach and you really work hard to get there, you are competitive. Your friends are really important to you and you appreciate what you have, you sometimes over react that's because you are sensitive. comfortable.


YELLOW

You are sweet and innocent. Trusted by many people, and have a strong leadership towards relationships. You make good decision and make the right choice at the right time. And always dreaming of Romantic Relationship.


BLUE

You may have low self-esteem, and can be very picky. You are artistic and like to fall in love, but you let your love pass by, by loving with your mind, not your heart. relationship.


PINK

You are always trying your best in everything, and like to help and care for other people. But you are not easily satisfied. You have negative thoughts, and you look for romantic love like in a fairytale. relationship.


GREEN

You get along well with new people. You are not really a shy person, but sometimes you can hurt people's feelings by your words... You like to be loved and noticed by your lover, but mostly you are single, waiting for the right person.


BROWN

You are active and sportive. It's hard for other people to become close with you, but you fall in love easily. But once you find out you can't get something, you give up and let go easily as well.


AQUA

Your feelings change suddenly and easily. You are always lonely, and like traveling. You are truthful, but listen and believe other people too easily. It's hard to find love for you, and get lost in love easily, Sometimes get hurt by love.


LIME

You are calm, but easily stressed out. You get jealous easily, and complain over little things. You can't get stuck into one thing, but you have a capable personality for everyone to trust you and like you.


BLACK

You are challenging, and have the "guts". But you don't like changes in your life. And once you make a decision, you keep it that way for a long time. Your love life is also challenging, and different.


PURPLE

You are Mysterious, never selfish and get interested in things easily. Your day can be Sad or Happy depending on your mood.You are popular between friends but you can act stupid at times,and forget things easliy.You go for a person that's trustworthy.


NAVY

You are attractive, and love your life.You have a strong feeling towards everything. And very easily distracted.Once you get angry at someone, its hard for you to forgive them.


OLIVE

You are warm and light hearted.You seem to flow well with friends and family. You don't like Violence and know what's right.You are Kind and cheerful but don't evny other people.


SILVER

You are imaginative and fun, You love trying new things.You like to challenge yourself and you learn things easily, you're easy to talk to and give good advice.When comes to friendship, you find it hard to trust someone, but once you find the right friend, you trust them forever.


GOLD

You know what's right and what's wrong. You are cheerful and out going. It's hard for you to find the one you want, but once you find the right person, you won't be able to fall in love again for a long time.


CREAM

Competitive and sportive. Don't like losing and always cheerful! You are trustworthy, and very out going. You choose love carefully, and don't fall in love easily. But once you find the right one, you don't let go or a long time.


GREY

You are attractive, and active. You never hide your feelings, and express everything that's inside. But can be selfish at times. You want to be noticed, and don't like to be treated unequally. You can brighten up peoples day. You know what to say at the right time, and you have a good sense of humor.


MAROON

You are intelligent, and know what's right. You like to make things go your way, which can sometimes cause trouble for not thinking about other people's feelings. But you be patient when it comes to love.. Once you get a hold of the right person, it's hard for you to find a better love.


WHITE

You are shiny person,cute and intelligent Person. You like to make friendship with your higher persons, which can sometimes cause trouble. Your Strength is Your Love towards friends.You always looks to love somebody and u be loved by somebody. Your Intelligence may lead to success in your life.


ဗေဒင်သွားမေးတိုင်း အားလုံးမဟုတ်ရင်တောင် ကိုယ့်အကြောင်းနည်းနည်းလေးဖြစ်ဖြစ် ပြောတာ မှန်တယ်ဆိုရင် ဘာမှမဟုတ်ပေမယ့်လည်း ကြည်နူးမိတတ်ကြပါတယ်…

သင်လည်း သင့်ရဲ့မွေးနေ့အရောင်လေးကို ဖတ်ရင်း ကြည်နူးနိုင်ပါစေလို့ ဆန္ဒပြုရင်း…

Read More...

------------------------

အချစ်နှင့်အတူ (၂၁)

“မင်းပြောတဲ့အတိုင်းဆို ငါတောင် နားလည်ရခက်နေပြီ၊ မင်းတို့ ပြဿနာဖြစ်ပြီးနောက်ပိုင်း လုံးဝမတွေ့ ကြ တော့ဘူးလား”
မိုးမြင့်ယံ ခေါင်းကို လေးပင်စွာခါပြရင်း

“မတွေ့ ဖြစ်ပါဘူးကွာ၊ ငါလည်း သူ့ဆီ ဖုန်းမဆက်ဖြစ်ဘူး၊ သူလည်း ငါ့ဆီ ဖုန်းဆက်မလာဘူးလေ”
စိတ်ပျက်စွာဖြင့် ပြောလိုက်မိသည်။

