Monday, September 24, 2007

လိမ့်ကျသူ

အမျိုးသမီးလေးတစ်ယောက်သည် ဘေးတွင် အဖော်တစ်ယောက်မှ မပါဘဲ ထော့နဲ့ထော့နဲ့နှင့် လမ်းလျှောက်သွားသည်။

သူ့နောက်ခပ်လှမ်းလှမ်းတွင် လိုက်လာသော အမျိုးသမီးကြီးနှစ်ယောက်က ထိုမိန်းကလေး၏ အတင်းကို ပြောနေကြသည်။

"ဟိုရှေ့က ကောင်မလေးက ဘာဖြစ်လို့လဲ အေ့"

"လိမ့်ကျတာတဲ့ အေ"

"သြော် ... သနားစရာပါလား၊ ဘယ်ပေါ်ကနေ လိမ့်ကျတာတဲ့လဲ"

"ဒေါက်မြင့်ဖိနပ်ပေါ်ကလေ"

Read More...

------------------------

မိုးည

မိုးညတစ်ည
ငါအိပ်ချိန်မှာ
ငါ့ပါးပြင်အား
နင်လာ နမ်းသွား
စိတ်မှာ ခံစား
ရင်ခုန်သွားမိ။ ။

ဒီအချိန်မှာ
ငါ့ပါးပြင်ထက်
ပြင်းထန်အေးစက်
ခံစားချက်ကို
မျက်လုံးပွင့်လျက်
ငါကြည့်မိတော့
သြော် ...
ညကငါ
တံခါး မပိတ်မိပါလား ... ။ ။

အမည်မသိသူတစ်ဦး

Read More...

------------------------

Sunday, September 23, 2007

Test your leadership skills

ကောင်းကင် ဟိုရှာ ဒီရှာ လုပ်ရင်း ရှာတွေ့ထားတာပါ ...
စိတ်ဝင်စားဖို့ကောင်းလို့ စမ်းကြည့်ကြဖို့ ဖော်ပြပေးလိုက်ပါတယ် ...

http://www.funquizcards.com/quiz/personality/test-your-leadership-skills.php

Read More...

------------------------

အခက်အခဲတွေနဲ့ ကြုံရတဲ့အခါ

ကောင်းကင်တို့ ဘ၀မှာ အခက်အခဲတွေနဲ့ကြုံရတဲ့အခါ ဘယ်လို ဆက်လက်ရှင်သန်ပြီး နေထိုင်ရမလဲ။ ၀မ်းနည်းပူဆွေးရတဲ့အခါ၊ အထီးကျန်တဲ့အခါ ဘယ်လို ရပ်တည်နေနိုင်မလဲ။

ဘာမှမစိုးရိမ်ပါနဲ့ ...

တောင်တက်ရသလိုပဲ ကောင်းကင်တို့ရဲ့အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ကြမှာပါ။ တကယ်လို့များ တောင်တက်တဲ့အခါ တောင်စွန်းတစ်နေရာမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေရင် ကောင်းကင်တို့ ဘယ်လိုလုပ်ကြရမလဲ။ ရှေ့ဆက်တက်ဖို့ ဘယ်လောက်ကျန်သေးလဲဆိုတာကို မေ့လိုက်ပြီး လောလောဆယ်အခြေအနေကိုပဲ အာရုံစိုက်လိုက်ပါ။ အခုအချိန်မှာ ကောင်းကင်တို့ ကြိုးစားအားထုတ်ရမှာက ရှေ့ခြေတစ်လှမ်း ဆက်လှမ်းနိုင်ဖို့ပါ။ ခြေတစ်လှမ်းအရင်လှမ်းလို့ရပြီဆိုရင် နောက်တစ်လှမ်း၊ ပြီးရင် နောက်တစ်လှမ်း။

တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ ဆိုသလို နောက်ဆုံးမှာတော့ ကောင်းကင်တို့အားလုံး ကျဉ်းထဲကျပ်ထဲကနေ ရုန်းထွက်နိုင်ကြမှာပါ။

နေ့စဉ်ဘ၀မှာလည်း ဒီအတိုင်းပါပဲ။ ခက်ခဲတဲ့အချိန်တွေနဲ့ ကြုံတွေ့ရတဲ့အခါ ခု လက်တလော အခြေအနေနဲ့ အချိန်ကိုပဲ အာရုံစိုက်ပါ။ တစ်ကြိမ်မှာ ပြဿနာတစ်ခုကိုပဲ ကိုင်တွယ်ဖြေရှင်းပါ။ တစ်ခုဖြေရှင်း ယုံကြည်ချက်နည်းနည်း ရလာမယ်။ နောက်ထပ် တစ်ခု၊ ပြီးတော့ နောက်ထပ်တစ်ခု။ အဲလို တစ်ခုပြီးတစ်ခု ဖြေရှင်းရင်းနဲ့ နောက်ဆုံးမှာတော့ အဆိုးဆုံးတွေကို ကျော်လွှားသွားနိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

အဓိက ကိုယ်လုပ်နိုင်တာကတော့ မျက်လုံးစုံမမှိတ်ခင်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ပါပဲ။ မနက်ဖြန်ဆိုတာက သူ့ဘာသာသူ ဖြစ်သွားပါလိမ့်မယ်။

Read More...

------------------------

Saturday, September 22, 2007

ဖန်ဆင်းပေးပါ

ချစ်သူငယ်ချင်း "ဆေးဗား" ရဲ့ ကဗျာတစ်ပုဒ်ပါ။ ကောင်းကင်ကြိုက်လို့ အတင်းတောင်းယူထားတာပါ။ ဖတ်ကြည့်ပြီး အားပေးကြပါအုံးလို့ ...


ယုံကြည်ချင်ပါတယ်
မင်းပြောတတ်တဲ့ စကားလှလှတွေကို ...

ကြည်ဖြူချင်ပါတယ်
မင်းပေးမယ့် အချစ်နွေးနွေးတွေကို ...

ခံယူချင်ပါတယ်
မင်းဆီက အနမ်းချိုချိုတွေကို ...

ဒါပေမယ့် မင်း မတတ်နိုင်ပါဘူး ...
ငါ့အသည်းက ကျောက်ခဲလို အေးစက် မာကျော နေတာကို....

"........................................."

ခုနေများဖန်ဆင်းရှင်နဲ့ တွေ့မယ်ဆိုရင်
တစ်ခုတည်း တောင်းဆိုချင်ပါတယ်
"ငါ့နှလုံးသားကိုဖယောင်းနဲ့သာပြောင်းလဲဖန်ဆင်းပေးပါ" လို့ ...

အဲဒါမှ...
မင်းပေးတဲ့ အချစ်မီးက
ငါ့အသည်းနှလုံးကို ပူနွေး လောင်မြိုက်စေနိုင်မှာ...

ငွေအဆင်း

ချစ်သူငယ်ချင်းလေးရေ ... ဒီကဗျာလေးကို ကောင်းကင်ကို အမှတ်တရလက်ဆောင်အဖြစ်ပေးလို့ ကျေးဇူး အထူးအထူးပါနော် ... :P

Read More...

------------------------

အဆောင်လက်ဖွဲ့နှင့် တန်ခိုး

အခုချိန်မှာ အဆောင်ဆင်မြန်းတာတွေက တော်တော်ကို ခေတ်စားလာပါတယ်။ ရှေးဟောင်းပုံ တွဲလောင်းဆွဲသီးလေးတွေ၊ လက်ကောက်လှလှလေးတွေ ၀တ်လာတာတောင်မကဘဲ ကံကောင်းလာတယ်လို့ပါ ယူဆလာကြပါတယ်။

အဲဒီအဆောင်လေးတွေဟာ တန်ခိုးအစွမ်းရှိတယ်။ အန္တရာယ်တွေ၊ ကိုယ်မမြင်နိုင်တဲ့ ကံကြမ္မာဆိုးတွေကို ကာကွယ်ပေးတယ်။ နောက်ပြီး လာဘ်လာဘတွေကို ယူဆောင်လာပေးတယ်လို့ ယူဆလာကြပါတယ်။ ဘ၀တစ်လျှောက်လုံးမှာ ဆင်းရဲဒုက္ခတွေနဲ့ ကံကြမ္မာဆိုးတွေဟာ ထောင့်ပေါင်းစုံကနေ မမျှော်လင့်တဲ့အချိန်မှာ ကဏ္ဍအသီးသီးမှာ ရောက်လာတတ်ကြပါတယ်။ ဒီလိုအခါမျိုးတွေမှာ တန်ခိုးအစွမ်းတစ်ခုခုက ကိုယ့်ကို မကောင်းတဲ့ဘေး၊ မကောင်းတဲ့ရန်ကနေ လွတ်မြောက်စေပြီး ပန်းတိုင်ကို ရောက်စေတယ်လို့ ယူဆတတ်ကြပါတယ်။ စိတ်ကို လုံခြုံမှုပေးတယ်လို့လည်း ပြောလို့ရပါတယ်။ တစ်ခါတစ်လေမှာ အဆောင်တွေကြောင့် မိမိကိုယ်ကို မိမိ ယုံကြည်စိတ်တွေ ပိုတိုးလာစေပြီး ရည်မှန်းချက်ကို မြန်မြန်ရောက်အောင်လုပ်နိုင်ဖို့ လျင်မြန်မှုတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။

အဆောင်တွေဟာ ထူးခြားတဲ့ အစွမ်း အသီးသီး ရှိကြပါတယ်။ ကံကောင်းခြင်းနဲ့ ပျော်ရွှင်မှုပေးတဲ့အရာဆိုတဲ့ စကားလုံးမရှိတဲ့ အင်္ဂလိပ်ဘာသာမှာတော့ မကောင်းတဲ့ ဘေးအန္တရာယ်တွေက ကာကွယ်ပေးရင် amulette လို့ခေါ်ဆိုပြီး လာဘ်လာဘဆောင်ယူပေးရင်တော့ talisman လို့ ခေါ်ပါတယ်။


Amulette

Amulette စာလုံးဟာ လက်တင်ဘာသာ amuletum က ဆင်းသက်လာပြီး မိမိကိုယ်မှာ ဆင်မြန်းထားတဲ့ အစွမ်းတန်ခိုးထူးတစ်ခုခုရှိတဲ့ အရာလို့ အဓိပ္ပါယ်ရပါတယ်။ ခေတ်အဆက်ဆက်မှာတော့ ဆွဲကြိုး၊ ဆွဲသီး၊ ဆွဲပြား၊ တံဆိပ်နဲ့ လက်ဝတ်ရတနာတွေကို ပုံ၊ ဒါမှမဟုတ် အက္ခရာတစ်ခုခု ထွင်းထားပြီးတော့ပဲဖြစ်ဖြစ်၊ မထွင်းပဲနဲ့ဖြစ်ဖြစ် စီးပွားတက်တယ်လို့ ယူဆပြီး ဆောင်ထားတတ်ကြတဲ့ အလေ့ရှိကြပါတယ်။ ဘယ်ပစ္စည်းမဆို amulette အနေနဲ့ အသုံးပြုနိုင်ပြီး အသုံးများတဲ့အရာတွေကတော့ ...

အစွမ်းရှိသော ကျောက်များ

ကျောက်တွေဟာ အသက်ရှိတယ်၊ အသက်ဝိညဉ်ဝင်နိုင်တဲ့အစွမ်းရှိတယ်။ ကျောက်ရိုင်းကို သက်မဲ့လို့ယူဆပြီး လက်နဲ့သွေးထားတဲ့ကျောက်ကိုတော့ ဥာဏ်အလင်းပွင့်စေတဲ့အထိ အသက်ဝင်တယ်လို့ ယုံကြည်ယူဆကြပါတယ်။ အဲဒီထဲကမှ အကျိုးစီးပွားဖြစ်တယ်လို့ ယူဆကြတဲ့ ကျောက်အချို့ကတော့ ...