“မင်းတို့မတွေ့တာ တော်တော်ကြာပြီမဟုတ်လား၊ မင်းကောင်မလေးကကော ခုဒီမှာလား”

“ကြာပြီလေ၊ တစ်ပတ်ကျော်လောက်ရှိပြီ၊ သူ ဒီမှာပဲလား ဟိုမှာလား ဆိုတာတော့ ငါလည်း မသိတော့ဘူး”

မိုးမြင့်ယံ သက်ပြင်းကိုသာ အခါခါချမိတော့သည်။ ဒီကာလအတွင်းမှာ မေတော့မသိ။ သူကတော့ မေ့ကို သတိရစိတ်နှင့် ဘာလုပ်လုပ် ကောင်းကောင်းကို အဆင်မပြေ။ တွေ့ချင်စိတ်ကို မြိုသိပ်ထားရတာကလည်း သူ့ရင်ထဲမှာ မခံချိမခံသာဖြစ်မိသည်။ သူကပဲ အားလုံးကို အလျှော့ပေးလိုက်ရမည်လား၊ မေ ပြောတာတွေ အားလုံးကို သူ ယုံကြည်လိုက်ရတော့မည်လား၊ ဒီတိုင်းပဲ သူတို့ဇာတ်လမ်းကို ရပ်လိုက်ရတော့မည်လား၊ ခေါင်းထဲတွင် အတွေးပေါင်းစုံဖြင့် ယောက်ယတ်ခတ်နေသည်။ သို့သော်လည်း သူ ယခုတိုင် ဝေခွဲမရနိုင် ဖြစ်နေရသည်။ နောက်ဆုံးတော့ သူ့အဖြစ်ကို သက်ဇော်ကိုသာပြောပြရင်း ရင်ဖွင့်မိတော့သည်။

“မင်း ပြောတာနားထောင်ကြည့်ပြီး ငါလည်း မင်းကောင်မလေးကို သိပ်နားမလည်တော့ဘူး မိုးမြင့်ယံ”

“အင်း ငါလည်း မေ့ကို ဘယ်လိုပုံစံနဲ့ နားလည်ရမလဲဆိုတာ မစဉ်းစားတတ်တော့ဘူး”

“အင်း မင်းတောင် မသိတာ ငါက ပိုဆိုးတာပေါ့ကွ”

“ငါနဲ့မေနဲ့ ချစ်သူတွေဆိုတာ ဘုန်းမင်းခန့်မသိတာကော ဖြစ်နိုင်လား သက်ဇော်”

“သေချာတော့ ငါမပြောတတ်ဘူး၊ ဒါပေမယ့် သူမသိဘူးလို့တော့ ငါမထင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ခပ်တုံးတုံးသူတစ်ယောက်ဖြစ်မယ်လို့ ငါမထင်ဘူး၊ ဘုန်းမင်းခန့်က အဲလိုလူတစ်ယောက်ဖြစ်တယ် ဆိုရင် မင်းကောင်မလေးနဲ့ ဒီလိုတွေဖြစ်လာစရာအကြောင်းမရှိဘူး”

“ငါကတော့ သူတို့နှစ်ယောက်ပတ်သက်မှုက မရိုးသားဘူးလို့ ထင်တာပဲ၊ တစ်ယောက်နဲ့တစ်ယောက် ကြင်နာနေကြတာ ငါ ပြောကို မပြောချင်ဘူး၊ ဒါကို သူတို့က မောင်နှမတွေပါ၊ ရိုးသားပါတယ်လို့ပြောတာ ငါ ဘယ်လိုယုံရမလဲ သက်ဇော်”

“ငါကတော့ မေမြတ်နိုးကိုပဲ မယုံချင်တော့ဘူး မိုးမြင့်ယံ၊ သူ မရိုးသားတာလို့ပဲ ငါထင်တယ်၊ ငါ့ အထင်ကို မင်းကို ပြောပြမယ်၊ စိတ်တော့မဆိုးနဲ့၊ သူလုပ်နေတဲ့ပုံစံက ငါးရံ့နှစ်ကောင်ဖမ်းနေတဲ့ပုံစံမျိုး ဖြစ်နေတယ်လို့ ငါထင်တယ်၊ သူလုပ်နေတာတွေကို ငါသေချာမမြင်ရပေမယ့် မင်းပြောတဲ့စကားအတိုင်းအရဆို အဲလိုဖြစ်ဖို့ များနေတယ်”

သက်ဇော်ပြောတဲ့စကားလုံးတိုင်းက မိုးမြင့်ယံရင်ထဲသို့ ပူလောင်စွာဖြင့် စီးဝင်သွားသည်။ မိုးမြင့်ယံစိတ်ထဲ တွင်လည်း အသက်ရှူရပ်တော့မတတ် ခံစားနေရသည်။ သက်ဇော်ပြောတဲ့စကားလုံးတွေက မဖြစ်နိုင်ဘူးဟု မိုးမြင့်ယံလည်း မငြင်းရဲ။ ချစ်သူတွေမို့ သူ့နှုတ်က ဖွင့်မပြောရက်လို့ ခုလိုရေငုံနှုတ်ပိတ်နေခဲ့ပေမယ့်လည်း စိတ်ထဲတွင်တော့ သက်ဇော်ပြောသလိုပင် ခံစားနေရသည်။ ခုတော့ သက်ဇော်က သူ့ကို ပြောခဲ့ပြီ။ သူ ဘယ်လိုဖြေရှင်းရမလဲဆိုတာလည်း မစဉ်းစားတတ်တော့။ ခေါင်းတွေသာ ပူလာသည် အဖြေကတော့ ရှာလို့ မရပေ။ စိတ်ညစ်တာ စိတ်ပျက်တာတွေကိုသာ ခံစားနေရတော့သည်။ ဒီလိုအခြေအနေသို့ရောက်အောင် တွန်းပို့နေသော မေ့ကိုသာ ရက်စက်သည်ဟု သူဆိုချင်တော့သည်။

“ငါတော့ သေချာမသိတော့ပါဘူး သက်ဇော်ရာ၊ ဒီလိုဖြစ်နေတာကို စိတ်ပျက်သလို စိတ်လည်းညစ်တယ်၊ ငါတို့ဇာတ်လမ်းကို ဘယ်လိုဆက်ရမလဲဆိုတာတောင် မသိတော့ဘူး”

“အင်း … တကယ်ဆိုရင် မေမြတ်နိုးက သေသေချာချာ ပြောထားသင့်တယ်”

“ဘာကိုလဲ”

“မင်းတို့အကြောင်းကိုပေါ့၊ မင်းနဲ့ မေမြတ်နိုးက ချစ်သူတွေဖြစ်နေပြီဆိုတာကို ဘုန်းမင်းခန့်ကို သူက ပြောထားသင့်တာပေါ့၊ ငါ့အထင်တော့ မင်းကိုတော့ တစ်မျိုးပြောလိုက်၊ ဘုန်းမင်းခန့်ကိုတော့ တစ်မျိုး ပြောလိုက် လုပ်နေလားမသိဘူး။ မင်းတို့ချစ်သူတွေ တကယ်ဖြစ်သွားပြီဆိုတာကို ဘုန်းမင်းခန့်က မသိဘဲ မင်းကပဲ မေမြတ်နိုးကို တစ်ဖက်သတ်ကြိုက်ပြီး အတင်းလိုက်ကပ်နေတယ်လို့ ထင်နေတာ ဖြစ်နေအုံးမယ်”

သက်ဇော် ပြောသလိုပဲ မိုးမြင့်ယံလည်း စဉ်းစားခဲ့ဘူးသည်။ မေမြတ်နိုးက အခြားအရာတွေမှာ ပွင့်လင်း ရိုးသားပေမယ့် ဘုန်းမင်းခန့်နှင့်ပတ်သက်လျှင်တော့ တစ်ခုခုကို ဖုံးကွယ်ထားသလို၊ မပြောချင်သလိုဖြင့် အရမ်းကို လျှို့ဝှက်လွန်းလှသည်။ မေမြတ်နိုး ယခုပုံစံနှင့်တော့ ကြာလျှင် ဘုန်းမင်းခန့်နှင့်သူတော့မလွယ်။

“မေက ရိုးသားတဲ့မိန်းကလေးတစ်ယောက်လို့တော့ ငါယူဆပါတယ် သက်ဇော်၊ ဒါပေမယ့် ဘုန်းမင်းခန့်နဲ့ ပတ်သက်လာရင်တော့ အဲလိုမဟုတ်တော့ပြန်ဘူး၊ ဘုန်းမင်းခန့်နဲ့ပတ်သက်လာရင်ကွာ … ဘယ်လိုပြောရ မလဲ … ငါကကွာ နောက်လူဖြစ်သွားတယ်လို့ ငါ့ကိုယ်ငါခံစားရတယ်၊ အဲဒါကိုပဲ ငါက သည်းမခံနိုင်တာ”

“အင်း … ဒါဆို ဒီလိုကော မဖြစ်နိုင်ဘူးလား မိုးမြင့်ယံ”

“ဘယ်လိုလဲ သက်ဇော်”

“မေမြတ်နိုးက ဘုန်းမင်းခန့်ကို ချစ်နေပြီး ဘုန်းမင်းခန့်က သူ့ကို ဖွင့်မပြောလို့ စိတ်ဆိုးပြီး မင်းနဲ့ အရွဲ့တိုက်ပြီး တွဲပြတာမျိုးလေ”