နီလာ

အိန္ဒိယရဲ့ အထွတ်အမြတ်ကျောက်တစ်ခုဖြစ်ပြီး လျို့ဝှက်တဲ့ အသိပညာတွေကို ပေးတယ်။ အောင်မြင်မှုနဲ့ ကောင်းကျိုးချမ်းသာပေးတယ်လို့ ယူဆကြပါတယ်။

ခရမ်းဆွဲ

စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေ ပေးတယ်။ ခရီးသွားရင်း ကျရောက်မဲ့ အန္တရာယ်တွေ၊ ရန်သူရဲ့ တိုက်ခိုက်ခံရမှုတွေကနေ ကာကွယ်ပေးတယ် လို့ ယူဆကြပါတယ်။ နောက်ပြီး ဗီးနပ်စ်ရဲ့ ရတနာလို့ မှတ်ယူတဲ့အတွက် ချစ်ခြင်းတွေကိုလည်း မြဲမြံစေတယ်လို့ ဆိုပါတယ်။

မဟူရာ

တည်ငြိမ်အေးချမ်းပြီး မကောင်းတဲ့အိပ်မက်ဆိုးတွေကို ပျောက်ပျက်စေပါတယ်။ ကြိမ်စာဆိုးတွေကနေ လွတ်မြောက်နိုင်ပြီး မှော်ဆရာတွေ တန်ဖိုးထားတဲ့ အဆောင်ကျောက်ဖြစ်ပါတယ်။

Crystal

အချစ်ရေးကိစ္စတွေကို အောင်မြင်စေပြီး အမျိုးသမီးများကို အချစ်စိတ်လန်းဆန်းစေပါတယ်။ မကောင်းတဲ့ ကြမ္မာဆိုးတွေ မရောက်ခင် သတိပေးပြီး၊ တီထွင်ဖန်တီးစိတ်နဲ့ ကျွမ်းကျင်မှုပါရမီကို မြှင့်တင်ပေးပါတယ်။

ပုလဲ

အတားအဆီး၊ အပိတ်အဆို့များ ပွင့်စေပြီး မှတ်ဥာဏ်အားကောင်းစေတယ်လို့ ယူဆကြပါတယ်။ နောက်ပြီး ဒေါသနဲ့ ၀မ်းနည်းပူဆွေးမှုတွေကိုလည်း ပျက်ပြယ်စေနိုင်ပါတယ်။

ကျောက်စိမ်း

တရုတ်လူမျိုးတွေကတော့ မကောင်းတဲ့ ဘေးအပေါင်းကနေ ကာကွယ်ပေးတယ်လို့ ယူဆကြပါတယ်။ ကျန်းမာရေး ကောင်းစေတယ်၊ စိတ်ဓာတ်ခွန်အားကိုလည်း ပျိုးထောင်ပေးပြီး မိမိကိုယ်ကို ယုံကြည်မှုတိုးပွားစေပါတယ်။

နောက်တစ်ခုကတော့ ရာသီဇာတာခွင်မှာပါတဲ့ တိရစ္ဆာန်တွေမဟုတ်ဘဲ ကောင်းကျိုးချမ်းသာပေးတယ်လို့ ယူဆတဲ့ တိရစ္ဆာန်အဆောင်တွေကတော့ ...

ဇီးကွက်

စာပေ၊ ပညာရပ်သင်ကြားလေ့လာနေသူများကို အားပေးပြီး စာမေးပွဲမှာ ကံကောင်းစေပါတယ်။

ယုန် (လက်၊ ခြေ)

ဘ၀အတွက်သာမက အလောင်းအစားလုပ်တဲ့အခါ ကံကောင်းတယ်လို့ ယူဆပြီး သော့ချိတ်အဖြစ် ဆောင်ကြပါတယ်။

ဆင်

ပျော်ရွှင်မှုနဲ့ ချမ်းသာကြွယ်ဝမှုကို ပေးပါတယ်။

နွားချေးပိုးထိုး

ရှေးဟောင်းအီဂျစ်တွေ အထွတ်အထိပ်ထားတဲ့ အကောင်ဖြစ်ပါတယ်။ လည်ပင်းမှာဆွဲရင် စကားပြောကောင်းတယ်၊ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်လို့ ယူဆကြပါတယ်။ နှလုံးနားမှာဆွဲတယ်ဆိုရင်တော့ ချစ်ရေးချစ်ရာတွေ အောင်မြင်တယ်၊ နားမှာဆွဲရင်တော့ အကြားအာရုံတွေ တိုးစေတယ်လို့လည်း မှတ်ယူကြပါတယ်။

အဲဒါတွေတင်မကဘဲ နေ့စဉ်တွေ့နေကျ အရာတွေကိုလည်း အဆောင်အဖြစ် တချို့က ဆောင်ထားတတ်ကြပါတယ်။ ဥပမာ အင်္ကျီ အ၀တ်အစား၊ ငှက်မွှေး၊ လက်ဝတ်ရတနာ၊ ကျောက်ခဲ၊ ကျောက်စရစ်ခဲ၊ အကြွေစေ့၊ လမ်းမှာကောက်ရတဲ့ အရာ စသည်ဖြင့်ပေါ့။ ကံကောင်းတယ်လို့ ယူဆလို့ လူတွေ အဆောင် ဆောင်ကြတာမို့ အဆောင်ရဲ့ အကျိုးရလဒ်ကတော့ တစ်ဦးချင်းစီရဲ့ ယုံကြည်မှုနဲ့လည်း ဆိုင်ပါတယ်။


Talisman

အင်္ဂလိပ်ဘာသာ talisman ဆိုတာ ကံကောင်းစေတယ်။ လာဘ်လာဘ အကျိုးပေးတယ်လို့ အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ သင်္ကေတအမှတ်အသားတွေ ရေးထွင်းထားတဲ့ တန်ခိုးအာနိသင်ရှိတယ်လို့ ယူဆကြတဲ့ အရာဝတ္ထုတွေ၊ ပြီးတော့ tarot ကဒ်၊ သင်္ကေတပုံ စတဲ့ ပုံစံအမျိုးမျိုးနဲ့ တည်ရှိပါတယ်။ Amulette က ကိုယ်ပိုင်အစွမ်းရှိတယ်။ Talisman ကတော့ သူ့ချည်းသပ်သပ် အစွမ်းမရှိဘဲ တစ်ယောက်ယောက်က တန်ခိုးအစွမ်းသတ်မှတ်ပေးမှ အစွမ်းရှိတာပါ။ Talisman ယဉ်ကျေးမှုဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဟိုးအရင်ကတည်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ တည်ရှိခဲ့တာပါ။ အီဂျစ်မှာ ဖာရိုဘုရင် ခေတ်တုန်းက ချစ်ရေးချစ်ရာအတွက် Ankh ကြက်ခြေခတ်၊ ဥရောပမှာဆိုရင် သော့ကို ဖဲပြားအနီနဲ့ လည်မှာဆွဲ၊ လက်တင်နိုင်ငံတွေမှာကြတော့ လက်ဆတ်တဲ့ နှင်းဆီကို နှလုံးသားနား၊ ဒါမှမဟုတ် ခေါင်းမှာ ပန်ကြသလို၊ မော်ရိုကိုက အမျိုးသမီးတွေကတော့ လမ်းသုံခွက သဲကို အနည်းငယ်ယူ၊ အိတ်သေးသေးလေးထဲထည့်ပြီး လည်ပင်းမှာ ဆွဲကြပါတယ်။

ဒါပေမယ့် ဒီအဆောင်တွေဟာ ဘေးအန္တရာယ်ကနေ ကာကွယ်ပေးပြီး တကယ် ကောင်းကျိုးချမ်းသာပေးမပေးဆိုတာကိုတော့ ဘယ်သူမှ အတတ်မပြောနိုင်ကြပါဘူး။ ပထမအကြိမ် လာဘ်ကောင်းရင်၊ ဘေးဒုက္ခကလွတ်ရင် ကံကောင်းလို့၊ ဒုတိယတစ်ခါကျတော့ အကြောင်းတိုက်ဆိုင်လို့၊ တတိယအကြိမ် ကြုံရတော့ ဒီပစ္စည်းလေးမှာ တန်ခိုး တစ်စုံတစ်ရာရှိတယ်လို့ ယူဆပြီး အမြတ်တနိုး ဆောင်ဖြစ်သွားကြပါတယ်။ မဖြစ်နိုင်တဲ့ဘက်က တွေးတယ်ဆိုပေမယ့် ဘာပဲဖြစ်ဖြစ် မိမိကိုယ်ကို မိမိတော့ ယုံကြည်မှုတိုးစေပါတယ်။ ဒီတော့ အဆောင်တွေဟာ မိမိဆန္ဒနဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ရာမှာ အထောက်အကူဖြစ်ပြီး ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်မှုတွေကိုလည်း ယူဆောင်ပေးပါတယ်။ ပစ္စည်းက အဓိကမဟုတ်ပါဘူး။ တကယ်ပဲဖြစ်ဖြစ်၊ စိတ်ထင်လို့ပဲ ဖြစ်ဖြစ် သူ့ရဲ့အစွမ်းကသာ အဓိကပါ။ ကိုယ်ယုံကြည်ရာ အဆောင်ကို ရွေးချယ်ကြပါ။ ရည်မှန်းချက်တွေရောက်ဖို့ လိုအပ်တဲ့စွမ်းရည်တွေကို အနည်းနဲ့အများ အထောက်အကူပြုတဲ့အတွက် တကယ်တန်ခိုးအစစ် မဟုတ်ရင်တောင်မှ အဆောင်တွေဟာ လူတွေကို အကျိုးဖြစ်ထွန်းစေပါတယ် ...

Read More...

------------------------

Friday, September 21, 2007

အခုချိန်မှာ တစ်ခုခုဖြစ်ခွင့်ရရင် ဘာအဖြစ်ချင်ဆုံးလဲ???

ကောင်းကင်ရဲ့ချစ်သူငယ်ချင်း “ဆေးဗား” က ကောင်းကင်ကို “ဘ၀မှာ ဘာအရေးကြီးဆုံးလဲ” လို့ မေးလာတဲ့အချိန်မှာ ကောင်းကင်က သူ့မေးခွန်းကို မဖြေခင်မှာ ကောင်းကင်လည်း သူ့ကို မေးခွန်းတစ်ခု မေးချင်စိတ်တွေ တဖွားဖွားဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီမေးခွန်းတစ်ခုကို မမေးခင် အရင်ဆုံး သူ့ကို “ကောင်းကင်ရယ် … မေးမိတာ မှားပါတယ်” လို့ သူ ပြောရလောက်အောင် message နဲ့ မေးခွန်းပေါင်းများစွာပို့ပြီး ရစ်ခဲ့ပါသေးတယ်။ သူ့ကိုတော့ အားနာတဲ့ပုံစံလေးနဲ့ “ကောင်းကင်က ရစ်တာဟုတ်ဖူးနော်၊ သေချာအောင် မေးကြည့်တာနော်” လို့ ခပ်တည်တည်နဲ့ ပြောခဲ့ပါသေးတယ်။ တကယ်ကတော့ မမူးဘဲ ရစ်ခဲ့တာလေ။ သူကလည်း ကောင်းကင် ရစ်တယ်ဆိုတာ သိတဲ့ပုံပါပဲ။

ကောင်းကင်က အားလုံးရစ်ပြီးလို့ မေးချင်တဲ့မေးခွန်းတစ်ခုကို မေးလိုက်တဲ့အခါ သူကလည်း ကောင်းကင်ကို ပြန်ရစ်တော့တာပါပဲ။ “ကောင်းကင်ရေ … ကောင်းကင် မေးခွန်းက ဒီလိုလား၊ ဟိုလိုလား” ဆိုပြီးတော့ပေါ့။ အဲဒါတင်မကပါဘူး။ ကောင်းကင် သူ့မေးခွန်းကို ဖြေပြီး သူ့ကို ပြောခဲ့တဲ့အတိုင်း သူကလည်း ကောင်းကင်ကို ပြန်ပြောခဲ့တာပေါ့။ “ကောင်းကင်ရေ … ကောင်းကင်ဖြစ်ချင်တာကိုလဲ သိချင်ပါတယ်” တဲ့လေ။