စိတ်ညစ်လို့တိုင်ပင်မိကာမှ သက်ဇော်စကားတွေက တစ်ခုမှမသက်သာ။ တစ်ခါပြောလိုက်တိုင်း သူ့ရင်ဝကို တစ်ခါထိုးလိုက်သလို နင့်နင့်သွားရသည်။ ကြားရမသက်သာသောစကားတွေချည်း ပြောနေတော့သည်။

“ဘာပဲဖြစ်ဖြစ်ပေါ့ သက်ဇော်၊ ငါ မေ့ကို အရမ်းချစ်တယ်၊ သူက ငါ့ဘ၀အတွက် ထူးခြားတဲ့မိန်းကလေး တစ်ယောက်ပဲလေ၊ နောက်ပြီး ငါ့ဘ၀မှာ သံယောဇဉ်အဖြစ်ရဆုံး မိန်းကလေးမို့ အရမ်းမြတ်နိုးပြီး တန်ဖိုး ထားရတယ်၊ ဒါကြောင့်လည်း တော်ရုံ စိတ်မကျေနပ်စရာကိစ္စတွေကိုတော့ ဘာမှမပြော ဘာမှမဝေဖန်ဘဲ နားလည်ပေးခဲ့တယ်၊ ဒါပေမယ့် ဒီတစ်ခါတော့ ငါ ဘယ်လိုလုပ်ရမလဲဆိုတာ မသိတော့ဘူး”

“မင်းစိတ်ထဲမှာ လုပ်သင့်တယ်လို့ ယူဆတာကို လုပ်လိုက်ပေါ့ကွာ၊ ဒါပေမယ့်လည်း မဟုတ်တာတွေတော့ မလုပ်နဲ့”

“ငါ ဘုန်းမင်းခန့်နဲ့ သွားတွေ့ပြီး ပြောရင်ကောင်းမလား သက်ဇော်”

“မဟုတ်တာကတော့ စလုပ်နေပြီ၊ မင်းက သူ့ကို သွားတွေ့ပြီးတော့ ဘာပြောမလို့လဲ၊ မေမြတ်နိုးနဲ့ ကျွန်တော်က တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်တဲ့ချစ်သူတွေပါလို့ သွားပြောမလို့လား”

“မသိဘူးလေကွာ၊ သွားတွေ့ရင် ကောင်းမလားလို့စဉ်းစားမိလို့ပါ၊ မင်းကလဲ”

“မင်းကလဲ လုပ်မနေနဲ့၊ အဲလို အူကြောင်ကြောင်တွေလုပ်လို့ ခုလိုဖြစ်နေတာ၊ ဟိုက ဘာမှန်းမသိဘဲနဲ့ သွားပြောတော့ မင်း သူ့ကိုသွားစော်ကားသလိုဖြစ်မှာပေါ့ကွ၊ စဉ်းစဉ်းစားစားလေးလည်း လုပ်ပါကွာ၊ မင်းလုပ်ပုံက မေမြတ်နိုးကို ရမရတော့ မသိဘူး၊ လက်သီးစာတော့ ရတော့မှာ သေချာသလောက်ပဲ”

“မင်းကတော့ အပြောလေးနဲ့ ဟုတ်တယ်ကွ၊ ဟိုမှာက ငါ့ကို ငါတို့ဇာတ်လမ်းကို သူ့ဘက်ကပဲ စရပ် ပါတယ်၊ ပျော်ရွှင်ပါစေလို့ ပြောသွားတာကွ၊ သူ့ကို မယုံသင်္ကာနဲ့ ထပ်သွားပြောရင်လည်း တကယ်ပြတ် ကြရုံရှိတော့မယ်၊ ဒါကြောင့် ဘုန်းမင်းခန့်နဲ့တွေ့ပြီး ရှေ့ဆက်သင့်ဆက် မဆက်သင့်လည်း ဆက်လို့ရမယ့် နည်းလမ်းရှာရမှာကွ”

“မင်း မေမြတ်နိုးကို ဘယ်လိုပဲဖြစ်ဖြစ် အပြတ်မခံနိုင်ဘူးပေါ့”

“ဟုတ်တယ် သက်ဇော်၊ မေ့ကို ငါတကယ်ချစ်တာ၊ လက်ထပ်ဖို့အထိ ရည်ရွယ်ထားပြီးသား”

“ဒါဖြင့်လည်း မင်းအကောင်းဆုံးနည်းလမ်းကို ရှာပေါ့ကွာ၊ ဖြစ်နိုင်မယ်ဆိုရင်တော့ မေမြတ်နိုးပြောသလို သူတို့နှစ်ယောက်ကို မင်းယုံကြည်ပြီး နားလည်ပေးလိုက်ပေါ့၊ ဒါဆို အားလုံးက ပြေလည်သွားမှာပါ၊ အရေးကြီးတာက မင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်နေကြဖို့ပဲ၊ ချစ်နေကြမှတော့ ကျန်တာတွေကို မေ့ပစ်ပြီး ယုံယုံကြည်ကြည်နဲ့ လက်တွဲကြပေါ့ကွာ”

“အင်း၊ မင်းပြောသလိုပဲ လုပ်ရတော့မှာပေါ့ကွာ၊ ချစ်မိပြီဆိုမှတော့ အတတ်နိုင်ဆုံး ယုံကြည်နားလည်ပေး ရမှာပေါ့”

“အင်း … အဲဒါအကောင်းဆုံးပဲ မိုးမြင့်ယံ”

Read More...

------------------------

Monday, August 13, 2007

The colours of friends

ကိုယ့်ရဲ့ဘ၀မှာ သူငယ်ချင်းတွေက ပုံစံအမျိုးမျိုးနဲ့ပါ... တချို့ကလည်း ကောင်းတာ ဆိုးတာ အားလုံးကို လက်ခံပေးနိုင်တဲ့ သူငယ်ချင်း၊ တချို့ကတော့ ကိုယ့်ရဲ့ ကောင်းချက်တွေကိုပဲ လက်ခံပြီး တစ်စုံတစ်ခု ဆိုးလိုက်မိတာနဲ့ ကိုယ့်ကိုယ် မျက်ကွယ်ပြုသွားတဲ့သူငယ်ချင်းမျိုး၊ တချို့ကကျတော့လည်း ကိုယ့်ကို နားလည်အောင် ရှင်းပြပြီး လူတော်တစ်ယောက်၊ လူကောင်းတစ်ယောက်ဖြစ်စေချင်တဲ့ သူငယ်ချင်းမျိုး၊ တချို့ကတော့ ကိုယ့်ကို ရယ်မောစေနိုင်၊ ငိုစေနိုင်တဲ့ သူငယ်ချင်းမျိုး ... စသည်ဖြင့်ပေါ့လေ ...

အဲလို အမျိုးမျိုးသော သူငယ်ချင်းတွေကို အရောင်လေးတွေနဲ့ တင်စားကြည့်ရအောင်...

တကယ်လို့သာ သင့်မှာ အခုဖော်ပြလိုက်တဲ့ သူငယ်ချင်းတွေ အားလုံးရှိခဲ့ပြီ ဆိုရင်တော့ သင့်ဘ၀ဟာ တော်တော်ကို ပျော်စရာကောင်းနေပါပြီ။ ဘာလို့လဲဆိုတော့ သင်ဟာ သက်တန့်ရောင်စဉ်နဲ့ သူငယ်ချင်းတွေ ပိုင်ဆိုင်နေပြီမို့ပေါ့ ...


“Green color Friend"

One who sees the positive
and puts hope in everything


"Blue color Friend"

Color of the sea and the sky...
Friend who brings Peace and serenity


“Yellow color Friend"

Color of the Sun...
Friend who makes us laugh,
and shows us a star when we are sad


“Red color Friend”

One who reminds us of the rules in life,
but encourages us to change,
with warm loving words


“Orange color Friend”

Enhances our spirit with new energy ,
with loving vitamins to help us grow


“Grey Color Friend”

One who teaches us silence
to reflect and interiorize
helping to know ourselves and others better


“Purple color Friend”

Color of the noble ones,
will help us learn true authority
and wisdom of heart


“Brown color Friend”

Might help us to step down of false illusions,
and come down to Earth,
to the reality of daily simple true living


“ White color Friend”

One who will help us discover
the wisdom hidden to be learnt
within any of our experiences


If we gather

All our Friends in

A BIG MEETING,

We will discover A rain-bow

of Love !


ကဲ ... ဘယ်လိုလဲ ...

သက်တန့်ရောင်စဉ်ကဲ့သို့သော သူငယ်ချင်းတွေ သင် ပိုင်ဆိုင်နေပြီလား ...

Read More...

------------------------

အချစ်နှင့်အတူ (၂၀)

“ဒါဖြင့် ညီမလေးတို့ ခုထိအဆက်အသွယ်မရတော့ဘူးပေါ့”

“ဟုတ်တယ် ကိုကို”

“ကိုကို သွားရှင်းပြလိုက်ရမလား ညီမလေး”
ဘုန်းမင်းခန့် စိတ်မကောင်းစွာဖြင့် မေးလိုက်သည်။

“မလိုတော့ပါဘူး ကိုကိုရယ်၊ ညီမကို မယုံကြည်တဲ့သူတစ်ယောက်ကို ညီမ ဘာမှမပြောလိုတော့ပါဘူး”