သူများကို မေးတုန်းကတော့ မေးပြီး ကိုယ့်ကို ပြန်မေးလာတဲ့အခါကျတော့ ကောင်းကင် ခေါင်းကုတ်ရပြီပေါ့လေ။ အရင်ကတည်းက တစ်နေ့တစ်နေ့ ဘာပို့စ်တင်ရမလဲ၊ ဘာရေးရမလဲဆိုပြီး ခေါင်းစားနေခဲ့တာ ခုတော့ ချစ်သူငယ်ချင်းလေးကြောင့် ပိုလို့ ခေါင်းစားခဲ့ရပြီပေါ့။ ကိုယ့်ကို ပြန်မေးလာတော့လည်း မသိချင်ယောင်က ဆောင်လို့မရတော့ဘူးလေ။

အခုချိန်မှာသာ ကောင်းကင်တစ်ခုခုဖြစ်ခွင့်ရမယ်ဆိုရင် ကောင်းကင်အဖြစ်ချင်ဆုံးဆန္ဒလေးကတော့ အလုပ်ကို ပျော်ရွှင်စွာလုပ်ကိုင်ရင်း ချစ်သောမိသားစု၊ ချစ်သောသူငယ်ချင်းများနဲ့ ပျော်ပျော်ရွှင်ရွှင် ဆက်နေသွားချင်တာပါပဲ။

ကောင်းကင်ကို မုန်းနေတဲ့သူတွေကို ကောင်းကင်ကို နားလည်ပြီး ချစ်လာနိုင်အောင် ကြိုးစားမယ်။ ကောင်းကင် မုန်းတဲ့သူတွေကိုလည်း ကောင်းကင်က နားလည်နိုင်အောင် ကြိုးစားမယ်။ မချစ်နိုင်ရင်တောင် မမုန်းဘဲနဲ့ နေသွားမယ်။ အားလုံးနဲ့အတူတူ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားချင်တယ်။ မကျေနပ်တာ၊ မနာလိုတာတွေ ကင်းဝေးပြီး ချစ်ရတဲ့သူတွေနဲ့အတူ လှပတဲ့ မနက်ခင်းများစွာကို လက်ကမ်းကြိုဆိုချင်ပါတယ်။

********************************************

ဒီခေါင်းစဉ်လေးကို ကောင်းကင်ရဲ့ (၁၀၀) မြောက်ပို့စ်အဖြစ် တင်ချင်တာနဲ့ သူငယ်ချင်းများက ရေးပါလို့ ခဏခဏ ပြောနေပေမယ့် အခုမှ ရေးဖြစ်ခဲ့တာပါ။ ကောင်းကင်ကို ရေးပါလို့ ပြောခဲ့တဲ့ ကောင်းကင်ရဲ့ ချစ်ရသော သူငယ်ချင်းများအားလုံး ကျေနပ်နိုင်မယ်လို့ ထင်ပါတယ်နော် …

- ကောင်းကင် ဂျီတိုက်သမျှကို စိတ်မဆိုးဘဲ အချိန်ပေးပြီး သေသေချာချာ ရေးပေးခဲ့တဲ့ ကောင်းကင်ရဲ့အစ်ကို “ကိုနေ”

- အခုမှစခင်ပေမယ့် ကောင်းကင်ရဲ့ မေးခွန်းကို တလေးတစားဖြေပေးခဲ့တဲ့ “အစ်ကိုသူရိန်”

- လာလည်ပါ၊ လာလည်ပါ … Comment ရေးပေးပါ၊ ရေးပေးပါ … Cbox မှာ အော်ပေးပါ၊ အော်ပေးပါလို့ ပြောရုံမကဘဲ ကောင်းကင်ရဲ့ ဒီမေးခွန်းလေးကို ဖြေပေးဖို့ ပြောတာကို မငြင်းဘဲ စိတ်အားထက်သန်စွာ ရေးပေးခဲ့တဲ့ ချစ်ညီမလေး “သီရိ”

- သူတစ်ပြန် ကိုယ်တစ်ပြန်ရစ်ရင်း ကောင်းကင်ရဲ့ မေးခွန်းကို မအားတဲ့ကြားက အရင်ဆုံး စွမ်းစွမ်းတမံရေးပေးခဲ့တဲ့ ချစ်အစ်မတစ်ဖြစ်လဲ ချစ်သူငယ်ချင်း “ဆေးဗား”

- ကောင်းကင် ၁၀၀ မြောက် ပို့စ်အထိ ရောက်အောင် ရေးနိုင်ဖို့ စိတ်ဓာတ်ခွန်အားတွေ ပေးခဲ့တဲ့ ကောင်းကင်ရဲ့ သူငယ်ချင်းမောင်နှမများ

အားလုံး အားလုံးကို ကျေးဇူးအထူးတင်ရှိရပါကြောင်း။ ။

Read More...

------------------------

Need a laugh

ROMANCE MATHEMATICS
Smart man + smart woman = romance
Smart man + dumb woman = affair
Dumb man + smart woman = marriage
Dumb man + dumb woman = pregnancy

OFFICE ARITHMETIC
Smart boss + smart employee = profit
Smart boss + dumb employee = production
Dumb boss + smart employee = promotion
Dumb boss + dumb employee = overtime

SHOPPING MATH
A man will pay $20 for a $10 item he needs.
A woman will pay $10 for a $20 item that she doesn't need.

GENERAL EQUATIONS & STATISTICS
A woman worries about the future until she gets a husband.
A man never worries about the future until he gets a wife.
A successful man is one who makes more money than his wife can spend.
A successful woman is one who can find such a man.

HAPPINESS
To be happy with a man, you must understand him a lot and love him a little.
To be happy with a woman, you must love her a lot and not try to understand her at all.

LONGEVITY
Married men live longer than single men do, but married men are a lot more willing to die.

PROPENSITY TO CHANGE
A woman marries a man expecting he will change, but he doesn't.
A man marries a woman expecting that she won't change, and she does.

DISCUSSION TECHNIQUE
A woman has the last word in any argument.
Anything a man says after that is the beginning of a new argument.

HOW TO STOP PEOPLE FROM BUGGING YOU ABOUT GETTING MARRIED
Old aunts used to come up to me at weddings, poking me in the ribs and cackling, telling me, "You're next." They stopped after I started doing the same thing to them at funerals.

Read More...

------------------------

Thursday, September 20, 2007

နှလုံးသားရှိတဲ့ အရပ်

ကွန်ပျူတာရှေ့ထိုင်ရင်း ကျွန်မ ဘာရေးရမှန်းလည်း သိတော့ဘူး။ ကွန်ပျူတာ Screen နဲ့ Keyboard ကိုပဲ အခါခါကြည့်ရင်း ကျွန်မ ခေါင်းကုတ်နေမိတယ်။ ဒါပေမယ့် ကျွန်မရင်ထဲမှာတော့ တစ်စုံတစ်ယောက်ကို အရမ်းလွမ်းနေမိတယ်။ အဲဒီအလွမ်းကို ဖော်ပြဖို့ စကားလုံးတွေ ကျွန်မ ရှာမရဘူး။ ဘယ်က စရေးရမှန်းလဲ မသိဘူး။ ဟိုဖက်လှည့်လိုက် ဒီဖက်လှည့်လိုက်နဲ့ အချိန်တွေသာ တော်တော်ကုန်သွားတယ်။ စာက တစ်ကြောင်းတောင် ထွက်မလာသေးဘူး။ ကျွန်မ လွမ်းဆွတ်နေတဲ့သူက ကျွန်မကို အစ်ကိုလိုတစ်မျိုး၊ ဆရာလိုတစ်ဖုံ စောင့်ရှောက်သင်ပြပေးခဲ့တဲ့ ကျွန်မရဲ့ “လမ်းပြကြယ်” လေးပေါ့။ စာရေးတာကို ၀ါသနာကြီးလွန်းတဲ့ကျွန်မကတော့ စာရေးလို့မရလို့ ခေါင်းပဲ အခါခါကုတ်နေရတော့တာ။ မသိရင်တော့ “ဒီကောင်မလေး တော်တော် ညစ်ပတ်တယ်” လို့တောင် ထင်ချင်စရာပါပဲ။ ကျွန်မ ကိုယ့်အတွေးကို ကိုယ် သဘောကျရင်း ပြုံးလိုက်မိတယ်။ အဲဒီနောက် မျက်လုံးကို ဖြည်းညင်းစွာ ပိတ်လိုက်မိတော့ ကျွန်မ အာရုံထဲမှာ အရင်ဆုံးပေါ်လာတာက ကျွန်မချစ်သူရဲ့ အပြုံးမျက်နှာ။

တစ်ချိန်တည်းမှာဘဲ ကျွန်မနားထဲမှာ ကြားယောင်လိုက်မိတာက ချစ်သူ့အသံ။ “မင်းငါ့ကို လိုအပ်တဲ့အချိန်ဆိုရင် မင်းမျက်လုံးတွေကို မှိတ်လိုက်ပါ” တဲ့။ တစ်ချိန်က ကျွန်မချစ်သူ မှာထားဘူးတဲ့ စကားလေးတွေ။ တကယ်တော့ ကျွန်မ ဘာလုပ်ရမှန်းမသိလို့ မျက်လုံးကို မှိတ်ထားမိတာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အိမ်ဘေးဘက်က လက်ဖက်ရည်ဆိုင်က လွင့်ပျံ့လာတဲ့ ဂရေဟမ်ရဲ့ သီချင်းလေးကလည်း ကျွန်မရဲ့ အလွမ်းကို လှောင်ပြောင်နေသလိုလို။ သီချင်းလေးက ကျွန်မကြိုက်နှစ်သက်တဲ့ “ချစ်သူရှိတဲ့ အရပ်” သီချင်းလေ။ အဲဒီသီချင်းလေးကြောင့် ကျွန်မရင်ထဲမှာ ပိုပြီး လွမ်းဆွေးလာပါတယ်။ အလွမ်းသီချင်းတွေကိုပဲ စွဲစွဲမြဲမြဲနားထောင် နှစ်သက်ခဲ့တဲ့ ကျွန်မစိတ်ဟာ ကျွန်မချစ်သူကို လွမ်းရဖို့အတွက် နိမိတ်တွေများ ဖြစ်ခဲ့လေသလား ကျွန်မ မတွေးတတ်တော့ပါဘူး။

အလွမ်းဆိုတာ ချစ်ခြင်းရဲ့ ဆုလာဘ်လား၊ ဒဏ်ခတ်မှုလား မသိပါဘူး။ ဒါပေမယ့် ငယ်ငယ်ကတည်းက ရလာသမျှအားလုံးကို ဆုလာဘ်အဖြစ်ပဲ ခံယူခဲ့တဲ့ ကျွန်မအတွက်တော့ ဒီအလွမ်းကိုလည်း ဆုတစ်ဆုအဖြစ်နဲ့ တန်ဖိုးထားလို့ သိမ်းဆည်းထားမိမှာပါပဲ။ ခုမှ နောက်ဆုံးနှစ်တက်နေတဲ့ ကျွန်မအဖို့ မိဘကိုလုပ်ကျွေးနေတဲ့ ကျွန်မချစ်သူနဲ့ ထိုက်တန်တဲ့အရည်အချင်း မရှိပါဘူးတဲ့လေ။ ဒါက ကျွန်မကို ရက်ရက်စက်စက် အားမနာတမ်း ဝေဖန်ခဲ့တဲ့ ကျွန်မ ပတ်ဝန်းကျင်က လူတွေရဲ့ စကားသံတွေပေါ့။ ကျွန်မဖြစ်ချင်တဲ့ ဆရာဝန်မဖြစ်ခဲ့ရပေမယ့် ကျွန်မက ကျရာနေရာမှာ ထူးချွန်အောင်ကြိုးစားတတ်တဲ့သူတစ်ယောက်။ ကျွန်မကို အရည်အချင်းမရှိဘူးလို့ပြောရင် ကျွန်မ ဘယ်လိုမှ အပြောမခံနိုင်ဘူး။

ပတ်ဝန်းကျင်က ရိုက်ခတ်လာတဲ့စကားသံတွေကို ကြားတိုင်း ကျွန်မဘ၀အတွက် အောင်မြင်မှုတွေကို ရယူဖို့ အားအင်တွေ၊ တက်ကြွတဲ့စိတ်တွေ ပေါက်ဖွားလာရပါတယ်။ ဒါကြောင့်လည်း အပြစ်မရှိတဲ့ ကျွန်မချစ်သူကို နားလည်ရခက်တဲ့စကားတွေ၊ နာကျင်တဲ့စကားကို ပြောပြီး ကျွန်မ လမ်းခွဲခဲ့မိတာပါ။ ပတ်ဝန်းကျင်ရဲ့စကားသံတွေကြောင့် လမ်းခွဲခဲ့တဲ့အတွက် ကျွန်မ မိုက်မဲလေသလားတော့ မသိဘူး။ ဒါပေမယ့် ကျွန်မချစ်သူက ကျွန်မကို နားလည်နိုင်မယ်ထင်ပါတယ်။ ကျွန်မ သူနဲ့ထိုက်တန်တဲ့ အရည်အချင်းတွေရတဲ့တစ်နေ့၊ ကျွန်မ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေ ပြည့်လာတဲ့တစ်နေ့မှာ အလွမ်းတွေ ပွေ့ပိုက်ရင်း ကျွန်မချစ်သူဆီကို အပြေးပြန်သွားတဲ့အခါ ကျွန်မချစ်သူကလည်း အလွမ်းတွေနဲ့အတူ ကျွန်မ ပြန်အလာကို စောင့်ကြိုနေမလား …

Read More...