“အဲလိုလည်းမဟုတ်ဘူးလေ ညီမလေး၊ သူ ဒီလိုဖြစ်တယ်ဆိုတာကလည်း ညီမလေးကို အရမ်းချစ်လို့ဖြစ် တာပဲလေ၊ ကိုကို ရှင်းပြလိုက်ရင် အဆင်ပြေမှာပါ”

“သူ ဒီလိုဖြစ်တယ်ဆိုတာ ချစ်လို့ဆိုတာကို ညီမ နားလည်ပါတယ် ကိုကို၊ ဒါပေမယ့် ညီမကို သူပြောသွားတာ တွေကို ညီမ တကယ်ကိုခွင့်မလွှတ်ချင်ဘူး ကိုကို၊ ကိုကို ညီမအကြောင်းကို သိပါတယ်၊ ညီမ ချစ်တဲ့ပုံစံနဲ့ သူချစ်တဲ့ပုံစံက လုံးဝကို မတူဘူးဖြစ်နေတယ်၊ နောက်ပြီး ရှင်းပြတယ်ဆိုတာကလည်း ရှုပ်ထားတဲ့သူတွေအတွက်သာ လိုတာပါ၊ ညီမက ဘာမှရှုပ်ထားတာမရှိတဲ့အတွက် ဘာကိုမှရှင်းပြဖို့ မလိုဘူး လို့ထင်ပါတယ် ကိုကိုရယ်”

“အင်းလေ ညီမလေးသဘောပါ၊ ညီမလေးအဆင်ပြေမယ်ထင်တာသာ လုပ်ပါ”

“ညီမ ကိုကို့ကို ပြောပြဘူးတယ်မဟုတ်လား၊ ညီမက သ၀န်တိုတာတွေ ဘာတွေကို မကြိုက်ဘူးလေ၊ နောက်ပြီး ညီမက လူတစ်ယောက်ကို ပေးဆပ်ခြင်းနဲ့ပဲချစ်ချင်တာ၊ ညီမသိပ်ချစ်တဲ့သူတစ်ယောက်က ညီမကို ပစ်ပြီး နောက်တစ်ယောက်ကို ချစ်သွားမယ်ဆိုရင်တောင် ညီမ သူတို့အတွက် ပြုံးပြုံးလေးနဲ့ ဆုမွန်ကောင်း တောင်းပေးမှာပါ၊ ညီမရင်ထဲမှာ ဘယ်လောက်ပဲ ကြေကွဲနေပါစေ၊ ညီမလုယူမှာမဟုတ်ဘူး ကိုကို၊ သူ ပျော်ရွှင်နေတယ်ဆိုရင် ပြီးတာပါပဲ၊ အမှန်တကယ်ကတော့ လူချင်းမတူကြလို့ ချစ်တဲ့ပုံစံချင်းလည်း ကွဲသွား တဲ့သဘောပါ၊ သ၀န်တိုတာပဲဖြစ်ဖြစ်၊ သ၀န်မတိုတာပဲဖြစ်ဖြစ် အားလုံးဟာ ကိုယ့်ခံယူချက်ပေါ် မူတည်ပြီး ပြောင်းသွားတာပဲ၊ ချစ်တာကတော့ အားလုံးတူတူချစ်ကြတာပါပဲ၊ အရမ်းချစ်ရင် သ၀န်တိုရမှာပေါ့လို့ ပြောလို့မရသလို တကယ်မချစ်လို့ သ၀န်မတိုတာပေါ့လို့လည်း ပြောလို့မရပါဘူး၊ ညီမရဲ့အချစ်က ရယူလိုတဲ့အချစ်မဟုတ်ဘူး၊ ညီမချစ်တဲ့သူ ပျော်နေရင် ညီမ ဘယ်လောက်ပဲ ခံစားရပါစေကျေနပ်တယ်၊ သူပျော်နေတာကိုပဲ ညီမက မြင်ချင်တာ၊ ဘယ်လိုပဲဖြစ်ဖြစ် ညီမသူ့ကိုနားလည်ပေးနိုင်တယ်၊ ဒီလို နားလည် ပေးတာဟာ ညီမ သူ့ကို အရမ်းချစ်လို့ဆိုတာ ညီမစိတ်ကို မသိရင် သူမသိနိုင်ဘူး၊ သူ ညီမကို ထင်တာက သူချစ်သလောက် ညီမက သူ့ကို မချစ်ဘူးလို့ ထင်တာလေ”

မေမြတ်နိုးက ဘုန်းမင်းခန့်အား သူ့ရင်ထဲမှစကားများကို ပြောပြလိုက်တော့သည်။ သူ့ရင်ထဲတွင် အလွန်ကို မွန်းကြပ်နေသည်လေ။ ရက်ရက်စက်စက်စကားလုံးတွေ ပြောသွားခဲ့သော မိုးမြင့်ယံကို သူ စိတ်မနာရက်ပေ မယ့် အဲဒီလိုပြောသည့်အတွက်တော့ မေမြတ်နိုး အရမ်းကို ခံစားရသည်။