------------------------

Portrait of a Friend

I can't give solutions to all of life's problems, doubts, or fears.
But I can listen to you, and together we will search for answers.

I can't change your past with all it's heartache and pain, nor the future with its untold stories. But I can be there now when you need me to care.

I can't keep your feet from stumbling.
I can only offer my hand that you may grasp it and not fall.

Your joys, triumphs, successes, and happiness are not mine;
Yet I can share in your laughter.

Your decisions in life are not mine to make, nor to judge;
I can only support you, encourage you, and help you when you ask.

I can't prevent you from falling away from friendship, from your values, from me.
I can only pray for you, talk to you and wait for you.

I can't give you boundaries which I have determined for you,
But I can give you the room to change, room to grow, room to be yourself.

I can't keep your heart from breaking and hurting,
But I can cry with you and help you pick up the pieces and put them back in place.

I can't tell you who you are.
I can only love you and be your friend.

Unknown

Read More...

------------------------

Wednesday, September 19, 2007

အရောင်နဲ့ ကိုယ်

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!


http://www.quizmeme.com/color/quiz.php

ဘယ်အရောင်လေးဟာ ကိုယ့်အရောင်ဖြစ်မလဲဆိုတာ စိတ်ဝင်စားတဲ့သူတွေအတွက်တော့ ခု ကောင်းကင်ပေးလိုက်တဲ့ link လေးဟာ အသုံးဝင်မှာပါ။ ဒီ link ကို ကောင်းကင် ဘလော့လည်ထွက်ရင်းနဲ့ "Gue" ဆီကနေ ရခဲ့တာပါ။
ကောင်းကင်ရဲ့ သူငယ်ချင်းတွေအားလုံး ကိုယ့်ရဲ့အရောင်လေးကို သိရအောင် မျှဝေလိုက်ပါတယ် …

ကောင်းကင်ရဲ့ အရောင်လေးကတော့ "အစိမ်းရောင်" ပါ။

ကဲ ... ကောင်းကင်ရဲ့ သူငယ်ချင်းတွေအားလုံး လည်း ကောင်းကင်ပေးတဲ့ link လေးဆီကို သွားလည်ရင်း ကိုယ့်ရဲ့အရောင်လေးကို ရှာဖွေနိုင်ကြပါစေလို့ ...

Read More...

------------------------

သူ့အဘိုး

လသာသော ညတစ်ညတွင် အောင်ဘုက သူ့အဘိုးအကြောင်းကို အားတက်သရော ပြောပြသည်။

“ရွာထဲကို ငကျော်နဲ့ ခင်မောင် ဦးဆောင်တဲ့ ရှင်မတောင်အခြေစိုက် ဓားပြတွေလည်း ၀င်လာတယ် ကြားရော တို့အဘိုးဟာ နှစ်တောင်လောက်ရှည်တဲ့ ငှက်ကြီးတောင်ဓားကို ပြေးဆွဲသတဲ့”

“သတ္တိကတော့ မညံ့ဘူးနော်၊ သူသေသေ၊ ကိုယ်သေသေ ချဖို့ထင်တယ်”

“ဒါပေါ့ကွာ။ ဓားပြတိုက်တယ်ဆိုတာ ရွာကို စော်ကားတာပဲ။ ပြီးတော့ လူလူချင်း မတရားသက်သက် အနိုင်ကျင့် လုယက်တာပဲ။ ဒါကို တို့အဘိုးက လုံးဝမလိုလားဘူး”

ကျွန်တော်တို့ အောင်ဘု၏ အဘိုးကို အပြတ်ကြည်ညိုလေးစားသွားကြသည်။ အားကျဂုဏ်ယူစိတ်များလည်း တဖွားဖွား ပေါ်ပေါက်လာပါသည်။

“ဒါနဲ့ ဓားပြတွေကို ဓားနဲ့ အတင်းဝင်ခုတ်ရောလား”

“ဟင့်အင်း မခုတ်လိုက်ရဘူး။ အိမ်ကထွက်မယ်အလုပ်မှာ သေနတ်သံ ကြားလိုက်ရလို့တဲ့”

Read More...

------------------------

Tuesday, September 18, 2007

Instructions for Life

1. Take into account that great love and great achievements involve great risk.

2. When you lose, don’t lose the lesson.

3. Follow the three R’s:
- Respect for self,
- Respect for others and
- Responsibility for all your actions.

4. Remember that not getting what you want is sometimes a wonderful stroke of luck.

5. Learn the rules so you know how to break them properly.

6. Don’t let a little dispute injure a great relationship.

7. When you realize you’ve made a mistake, take immediate steps to correct it.

8. Spend some time alone every day.

9. Open your arms to change, but don’t let go of your values.

10. Remember that silence is sometimes the best answer.

11. Live a good, honorable life. Then when you get older and think back, you’ll be able to enjoy it
a second time.

12. A loving atmosphere in your home is the foundation for your life.

13. In disagreements with loved ones, deal only with the current situation. Don’t bring up the
past.

14. Share your knowledge. It is a way to achieve immortality.

15. Be gentle with the earth.

16. Once a year, go someplace you’ve never been before.

17. Remember that the best relationship is one in which your love for each other exceeds your
need for each other.

18. Judge your success by what you had to give up in order to get it.

19. Approach love and cooking with reckless abandon.

Read More...

------------------------

မှတ်သားမိသမျှ အထွေထွေဗဟုသုတ (၂)

၅။ ပိုပြီးမွှေးလိုတဲ့ ဟင်းလျာတွေအတွက်

ပျဉ်းတော်သိမ်ရွက်လို၊ ကရဝေးရွက်လို ဟင်းခတ်အမွှေးအကြိုင်တွေကို ဟင်းလျာထဲ ထည့်ချက်တဲ့အခါ မွှေးရနံ့တလှိုင်လှိုင်ထွက်ရှိစေဖို့ ဟင်းအိုးထဲကို အရွက်လိုက် မခတ်ဘဲ လက်ထဲမှာ ကြေမွအောင်ချေပြီးမှ အိုးထဲထည့်လိုက်ပါ။

၆။ ကော်ဖီတစ်ပေါင်မှာ

ကော်ဖီဖျော်သူတွေ ချိန်ဆတတ်စေဖို့ ကော်ဖီမှုန့်တစ်ပေါင်ကနေ ကော်ဖီခွက်ပေါင်း ၄၀ မှ ၅၀ အထိ ထွက်ပါသတဲ့။

၇။ အချိုရှောင်တဲ့ ချောကလက် ကြိုက်သူတွေအတွက်

ချောကလက်ကို အချိုအရသာ လုံးဝမရှိစေချင်ဘူးဆိုရင် ချောကလက်တစ်အောင်စထဲကို ကိုကိုးမှုန့် (Cocoa) စားပွဲတင်ဇွန်းသုံးဇွန်းနဲ့ ဆီ စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပြီး မီးဖုတ်ပေးပါ။ အချိုဓာတ်ကင်းတဲ့ ချောကလက်ကို ရရှိပါလိမ့်မယ်။

၈။ ကိုယ်တိုင်လုပ်တဲ့ ဗီနီဂါရည်

ဗီနီဂါရည်ကို သဘာဝနည်းအတိုင်း ကိုယ်တိုင်ပဲ ဖန်တီးချင်တယ်ဆိုရင် သစ်သီးတွေကို အိုးတစ်လုံးထဲမှာ အပြည့်ထည့်ပါ။ ရက်အနည်းငယ် အဖုံးအုပ်ထားပြီးတဲ့အခါမှာတော့ သဘာဝအရသာအတိုင်း လက်ဖြစ်ဗီနီဂါရည်ကို ရရှိပါလိမ့်မယ်။

Read More...

------------------------

Monday, September 17, 2007

Color and personality : Color Yellow

The shade of yellow determines the meaning. Pure, bright and sunny yellow is the easiest color to see. People who are blind to other colors can usually see yellow. Yellow is full of creative and intellectual energy. Always use yellow note pads.

Yellow symbolizes wisdom. Yellow means joy and happiness. People of high intellect favor yellow. Yellow daffodils are a symbol of unrequited love. Sunday's color is yellow-gold.

Yellow Energy

Like the energy of a bright sunny day, yellow brings clarity and awareness. The shade of yellow determines its effect: Yellow-green can mean deceit, and creates a disoriented feeling. Orange-yellow imparts a sense of establishment. Clean light yellow clears the mind, making it active and alert.

Put some yellow in your life when you want:

* clarity for decision-making
* relief from 'burnout', panic, nervousness, exhaustion
* sharper memory and concentration skills
* protection from lethargy and depression during dull weather

Yellow gem stone properties

Carry or wear yellow gemstones to promote the ability to express yourself. They are excellent stones for writers and public speakers to increase eloquence. The yellow stones stimulate movement and mental awareness. They are used to enhance decision making skills.

Wearing Yellow

Wear yellow to present a cheery, uplifting effect. Use it around your office to help keep a clear your mind, and improve memory and decision making.
Chakra associated with Yellow:

Yellow is the color associated with the Solar Plexus Chakra. This chakra deals with identity.

[ link : http://www.crystal-cure.com/color.html ]

Read More...

------------------------

အခုချိန်မှာသာ တစ်ခုခုဖြစ်ခွင့်ရရင် ဘာအဖြစ်ချင်ဆုံးလဲ

ကောင်းကင်က သူငယ်ချင်းများကို Tag ဖို့ စိတ်ကူးလိုက်တဲ့အခါ ကောင်းကင်ရဲ့ဘလော့ကို နေ့တိုင်းလာအားပေးနေတဲ့ သူငယ်ချင်းညီမလေးတစ်ယောက်ကိုလည်း Tag ဖို့ စိတ်ကူးမိပါတယ်။ နေ့တိုင်း ကောင်းကင်ရေးသမျှတွေကို မညည်းမညူလာဖတ်ပြီးအားပေးတဲ့ ညီမလေးကို သူနဲ့ပတ်သက်ပြီး အမှတ်တရလေးတစ်ခု ကောင်းကင် Blog မှာ ထားချင်တဲ့ ရည်ရွယ်ချက်လည်း ပါ ပါတယ်။ ဒါပေမယ့် ညီမလေးက ဘလော့မလုပ်တဲ့သူဆိုတော့ ရေးပေးပါ့မလားလို့တော့ စိတ်ပူမိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ ညီမလေးကို ရေးပေးနိုင်မလားလို့ မေးကြည့်မိတယ်။ ညီမလေးကလည်း အားတက်သရောနဲ့ “ရေးပေးမှာပေါ့ မမရယ်” လို့ ပြောတော့ အရမ်းကို ၀မ်းသာမိတယ်။

ကောင်းကင်ရဲ့ သူငယ်ချင်းများက ကောင်းကင်ကို အားပေးသလို ကောင်းကင် ညီမလေးရေးထားတဲ့ ဒီပို့စ်လေးကိုလည်း အားပေးကြပါအုံးလို့ …

မမရေ … မမမေးတဲ့ “အခုချိန်မှာသာ တစ်ခုခုဖြစ်ခွင့်ရရင် ဘာဖြစ်ချင်လဲ” ဆိုတဲ့ မေးခွန်းလေးအတွက် ညီမလေးရဲ့ အဖြေကတော့ “ပြည့်စုံကောင်းမွန်တဲ့ ဘ၀လေးတစ်ခု” ကို လိုချင်ပါတယ်ဆိုတဲ့အဖြေလေးပါပဲ။ ဘယ်လိုဘ၀မျိုးလဲဆိုတာ သေချာပြောရရင်တော့ ဖြစ်ချင်တာတွေက အများကြီးပါပဲ။ လူတွေမှာ မိသားစုရယ်၊ အလုပ်ရယ်၊ သူငယ်ချင်းတွေရယ်က အဓိကပဲ မဟုတ်လား။ ဒါကြောင့် ညီမလေးရဲ့ဆန္ဒတွေကလည်း အဲဒါတွေနဲ့ပဲ အများဆုံးသက်ဆိုင်တာပေါ့ မမရယ် …။

ပထမဆုံးအနေနဲ့ကတော့ မိဘတွေနဲ့အတူတူနေခွင့်ရချင်တယ်။ မိဝေးဖဝေးအရပ်မှာ နေရတာ မိသားစုကို လွမ်းတယ်။ ထမင်းစားတဲ့အခါတိုင်း အမေချက်ပေးတဲ့ဟင်းကို သတိရတယ်။ အိပ်ယာဝင်ရင်လည်း ကိုယ်အိပ်ခဲ့ဘူးတဲ့ ခုတင်လေးကို သတိရတယ်။ ကိုယ့်အခန်းလေးကို လွမ်းတယ်။

နောက်တစ်ခုကတော့ အလုပ်မှာ အခုထက်ပိုပြီး ကောင်းတဲ့၊ အဆင့်မြင့်တဲ့ နေရာမျိုးကို ရချင်တယ်။ သူငယ်ချင်းတွေအားလုံးရဲ့ ချစ်တာ၊ ဂရုစိုက်တာ ခံချင်တယ်။ တစ်ခါတစ်လေကျရင်တော့ ကိုယ့်ကို မေ့ထားပြီး လိုအပ်လာမှ ကူညီခိုင်းတဲ့ လူတွေကို စိတ်နာချင်တယ်၊ မုန်းချင်တယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ မမုန်းနိုင်၊ စိတ်မနာနိုင်ပါဘူး။ တစ်ခုတော့ရှိတယ်။ သူတို့ကို ကိုယ့်ရဲ့စေတနာကို နားလည်စေချင်တယ်။ ကိုယ်က သူတို့အပေါ်ထားတဲ့ စိတ်ထားမျိုး ကိုယ့်အပေါ် ပြန်ထားစေချင်တယ်။ ကိုယ့်ရဲ့ ဖြူစင်တဲ့ စေတနာဟာ သူတို့အတွက် ဟားစရာ၊ လှောင်စရာ၊ အခွင့်အရေးယူစရာဖြစ်မှာကိုတော့ ကြောက်တယ်။

နောက်ဆုံးအနေနဲ့ကတော့ သောကတွေနည်းပါးတဲ့ဘ၀မျိုးကို လိုချင်တယ်။ ဘ၀ဆိုမှတော့ သောကတွေ လုံးဝကင်းစင်တဲ့ဘ၀မျိုးတော့ ဘယ်ရနိုင်ပါ့မလဲနော်။ ဒီတော့ အတတ်နိုင်ဆုံး သောကတွေ နည်းပါးချင်တယ်။ အချစ်နဲ့ ပိုက်ဆံနဲ့ ပတ်သက်တဲ့ စိတ်ဒုက္ခတွေ၊ အလုပ်ပတ်ဝန်းကျင်က စိတ်ဖိစီးမှုတွေ၊ လူမှုရေး ပြဿနာတွေ အနည်းဆုံးပဲ ဖြစ်စေချင်တယ်။

အကယ်၍ ကြုံတွေ့လာခဲ့ရင်လည်း ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ခံနိုင်ရည်အားတွေ၊ စိတ်ဓာတ်ခွန်အားတွေ၊ ပြဿနာတွေကို ကျော်လွှားဖို့ ပိုပြီးရင့်ကျက်တဲ့ အသိဥာဏ်တွေ လိုချင်ပါကြောင်း …

မမရေ … ညီမလေးကတော့ လောဘကြီးစွာနဲ့ ဆန္ဒပြုလိုက်ပြီနော် …


ညီမလေးရေ …

မမရဲ့ တောင်းဆိုချက်ကို မငြင်းပယ်ဘဲ အားကြိုးမာန်တက်နဲ့ ရေးဖြစ်အောင် ရေးပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါကြောင်း ဒီကနေ ထပ်ဆင့်ပြောလိုက်ပါတယ်နော်။ ညီမလေး လိုချင်တဲ့ ကောင်းမွန်ပြည့်စုံပြီး သောကတွေ ကင်းဝေးတဲ့ဘ၀လေးကို အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါကြောင်း …

Read More...

------------------------

Sunday, September 16, 2007

Color and personality : Color Green

Green is the color of nature, fertility, life. Grass green is the most restful color. Green symbolizes self-respect and well being. Green is the color of balance. It also means learning, growth and harmony. Green is a safe color, if you don't know what color to use anywhere use green.

Green is favored by well balanced people. Green symbolizes the master healer and the life force. It often symbolizes money. It was believed green was healing for the eyes. Egyptians wore green eyeliner. Green eyeshades are still used. You should eat raw green foods for good health. Friday is the day of green. Green jade is a sacred stone of Asia.

Green Energy

Green contains the powerful energies of nature, growth, desire to expand or increase. Balance and a sense of order are found in the color green. Change and transformation is necessary for growth, and so this ability to sustain changes is also a part of the energy of green.

Put some green in your life when you want:
- a new state of balance
- feel a need for change or growth
- freedom to pursue new ideas
- protection from fears and anxieties connected with the demands of others

Green gem stone properties

Green gemstones are used to attract money, prosperity and wealth. They are balancing stones that promote growth and fertility. Carry, wear or place green gemstones around your home or office to promote balance, change and growth.

Wearing Green

Wear green when you want to overcome a sense of thwarted ambition. Green says growth - balance - harmony. It is a color of healthy relationships.

Chakra associated with Green:

Green is the color associated with the Heart Chakra. This chakra deals with higher consciousness and love.

[ link : http://www.crystal-cure.com/color.html ]

Read More...

------------------------

ထီးတော့ထီး

တစ်ခါက ရွာတစ်ရွာတွင် မောင်ရိုးဆိုသော လူတစ်ယောက်ရှိသည်။ သူက နာမည်နှင့်လိုက်အောင် ရိုးသည်။ နာမည်နှင့် အတွဲအဖက်မိအောင်လည်း အ ရှာသည်။ ထိုသို့ ရိုးလွန်း အလွန်းသောကြောင့် ကမောက်ကမ ဖြစ်ရသည်မှာလည်း အခါခါ …။ မောင်ရိုး၏ဒဏ်ကို အများဆုံးခံရသည်က သူ့မိန်းမ…။

တစ်ခါသော် ဘုရားပွဲတော်က ပြန်လာသော မောင်ရိုးနှင့် သူ့ဇနီးတို့ အောက်ပါအတိုင်း အချင်းများလေသတတ်။

“ရှင် လုပ်လိုက်ရင် ဒီအတိုင်းချည်းပဲ …”

“ဘာ ဒီအတိုင်းချည်းပဲလဲ …။ နင်ပဲ ထီးမှာလိုက်လို့ ငါ ထီးဝယ်ခဲ့တယ် မဟုတ်လား”

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ရှင်ဝယ်လာတာ ထီးတော့ ထီးပါ…။ ဒါပေမယ့် ဘုန်းကြီးဆောင်း ထီးကြီးရှင့်”

Read More...

------------------------

Saturday, September 15, 2007

ဘယ်သူများပါလိမ့်

သူငယ်ချင်းတစ်ယောက်ပြောလို့ သိရတဲ့ လင့်လေးတစ်ခုပါ ...

စိတ်ဝင်စားဖို့ကောင်းလို့ ကောင်းကင်ရဲ့ သူငယ်ချင်းများကို မျှဝေလိုက်ပါတယ် ...

ကိုယ် ဘယ်လိုလူမျိုးလည်းဆိုတာ သိရအောင် စမ်းကြည့်ဖြစ်အောင် စမ်းကြည့်လိုက်ကြပါလို့ ... :P

http://www.quizmeme.com/poohpersonality/quiz.php

Read More...

------------------------

Color and personality : Color Orange

Orange is a power color. It is one of the healing colors. It is said to increase the craving for food. It also stimulates enthusiasm and creativity. Orange means vitality with endurance. People who like orange are usually thoughtful and sincere. Lady luck's color is orange. I have been told that if a change of any kind is need in life, just burn an orange candle for 7 nights.


Orange Energy

While red is associated with fiery heat, orange is associated with the benign warmth of the sun. A dynamic color to be sure, orange offers a more thoughtful control than explosive red. Curiosity is a driving characteristic of orange, and with it comes exploration of new things.

Put some orange in your life when you want:
- to spice things up when you feel time is dragging
- to become more involved in something
- to increase creativity
- relief from things becoming too serious

Orange gem stone properties

Orange gemstones contain some of the fiery energies of red, but are gentler with a more creative spirit. They are used to promote personal power and are useful for people who could use more self esteem. Carry or place orange gemstones around your home or office to stimulate creativity, mental quickness, ability to adjust to changes.

Wearing Orange

Wearing orange during times of stress, or shock can help to balance your emotions. It can bring about the willingness to embrace new ideas with enjoyment and a sense of exploration and creative play.

Chakra associated with Orange:

Orange is the color associated with the Sacral Hara Chakra (sexuality and reproduction).

[ link : http://www.crystal-cure.com/color.html ]

Read More...