“အဲဒီလို မထင်ပါဘူး ညီမရယ်”

“ကိုကိုကော ညီမကို ညီမတော်ရတာတွေ ခင်ရတာတွေ စိတ်မကုန်ဘူးလားဟင်၊ ညီမက အမြဲတစ်ခုမဟုတ် တစ်ခုဖြစ်နေတာလေ”

“မဖြစ်ပါဘူးဗျာ၊ ဘာလို့ဖြစ်ရမှာလဲ”

“ညီမ တစ်ခါတစ်လေ စဉ်းစားမိတယ် သိလား၊ မဆုံစည်းနိုင်ဘူးဆိုမှတော့ ကံကြမ္မာက ဘာလို့ မေတို့ကို ပြန်တွေ့ခိုင်းနေသေးလဲနော်၊ ပြန်တွေ့ခိုင်းတယ်ဆိုရင်လည်း ဒီလိုအဖြစ်တွေမျိုးတော့ မဖြစ်လာသင့်ဘူး မဟုတ်လား၊ ညီမ ဒီလိုအဖြစ်တွေကို မုန်းတယ်၊ စိတ်ညစ်ရတာတွေကိုလည်း မုန်းတယ်၊ ဒီလိုဖြစ်ရင် အစကတည်းက ပြန်မတွေ့ခဲ့ကြတာ ကောင်းတယ်”

“ဟာ … ညီမလေးကတော့ မဟုတ်တာတွေ ပြောနေပြန်ပြီ၊ ဒါတွေက အမြဲရှိနေမယ့်သဘောတွေပဲလေ၊ အဲဒါတွေကို ကြံ့ကြံ့ခံနိုင်အောင် ကိုကိုတို့က ကြိုးစားရမှာ မဟုတ်လား၊ တခြားဟာတွေ မစဉ်းစားပါနဲ့ ညီမရယ်၊ နောက် ပြန်အဆင်ပြေမှာပါ၊ နောက်ပြီး ကိုကို ပြောပြမယ် ညီမလေး၊ လောကမှာ စိတ်ဆင်းရဲစရာရှိမှ စိတ်ချမ်းသာရတဲ့ အရသာကို သိမယ်၊ မုန်းဘူးမှ ချစ်ရတဲ့အရသာကို သိမယ်၊ အကောင်းနဲ့အဆိုး ဒွန်တွဲနေမှသာ ဘ၀ရဲ့အနှစ်သာရကို ခံစားတတ်ကြမှာပေါ့၊ ဒါကြောင့် ညီမလေးလည်း ဘ၀ရဲ့အနှစ်သာရကို ခံစားတတ်အောင် သင်ယူရတယ်လို့ပဲ သဘောထားပါ၊ မုန်တိုင်းပြီးရင်တော့ လေပြေ လာမှာပါ ညီမလေးရယ်၊ ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါ ကိုကိုရယ်၊ ညီမကို နားလည်ပေးတဲ့အတွက် ကိုကို့ကို အရမ်းကို ကျေးဇူးတင်ပါတယ်ရှင်”

“မလိုပါဘူးဗျာ”

“ဟုတ်ကဲ့ပါ ကိုကို”

“ဒါနဲ့ ကိုကို့မင်္ဂလာကိစ္စကော တော်တော်စီစဉ်ပြီးနေပြီလား”

“အင်း ပြီးသလောက်တော့ရှိပြီ ညီမလေး”

“ကိုကိုက ဘာလို့မင်္ဂလာပွဲကို အဲဒီမှာလုပ်တာလဲဟင်”

“သက်က အဲဒီမှာလုပ်ချင်တာ ညီမလေးရဲ့၊ သူ့စိတ်ကူးယဉ်အိပ်မက်တဲ့လေ၊ ဟိုးငယ်ငယ်လေးကတည်းက သက်က သူမင်္ဂလာဆောင်ရင် ကမ်းခြေတစ်ခုခုမှာလုပ်မှာဆိုပြီး ပြောခဲ့တာ”

“ဟုတ်လား”

“ဟုတ်တယ် ညီမလေးရဲ့”

“မမသက်က ကိုကို့ကို အရမ်းချစ်တယ်နော်၊ ကိုကို့ကိုလည်း ယုံကြည်တယ်၊ အရမ်းလည်းသဘောထားကြီး တယ်နော်”

“ကိုကိုကလည်း သူ့ကို ချစ်တာပါပဲဗျာ၊ ညည်းလေးရဲ့ မမသက်ကပဲ ကိုကို့ကို ချစ်တာမဟုတ်ပါဘူး”