------------------------

Friday, September 14, 2007

ပါရမီဖြည့်ဖက်

တစ်ခါတုန်းက စာရေးဆရာလောင်းလျာ တစ်ယောက်မှာ ထူးခြားသောဇနီးသည်တစ်ယောက် ရှိခဲ့ဖူးသည်။

သူမနာမည်က ဆိုဖီယာဖြစ်သည်။

သူမ၏ခင်ပွန်းသည် အကောက်ခွန်ရုံးအမှုထမ်းတစ်ဦးဖြစ်၍ တစ်နေ့တွင် အိမ်သို့ အကြီးအကျယ် မှိုင်တွေလျက် ပြန်ရောက်လာသည်။ သူ အလုပ်ပြုတ်ခဲ့ပြီဖြစ်ကြောင်း ဇနီးသည်ကို စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။ ထိုအခါ ဇနီးသည်က ၀မ်းသာအားရထအော်သည်။ မိန်းမဘယ်လိုဖြစ်သွားပါလိမ့်ဟု သူ ငေးမောကြည့်နေစဉ် ဇနီးသည်က

“ဟန်ကျပြီ၊ ရှင်ရေးချင်နေတဲ့ ၀တ္ထုကို အခုမှ ရေးရတော့မယ်”
ဟု ပြောလေသည်။

“အေးကွာ၊ အားသွားတာတော့ မှန်ပါတယ်၊ ဒါပေမယ့် စာထိုင်ရေးနေတော့ ဘာနဲ့သွားစားကြမလဲ”
ဟု ယောက်ျားလုပ်သူက စိတ်ဓာတ်ကျစွာဖြင့် ပြန်ပြောလေသည်။

ဇနီးသည်က စားပွဲအံဆွဲတစ်ခုကို ဆွဲဖွင့်ပြီး အထဲမှ ငွေစက္ကူတစ်ထုပ်ကို ယူ၍ ထောင်ပြလိုက်သည့်အခါ သူက အလွန်အံ့သြသွားသည်။

“မင်း ဘယ်ကရတာလဲ”
သူ တအံ့တသြဖြင့် မေးလိုက်သည်။

“ကျွန်မက ရှင့်မှာ ပါရမီရှိတယ်ဆိုတာကို ယုံကြည်ထားပြီးသား၊ တစ်နေ့ကျရင် ဂန္တ၀င်တွင်မယ့် ၀တ္ထုကြီးတစ်ပုဒ် ရှင်ရေးဖြစ်မယ်ဆိုတာ ကျွန်မက သိနေတယ်၊ အဲဒါကြောင့်မို့လို့ ရှင် အပတ်စဉ်ပေးတဲ့ငွေထဲက နည်းနည်းစီကို ကျွန်မ ဖဲ့ဖဲ့ပြီး စုထားတာ၊ အခု ဒီပိုက်ဆံတွေနဲ့ဆိုရင် ကျွန်မတို့နှစ်ယောက် တစ်နှစ်လောက်တော့ ထိုင်စားလို့ရပါတယ်၊ ဒါကြောင့် ရှင် ဘာမှ စိတ်မပူဘဲ အေးအေးဆေးဆေးသာ စာ ရေးပေးတော့”
ဟု တက်ကြွစွာ ပြောလိုက်သည်။

မိမိကို ယုံကြည်မှုအပြည့်ရှိပြီး အားထားသော ဇနီးသည်ထံမှ တက်ကြွသော စကားများကြောင့် သူလည်း ထက်သန်တက်ကြွစိတ်များ ကူးစက်ကာ သူသည် တစ်ချိန်တွင် အထင်ရှားဆုံး ကမ္ဘာသိ စာရေးဆရာတစ်ယောက်ဖြစ်လာခဲ့သည်။

[မူရင်း။ ။ Nido Qubein ၏ Encouragement]

Read More...

------------------------

Color and personality : Color Red

Red is the warmest of all colors. Red is the color most chosen by extroverts and one of the top picks of males. On the negative side red can mean temper or anger. In China, red is the color of prosperity and joy. Brides wear red and front doors are often painted red. Red is Tuesday's color. Red roses symbolize passionate love. Ruby rings should be worn on the left hand. Red is the color of Mars. This planet is known as the God of War.

Red Energy

Red is associated with fiery heat and warmth. It can also mean danger (burning).
Red is the color of blood, and as such has strong symbolism as life and vitality. It brings focus to the essence of life and living with emphasis on survival. Red is also the color of passion and lust.

Put some red in your life when you want:
- increased enthusiasm and interest
- more energy
- action and confidence to go after your dreams
- protection from fears and anxieties

Red gem stone properties

Red gemstones can be used to strengthen the body, promote will power and courage, add vitality, overcome sexual dysfunctions. Carry or place red gemstones around your home or office to stimulate vitality and energy.

Wearing Red

Wear a red accent piece when you want to present yourself as bold and dynamic. It can boost your confidence if you are attending a function or interview where you feel unsure of yourself.
If a woman wears a red dress it usually is associated with sex appeal.

Chakra associated with Red:

Red is the color associated with the Root Chakra at the base of the spine (animal or base nature). This chakra deals with life at the level of practicality. It is responsible for maintaining the body's heat and has a relationship with the circulatory system.

[ link : http://www.crystal-cure.com/color.html ]

Read More...

------------------------

Thursday, September 13, 2007

တားမြစ်ချက်

ငါ့ကို တကယ်ဂရုမစိုက်ဘူးဆိုရင်
“I Love You” ဆိုတဲ့စကားကို ဘယ်တော့မှ လာမပြောပါနဲ့ …

အနားမှာ တကယ် မရှိဘဲနဲ့
“ခံစားရတယ်” ဆိုတဲ့စကားကို ဘယ်တော့မှ လာမပြောပါနဲ့ …

ငါ့အသည်းကို ခွဲမယ်ဆိုရင်
ငါ့လက်ကို ဘယ်တော့မှ လာမကိုင်ပါနဲ့ …

ထွက်သွားဖို့ စိတ်ကူး မင်းမှာရှိနေမယ်ဆိုရင်
“အမြဲတမ်းပါ” ဆိုတဲ့စကားကို ဘယ်တော့မှ လာမပြောပါနဲ့ …

အမြဲပဲ လိမ်ညာစကားကို ဆိုနေမယ်ဆိုရင်
ငါ့ မျက်လုံးထဲကို ဘယ်တော့မှ လာမကြည့်ပါနဲ့ …

တစ်နေ့မှာ “Goodbye” ဆိုတဲ့စကားကိုပြောဖို့ မင်းတွေးနေခဲ့တယ်ဆိုရင်
“Hello” ဆိုတဲ့စကားကို ဘယ်တော့မှ လာမပြောပါနဲ့ …

မင်း အိပ်မက်ထဲမှာ တစ်ယောက်မက ရှိနေပြီး
“မင်းအတွက် ငါတစ်ယောက်တည်းပါ” ဆိုတဲ့စကား ငါ့ကို ဘယ်တော့မှ လာမပြောပါနဲ့ …

သော့မရှိဘဲနဲ့
ငါ့နှလုံးသားကို သော့ခတ်ဖို့ မင်း ဘယ်တော့မှ မကြိုးစားပါနဲ့ …

ကောင်းကင်ပြာ

Read More...

------------------------

Color and personality : Color Pink

Pink is the color of universal love. Pink is a quiet color. Lovers of beauty favor pink. A pink carnation means "I will never forget you".

Pink Energy

Pink is a combination of red and white. The quality of energy in pink is determined by how much red is present. White is the potential for fullness, while red helps you to achieve that potential. Pink combines these energies. Shades of deep pink, such as magenta, are effective in neutralizing disorder and violence. Some prisons use limited deep pink tones to diffuse aggressive behaviour.

Pink provides feelings of caring, tenderness, self-worth and love, acceptance.

Put some pink in your life when you want:
- calm feelings
- to neutralize disorder
- relaxation
- acceptance, contentment

Pink gem stone properties

Pink gemstones can be used to promote love, self-worth, order and protection from violence or aggression. Carry or place pink gemstones around your home or office to stimulate love and beauty.

Wearing Pink

Wear pink when you want to present yourself as a peaceful, calm person who is not threatening. The softer shades are very feminine and darker shades will alleviate feelings of friction.

[ link : http://www.crystal-cure.com/color.html ]

Read More...

------------------------

Wednesday, September 12, 2007

ဘ၀မှာ အရေးကြီးဆုံးက ဘာလဲ

ဒီမေးခွန်းလေးကို ဘယ်အချိန်ပဲ မေးမေး၊ ဘယ်သူ့ကိုပဲ မေးမေး အဖြေကတော့ တစ်ယောက်တစ်မျိုးစီ ဖြစ်မှာပါ။ အကြိုက်ချင်းတောင် တစ်ယောက်နဲ့တစ်ယောက် တူဖို့ခဲယဉ်းတယ်ဆိုတော့ အရေးကြီးတဲ့အရာချင်းဆို ပိုဆိုးမှာပေါ့နော်။

ဘ၀မှာ အရေးကြီးတာတွေကတော့ အများကြီးပေါ့နော်။ ကောင်းကင်အတွက်လည်း အရေးကြီးတာတွေက အများကြီးပဲပေါ့။ ဒါပေမယ့် အဲဒီထဲကမှ အရေးကြီးဆုံးကို ရွေးရမယ်ဆိုရင်တော့ ကောင်းကင်ရဲ့မိဘတွေကိုပဲ ကောင်းကင်ရွေးမိမှာ။ ဟုတ်တယ်။ ကောင်းကင်အတွက် ကောင်းကင်မိဘတွေက အရေးကြီးဆုံးပါပဲ။

ကောင်းကင်က အပိုစကားတွေကို ပြောတာမဟုတ်ပါဘူး။ အရင်တုန်းကတော့ … အင်း … အချိန်ကာလတစ်ခုလောက်ကပေါ့။ ကောင်းကင်ကို အဲဒီချိန်မှာသာ “ဘ၀မှာ ဘာအရေးကြီးဆုံးလဲ” လို့ တစ်ယောက်ယောက်က မေးခဲ့မယ်ဆိုရင် “ကောင်းကင်အတွက် အရေးကြီးဆုံးဟာ ကောင်းကင်မိဘတွေ ဖြစ်ပါတယ်” လို့ ကောင်းကင် ဖြေဖြစ်ချင်မှ ဖြေဖြစ်မှာ။ “မသိဘူး၊ တစ်ခါမှ မစဉ်းစားမိဘူး” လို့ ဖြေချင် ဖြေလိုက်မိမှာ။ ဒါပေမယ့် တစ်နေ့မှာတော့ ကောင်းကင်အတွက် မိဘတွေက အရေးကြီးဆုံးဆိုတာ သိခဲ့ရတယ်။

ကောင်းကင်အတွက် ကောင်းကင်မိဘတွေကသာ အရေးကြီးဆုံးဆိုတာကို ဗေဒင်ဆရာတစ်ယောက်ကြောင့် ကောင်းကင် သိခဲ့ရတာ။ ကောင်းကင် သိသွားရတဲ့အကြောင်းက ရယ်စရာကောင်းရင်တော့ ကောင်းလိမ့်မယ်။ ဒါပေမယ့် ကောင်းကင်ကတော့ တကယ်ကို လေးလေးနက်နက်ကို အဲဒီချိန်မှာ ခံစားမိလိုက်ရတာ။

အဲဒီနေ့က ကောင်းကင်အဒေါ်တစ်ယောက်ဆီကို သွားလည်ရင်း အဲဒီဗေဒင်ဆရာနဲ့ တွေ့ခဲ့ရတာ။ သူတို့က ကောင်းကင်ကို ကြုံတုန်း မေးသွားပါလားတဲ့လေ။ အရင်ကတည်းက ဗေဒင်မေးတာ ၀ါသနာပါတဲ့ ကောင်းကင်က နှစ်ခါတောင် ခေါ်စရာမလိုဘူး။ ချက်ချင်းကို မေးတာပေါ့။ အဲဒီဗေဒင်ဆရာက ကောင်းကင်ကို ပြောတာပေါ့။ “ညီမကတော့ အားလုံးကောင်းပါတယ်ပေါ့၊ ဒါပေမယ့် တစ်ခုတော့ရှိတယ်ပေါ့၊ ညီမရဲ့ အဖေဖြစ်ဖြစ်၊ အမေဖြစ်ဖြစ် ကြီးမားတဲ့ ယာဉ်အန္တရာယ် ကြုံရမယ်ပေါ့၊ အသက်ကိုလည်း စိုးရိမ်ရမယ်ပေါ့”။ သူက ဖြစ်မယ့် ကားထဲမှာ ပါတဲ့ နံပတ်နှစ်လုံးပြောတာ နှစ်လုံးစလုံးက ကောင်းကင်တို့ကားနံပတ်ထဲမှာ ပါနေတော့ ကောင်းကင်ရဲ့ စိုးရိမ်မှု ဒီဂရီတွေက မြင့်တက်လာတာပေါ့။ ရှေ့မှာ ကောင်းကင်ကို ဟောထားတာတွေကလည်း ဟုတ်သလိုလိုတွေ ဖြစ်နေတော့ ဇဝေဇ၀ါတွေ ဖြစ်လာတော့တာပေါ့။