“အင်းပါ ကိုကိုကလဲ၊ ကြော်ငြာဝင်နေပြန်ပါပြီ”

“ကြုံတုန်းမို့ပါ”

ဘုန်းမင်းခန့်စကားကြောင့် နှစ်ယောက်စလုံး ရယ်လိုက်မိသည်။

“ကိုကိုက မမသက်ကို ချစ်သလို ယုံကြည်သလို နားလည်သလို မောင်ကလည်း ညီမကို ချစ်ရင် ယုံကြည်ရင် နားလည်ရင် သိပ်ကောင်းမှာဘဲနော်”
မေမြတ်နိုး သက်ပြင်းလေးချရင်း ပြောလိုက်မိသည်။

“မိုးမြင့်ယံကလည်း ညီမကို သိပ်ချစ်ပါတယ်၊ ဒါကြောင့်လည်း သူ ကိုကိုတို့ကို စိတ်ဆိုးတာပေါ့၊ မချစ်ရင် အဲလိုဘယ်ဖြစ်ပါ့မလဲ ညီမရယ်”

“ညီမလည်း အဲလိုဖြစ်ပါစေလို့ပဲ မျှော်လင့်ပါတယ် ကိုကိုရယ်”

“ကဲပါ၊ အဲဒါတွေ ခဏမေ့ထားလိုက်ပါ၊ ပျော်ပျော်ပဲနေ ဟုတ်ပြီလား၊ ဒါနဲ့ ညီမလေး ဘယ်တော့ပြန်မှာလဲ”

“နောက်နှစ်ရက်လောက်ဆို ညီမပြန်တော့မယ် ကိုကို၊ ဒီတစ်ခါပြန်ပြီးရင်တော့ ညီမတော်တော်နဲ့ ပြန်လာနိုင် မယ် မထင်ဘူး၊ ညီမ ခွင့်တွေအများကြီးယူသလိုဖြစ်သွားတယ်ဆိုတော့လေ”

“အင်း၊ ဒီတစ်ခါက ကျန်းမာရေးအတွက် လာရတာပဲလေ၊ သူတို့နားလည်မှာပါ”

“ဟုတ်ကဲ့ကိုကို၊ ညီမတို့မန်နေဂျာက သဘောကောင်းတော့ ညီမအဆင်ပြေပါတယ်၊ ညီမကိုလည်း အားလုံးက နားလည်ပေးကြပါတယ်၊ ဒါကြောင့်လည်း ညီမက သူတို့ကို အားနာနေရတာလေ”

“အင်းပေါ့၊ ဟိုပြန်ရောက်သွားရင်လည်း ကျန်းမာရေးကို ဂရုစိုက်အုံးနော်”

“ဟုတ်ကဲ့ပါ၊ ဟိုနေ့က ကိုကို တော်တော်လန့်သွားတယ်ထင်တယ်”

“လန့်သွားတာပေါ့၊ ညီမက ရုတ်တရက်ဖြစ်သွားတဲ့ဟာ”

“ဟုတ်ပါ့ ကိုကိုရယ်၊ ညီမကလေ ဖြစ်လိုက်ရင် အမြဲရုတ်တရက်ချည်းပဲလေ၊ ငယ်ငယ်ကတည်းက အဲလိုပဲ ဖြစ်နေတော့တာပါပဲ၊ ဒါပေမယ့် ကိုကိုက ဆရာဝန်ပဲဟာ၊ ဘာလို့အဲလောက်တောင်လန့်သွားတာလဲ”

“ဟ … မိမြတ်နိုးလေးရဲ့၊ ဆရာဝန်လည်း လန့်တတ်တာပေါ့ဟ၊ နောက်ပြီး ညည်းလေးက ချက်ချင်း ကောက်ကာငင်ကာ ဖြစ်သွားတာကိုး”

“ဟုတ်ပါပြီရှင်၊ နောက် ဒီထက်လန့်အောင်ဖြစ်ပေးမယ်သိလား”
မေမြတ်နိုးက နောက်ပြောင်ရင်း ပြောလိုက်သည်။

“အင်းပါ၊ ခဏခဏ အဲလိုရုတ်တရက်တွေဖြစ်၊ ကြာရင် ဘေးကလူတွေ ညည်းလေးကြောင့် နှလုံးရောဂါ ရကုန်မယ်”

“ကောင်းတာပေါ့ ကိုကိုရဲ့”

“အင်းပါ၊ ကောင်းပါ ကောင်းပါ”

ဘုန်းမင်းခန့်စကားဆုံးသည်နှင့် နှစ်ယောက်စလုံး သဘောကျကာ ရယ်လိုက်မိကြပြန်သည်။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

Read More...

------------------------
---------------------------------------------