ကိုယ့်အတွက်ဆိုရင်တောင် အဲလောက်တွေ စိတ်ပူလာမှာမဟုတ်ဘူး။ သူက အတိအကျတွေ၊ သေချာတယ်တွေကြီး ထပ်ခါထပ်ခါပြောနေတော့ ယုံရခက်၊ မယုံရခက်တွေ ဖြစ်လာတာပေါ့။ အပျော်မေးတာကနေ ငိုရတဲ့အဆင့်တွေ ဘာတွေတောင် ရောက်ကုန်တာပေါ့။ တစ်သက်လုံး ဗေဒင်မေးတိုင်း ဟာသ ဖတ်ရသလို ရယ်ခဲ့တာတွေက ဒီတစ်ခါတော့ တကယ့်ကို ဒုက္ခဖြစ်ရတာပဲ။ သူငယ်ချင်းတွေလည်း မနေရ။ ကူပါအုံး၊ ကယ်ပါအုံးပေါ့။ အဲလို ကမောက်ကမတွေ ဖြစ်ခဲ့ရတာ။

အဲဒီအကြောင်းကို ဆက်မပြောတော့ပါဘူးလေ။ အဓိကပြောချင်တာက အဲဒီချိန်ကစပြီး ကောင်းကင်အတွက် အရေးကြီးဆုံးဟာ ကောင်းကင် မိဘတွေပဲလို့ ကောင်းကင် ကောင်းကောင်းသိခဲ့ရတာ။ ဘာမဟုတ်တဲ့၊ မသေချာတဲ့စကားလေးတစ်ခွန်းကြောင့်တောင် ကောင်းကင် အဲဒီလို ခံစားခဲ့ရတာ မဟုတ်လား။ တစ်နေ့နေ့မှာ ခွဲရမယ်ဆိုတာ သိနေပေမယ့်လည်း ခုချိန်မှာတော့ ဘာပဲဖြစ်ဖြစ် ကောင်းကင်ဘ၀အတွက် အရေးကြီးဆုံးက ကောင်းကင်ရဲ့ ဖေဖေနဲ့ မေမေပါပဲ။


ကဲ … ချစ်ရတဲ့ သူငယ်ချင်း “ချစ်ဆေးဗားလေး” ရေ …

ချစ်ဆေးဗားလေး မေးတဲ့ “ကောင်းကင်ဘ၀အတွက် အရေးကြီးဆုံးက ဘာလဲ” ဆိုတဲ့ မေးခွန်းကိုတော့ ကောင်းကင်က ဖြေလိုက်ပြီနော်။ ချစ်ဆေးဗားလေးအတွက်လည်း “ဘ၀မှာ ဘာက အရေးကြီးဆုံးလဲဆိုတာ” ကို ဟောဒီက ချစ်ကောင်းကင်လေးက သိချင်စိတ်ကလေးဖြင့် ဖတ်ရှုရန် စောင့်မျှော်နေပါကြောင်း …

Read More...

------------------------

Color and personality : Color Brown

People who prefer brown are often conventional and orderly. The negative meaning of brown can be a repressed personality or a lazy person. Brown is the color of the earth and is associated with the material side of life.

Brown Energy

Brown can mix into many surroundings. It is a mixture of red, blue and yellow and has many shades and tones - each producing a different effect. Brown can be a stabilizing color. The red in brown gives it practical energy while the yellow and blue add mental focus energies. Too much brown can make a dull effect. Brown gives a feeling of solidity, and allows one to stay in the background, unnoticed.

Some shades of brown create a warm, comfortable feeling of wholesomeness, naturalness and dependability.

Put some brown in your life when you want:

- a solid wholesome feeling
- to blend with the background
- a connection with natural earth and the stability this brings
- orderliness and convention

Brown gem stone properties

Brown gemstones act as a grounding force and promote stability and clear thinking.

Wearing Brown

Wear brown clothing if you want to show no direction or attitude in particular. Brown is a disguise that can be used to effectively hide your true nature. Prior to the introduction of denim, brown was the color worn by manual workers.

Warm browns can be worn to exhibit a 'down to earth' feeling.

[ link : http://www.crystal-cure.com/color.html ]

Read More...

------------------------

Tuesday, September 11, 2007

ဖူးစာရှင်

ဖတ်ခဲ့ဘူးတဲ့ ၀တ္ထုလေးတစ်ပုဒ်ပါ။ သေချာမမှတ်မိတော့လို့ မှတ်မိသလောက်လေးကို အဆင်ပြေအောင် ပြန်ရေးထားတာပါ။ တကယ်လို့ လိုအပ်ချက်ရှိခဲ့ရင် နားလည်ပေးကြပါလို့ ကြိုပြီး တောင်းပန်လိုက်ရပါတယ်။

တစ်နေ့တွင် မောင်ချော အမည်ရှိသူတစ်ဦးသည် ကုန်သည်ကြီးတစ်ဦးထံသို့ အလည်အပတ် ရောက်ရှိလာခဲ့သည်။ ကုန်သည်ကြီး၏ သမီးက အလွန်ကို ချောမောလှပသည်။ သူမ၏ ရုပ်သွင်က မိုးနတ်သမီးလေးတစ်ပါးလိုပင် အလွန် ချစ်ခင်နှစ်လိုဖွယ်ကောင်းသည်။ မောင်ချောက ကုန်သည်ကြီးသမီး မသူဇာကို မြင်မြင်ချင်းပင် အရူးအမူးချစ်မိသည်။ သို့သော် မောင်ချောနှင့် မသူဇာက မိုးနှင့်မြေလို ကွာခြားကြသည်။ မသူဇာက ချောမောလှပသလောက် မောင်ချောက အလွန်ရုပ်ဆိုးသည်။ သူ့ရုပ်ကို မြင်သူတိုင်း အော်ဂလီဆန်ချင်ကြသည်။

မည်သို့ပင်ဖြစ်စေ၊ မောင်ချောက သူမပြန်ခင်တွင် မသူဇာအား ချစ်ခင်နှစ်သက်ကြောင်းကို ပြောလိုသည်။ ထို့ကြောင့် မသူဇာနှင့် စကားပြောရန် သူ ကြိုးစားတော့သည်။ မသူဇာနှင့် သူ တွေ့ခွင့်ရသော်လည်း မသူဇာက သူ့အား မော်၍ပင် မကြည့်။ ထို့ကြောင့် သူ့ရင်ထဲတွင် ကြေကွဲနေတော့သည်။ သို့သော် သူက အားမလျော့ဘဲ မသူဇာအား စကားတွေ တစ်ခုပြီး တစ်ခုပြောသည်။ ဘာအဖြေမှ သူမရ။ နောက်ဆုံးတွင်တော့ သူ ရှက်ရွံ့စွာဖြင့် မေးခွန်းတစ်ခုကို ကြိုးစားပြီး မေးလိုက်သည်။

“အိမ်ထောင်ဖက်ဆိုတာ ကောင်းကင်ဘုံက ရွေးချယ်ပေးလိုက်တဲ့အတိုင်း ဖြစ်ရတယ်ဆိုတဲ့စကားကို မင်း ယုံလား”

ဒီတစ်ခေါက်တော့ မသူဇာက မျက်နှာလေးမော့ကြည့်ရင်း
“ယုံပါတယ်၊ ရှင်ကကော”
ဟု ဖြေလည်းဖြေ မေးလည်းမေးလိုက်သည်။

“ကိုယ်လည်း သိပ်ယုံတာပေါ့”
ဟု သူက အားတက်သရောဖြင့် ပြန်ဖြေလိုက်သည်။ ထို့နောက်
“ဒီမှာ ကိုယ်ပြောပြမယ်၊ ယောက်ျားလေးတစ်ယောက် လူ့ပြည်ကို မွေးဖွားရောက်ရှိတော့မယ့် အခါတိုင်း လူ့ပြည်မှာ သူနဲ့ ထိမ်းမြားရမယ့် မိန်းကလေးဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ကြေညာပေးလေ့ရှိတယ်၊ ကိုယ့်ကို မွေးဖွားခါနီးအချိန်မှာ ဖန်ဆင်းရှင်က ကိုယ့်ရဲ့ဖူးစာရှင်ဟာ ဘယ်သူဖြစ်တယ်ဆိုတာကို ပြပြီး ကိုယ့်ကို ပြောတယ်၊ “မင်းရဲ့ ဇနီးသည်လေးကတော့ ကျောမှာဘုနဲ့ ခါးကုန်းမလေးတစ်ယောက်ဖြစ်နေရှာတယ်” တဲ့၊ အဲဒီတော့ ကိုယ်က ပြန်ပြောလိုက်တယ်၊ “မိန်းကလေးတစ်ယောက်အဖို့ ကျောမှာ ဘုနဲ့ ခါးကုန်းမလေးတစ်ယောက် ဖြစ်နေမယ်ဆိုရင် အရမ်းကို ကြေကွဲဝမ်းနည်းစရာကောင်းပါတယ်လို့၊ ဒါကြောင့် တကယ်လို့သာ ဖြစ်နိုင်မယ်ဆိုရင် အဲဒါတွေကို ကျွန်တော်မျိုးရဲ့ ကိုယ်ထဲကိုသာ ထည့်ပေးလိုက်ပါ၊ သူ့ကိုတော့ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ရပ်တည်ခွင့်ပြုပါ” လို့ ကိုယ်ပန်ကြားခဲ့တယ်”
ဟု ဆက်ပြောသည်။

ထိုစကားကိုကြားတော့ မသူဇာ မျက်လွှာလေးပင့်၍ ကြည့်သည်။ သူမ၏ အာရုံထဲတွင် ရှေးယခင်က တွေ့ခဲ့ဘူးသော မောင်ချော၏ရုပ်သွင်ကို ပြန်လည်အမှတ်ရလာခဲ့သည်။ မောင်ချောထံသို့ သူမ၏လက်ကို ဆန့်တန်း၍ပေးလိုက်သည်။ ထို့နောက်တွင်မူ အလွန်ချစ်ခင်သော ကြည်နူးချမ်းမြေ့သော ထာဝရကြင်ဖက်များ ဖြစ်သွားကြတော့သည်။

Read More...

------------------------

Color and personality : Color Gold

It is no surprise that gold symbolizes wealth used wisely, but it is also the symbol of good health. People who favor the color gold are optimistic.

Gold Energy

The tibetan Buddhist believes in 5 sacred stones: the crystal for light, turquoise for infinity of sea and sky, coral for life and form, gold for the golden ray of the sun, silver for the light of the moon. Gold is intimately linked with Divinity and those gods associated with the Sun. It symbolizes wealth and success.

Put some gold in your life when you want:
- increased personal power
- relaxation and enjoyment of life
- good health
- success

Wearing Gold

Wearing gold in everyday life increases personal power, and promotes courage, confidence and willpower. Gold chains worn around the neck preserve health.

[ link : http://www.crystal-cure.com/color.html ]

Read More...

------------------------

Monday, September 10, 2007

ညီအစ်ကိုနှစ်ယောက်

မိသားစုပိုင်ယာမြေတစ်ခုကို ညီအစ်ကိုနှစ်ယောက် အတူတကွ လုပ်ကိုင်ကြသည်။ အစ်ကိုကြီးက အိမ်ထောင်ရှိပြီး သူ့မိသားစုက ကြီးသည်။ ညီဖြစ်သူကတော့ လူလွတ်တစ်ဦးဖြစ်သည်။

တစ်နေကုန်အလုပ်လုပ်ပြီးလျှင် ယာထဲမှထွက်သော အသီးအနှံများကို ရောင်းရငွေများကို ညီအစ်ကိုနှစ်ယောက် အတူတကွ ညီတူမျှတူ ခွဲဝေယူကြသည်။

ဒီလိုနဲ့ တစ်နေ့မှာတော့ ညီဖြစ်သူ လူလွတ်က တွေးမိသည်။

“လယ်ယာထွက်သီးနှံတွေကို ညီတူမျှတူခွဲဝေယူတာ မဖြစ်သင့်ဘူး၊ ငါက လူလွတ်တစ်ဦး၊ ငါ့မှာက လိုအပ်ချက်သိပ်မရှိဘူး” ဟု တွေးကာ သူ့စပါးကျီထဲမှ စပါးတစ်အိတ်စီ ထမ်းပြီး လယ်ကွင်းကို တိတ်တဆိတ်ဖြတ်ကာ အစ်ကိုဖြစ်သူ၏ စပါးကျီထဲသို့ ညစဉ်ညတိုင်းသွားရောက် ထ
တစ်ဖက်မှာလည်း အိမ်ထောင်သည်အစ်ကိုကြီးက စဉ်းစားသည်။

“သီးနှံတွေရဲ့ ၀င်ငွေတွေကို ညီတူမျှတူ ခွဲဝေယူတာ မဖြစ်သင့်ဘူး၊ ငါက အိမ်ထောင်သည်၊ ငါ့မှာက ငါအသက်ကြီးရင် ပြုစုစောင့်ရှောက်မယ့် သားနဲ့သမီးလည်းရှိတယ်၊ ငါ့မိန်းမလည်းရှိသေးတယ်၊ ငါ့ညီမှာက လူပျိုလူလွတ် တစ်ယောက်တည်း၊ ပြုစုစောင့်ရှောက်မယ့်သူလည်း မရှိဘူး” ဟု တွေးကာ ညစဉ်ညတိုင်း သူ့စပါးကျီထဲမှ စပါးတစ်အိတ်စီထမ်းကာ ညီဖြစ်သူ၏ စပါးကျီထဲသို့ သွားထည့်လေသည်။

သည်လိုနှင့် နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးလာခဲ့သည်။ ကိုယ့်စပါးကျီထဲက စပါးတွေ နေ့စဉ်နေ့တိုင်းထုတ်ယူနေပါလျက်နှင့် လျော့နည်းမသွားသည်ကို ညီအစ်ကို နှစ်ယောက်စလုံးပင် စဉ်းစားမရဖြစ်နေသည်။

သို့သော် မှောင်မည်းနေသော ညတစ်ညတွင် ညီအစ်ကိုနှစ်ယောက် တစ်ဦးကို တစ်ဦး ၀င်တိုက်မိကြသည်။ ထိုအခါမှပင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဖြစ်ပျက်နေပုံအလုံးစုံကို နှစ်ယောက်စလုံး နားလည်သွားကြသည်။

ထို့နောက် စပါးအိတ်တွေကို ပစ်ချကာ တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာ ဖက်ထားလိုက်မိကြတော့သည်။

[မူရင်း ။ ။ More Sower's Seeds စာအုပ်မှ အမည်မသိစာရေးသူ၏ Two Brothers]

Read More...

------------------------

Color and personality : Color Gray

Gray is the color of sorrow. People who favor gray can be the lone wolf type or narrow-minded. Gray with more silver in it can be a very active color.

Native Americans associate gray with friendship. Gray is the symbol for security, maturity and dependability. It connotes responsibility and conservative practicality.


Gray Energy

Gray is the true neutral color. Its energy imparts void, emptiness, lack of movement, emotion, warmth and identifying characteristics. Because of this, gray can be restful. It has a detached and isolated feeling. Gray can have a cooling effect when placed next to other more vibrant colors. It has a stabilizing effect, making vibrant colors stand out while muting their vibration.

Put some gray in your life when you want:
- to emphasize your willingness to comply
- a neutral, non-invasive feeling
- to reduce the intense energy of another color
- to feel detached or isolated


Gray gem stone properties

Gray gemstones are healing stones and can assist in improving relationships toward more stability.


Wearing Gray

Gray clothing suggests efficiency and is often used for this in the business world. Gray can also suggest lack of imagination, so should be used carefully. Gray will emphasize neutrality. Too much gray, or the wrong shades will suggest lack of character, initiative and detachment. Add a hint of another color to gray clothing to express efficiency with personality.


[ link : http://www.crystal-cure.com/color.html ]

Read More...

------------------------

Sunday, September 9, 2007

ထာဝရ

မိုးဖွဲဖွဲအောက်မှာ လက်တွဲလျှောက်ရင်း
ပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေက
ခုတော့ ဘယ်ဆီမှာ ရောက်လို့နေပြီလဲ …

စံပယ်ပင်ဘေး အတူထိုင်ရင်း
ကြည်နူးခဲ့ရတဲ့ အချိန်တွေက
ခုတော့ ဘယ်ဆီမှာ ခိုအောင်းနေသလဲ …

ကိုယ့်ကို ချစ်ပါတယ်လို့
ပြောခဲ့တဲ့ မင်းနှုတ်ဖျားက စကားသံတွေက
ခုတော့ ဘယ်ဆီမှာ ရှောင်ပုန်းလို့ နေပြီလဲ …

တစ်သက်မခွဲ လက်တွဲသွားမယ်ဆိုတဲ့
ကတိသစ္စာစကားတွေက
ခုတော့ ဘယ်ဆီမှာ အိပ်စက်လို့ နားနေလဲ …

ဘာပဲဖြစ်ဖြစ်
ငါကတော့
မင်းပြောခဲ့တဲ့ ကတိစကားတွေကို
ဆက်လက်ယုံကြည်ရင်း
မင်းပြောခဲ့တဲ့ ချစ်ပါတယ်ဆိုတဲ့ စကားသံကို
ပြန်လည်ကြားယောင်ရင်း
မိုးဖွဲဖွဲအောက်မှာ လက်တွဲလျှောက်ခဲ့တဲ့ အချိန်တွေကို
ပြန်လည်သတိရရင်း
ငါတို့နှစ်ယောက် ကြည်နူးခဲ့ကြတဲ့
စံပယ်ပင်လေးဘေးမှာ
မင်းကို ထာဝရအမြဲ
မျှော်နေဆဲပါ …

ကောင်းကင်ပြာ

Read More...

------------------------

Color and personality : Color Indigo

Indigo is the color of the deep midnight sky. It can have a negative effect when used during a depressed state, because it will deepen the mood. Indigo symbolizes a mystical borderland of wisdom, self-mastery and spiritual realization. While blue is the color of communication with others, indigo turns the blue inward, to increase personal thought, profound insights, and instant understandings. While blue can be fast, Indigo is almost instantaneous. Inventors use indigo skills for inspirations that seem to 'come out of the blue'.


Put some indigo in your life when you want:
- to focus on personal issues
- to develop intuition
- to step outside of everyday life for a new and interesting way of viewing a problem
- solitude and inner communication


Indigo gem stone properties

Indigo gemstones open the door to the subconscious, symbolizing the bridge between the finite and infinite. They are used as a guide to cosmic knowledge. The indigo stones are indigo, sapphire, and azurite.


Chakra associated with Indigo:

Indigo is the color associated with the Third Eye Chakra located between the eyes. This chakra deals with intelligence and psychic power.

[ link : http://www.crystal-cure.com/color.html ]

Read More...

------------------------

Saturday, September 8, 2007

အကြံပေးပါ

မိန်းမကြီးတစ်ယောက် စိတ်ရောဂါအထူးကုဆရာဝန်ထံ ရောက်လာပြီး ပြောသည်။

“လွန်ခဲ့တဲ့လကစပြီး ညတိုင်းညတိုင်း ကျွန်မလေ ဟစ်တလာကိုချည်း အိပ်မက် မက်နေတယ်၊ မနေ့ညက သူ ကျွန်မကို တရားဝင် လက်ထပ်ခွင့်တောင်းတယ်”

“အင်း၊ အင်မတန်စိတ်ဝင်စားစရာ ကောင်းတယ်၊ ကျွန်တော် ဘာအကူအညီပေးရမလဲ ခင်ဗျာ”

“အထွေအထူးတော့ မရှိပါဘူး၊ ကျွန်မ သူ့ကို လက်ထပ်တဲ့အခါ လက်ရှိနာမည်ကိုပဲ ထားရမလား၊ မစ္စစ်ဟစ်တလာလို့ နာမည်ပြောင်းရမလားဟင်”

Read More...

------------------------

Color and personality : Color Black


Black is the most misunderstood color. A black tie dinner is very formal and elegant. Women can wear that "must have little black dress" to the black tie dinner. Yet the bad guys wear black hats. Black symbolizes death in some cultures. Native Americans thought black was good because it was the color of soil, which gives life. Saturday's color is black.

Black Energy

Black is not a color, strictly speaking. It is the absence of all color. When people speak of opposites, it is usually in terms of black and white. Black, and its opposite white, represent polarities. Black absorbs all aspects of light. While white reveals, black conceals. It has come to mean hidden, fearful or bad experience. It is linked to the unknown or the unseen.

In times of fear and uncertainty black contains the energy of the threatening unknown. In a positive state, black is seen as a restful emptiness into which anything may emerge and disappear once again. It is also mysterious, providing a sense of potential and possibility.

Put some black in your life when you want:
- to become inconspicuous
- to open the door to mystery
- to prepare for the unknown
- a restful emptiness

Black gem stone properties

Black gemstones symbolize self control and resilience. Black stones have protective energies in the sense that black is the absence of light, and therefore, can be used to create invisibility.

Wearing Black
Dress in black if you want to become inconspicuous. Black is also used in clothing to make a bold statement of mystery and self control. Black clothing can say "Notice me but do not intrude."


[ link : http://www.crystal-cure.com/color.html ]

Read More...

------------------------

Friday, September 7, 2007

ချစ်သူ့လက်ဆောင်

မင်းကြည့်ခဲ့တဲ့ အကြည့်တစ်ချက်
ငါ့ရင်ထဲမှာ
လျှပ်စီးလက်
ရင်ခုန်ခြင်းသံပတ်
ဒါအချစ်ရဲ့
စတင်ခြင်း ဆုံမှတ် ...

မင်းပြုံးခဲ့တဲ့
အပြုံးတစ်ပွင့်
ငါ့ရင်ထဲမှာ
အိုအေစစ်
မျှော်လင့်ခြင်း အားသစ်
ဒါအချစ်ရဲ့
တွယ်ငြိခြင်း အမြစ် ...

မင်းပြောခဲ့တဲ့
စကားတစ်ခွန်း
ငါ့ရင်ထဲမှာ
ချိုမြလွန်း
ကြည်နူးခြင်း ထုံမွှန်း
ဒါအချစ်ရဲ့
မြတ်နိုးခြင်း ပုံသွန်း ...

မင်းကို ချစ်တဲ့
အသည်းနှလုံး
ငါ့ရင်ထဲမှာ
ချိန်ကိုက်ဗုံး
မျိုသိပ်ခြင်း နိဂုံး
ဒါအချစ်ရဲ့
ဖွင့်ဟခြင်း ကုထုံး ...

မင်းကို ချစ်တဲ့
ချစ်ခြင်းတရား
ငါ့ရင်ထဲမှာ
တိုက်စားသွား
လောင်ကျွမ်းအက်ဆစ်များ
ဒါအချစ်ရဲ့
သက်ရောက်ခြင်း ဒဏ်ရာများ
မြတ်နိုးခြင်းဖြင့် သိမ်းဆည်းထား
"ချစ်သူ့လက်ဆောင်များ" ။ ။

အမည်မသိသူတစ်ဦး။

Read More...

------------------------

Color and personality : Color White

White is the color of purity. Brides wear white in many countries, because white symbolizes a virgin. White means kindness. In some cultures white is worn at funerals. White is Monday's color. White daisies are a symbol of loyal love.

White Energy

Strictly speaking, white is not a color, but the manifestation of the presence of all color - the complete energy of light. It stands for wholeness and completion. In many cultures it represents openness and truth. White has a cold quality. It can provide clarity as its energy is complete.

White has purification vibrations and can be used to clear blocks from your path.

It holds the potential to move toward every other color and this makes it a good choice for new beginnings, and development in any direction.

Put some white in your life when you want:
- to clear clutter and obstacles away
- to start a fresh beginning
- to bring about mental clarity
- purification of thoughts or actions

White gem stone properties

White gemstones are ruled by the Moon and are associated with sleep and psychic energy. They are often used for good fortune, protection after dark. The crystal amplifies the powers of other stones. Some say that because white stones contain all the colors, they can act as substitutes for stones of any color.

Wearing White

Wear white to impart a pure, wholesome impression. Surround yourself with white if your surroundings feel cluttered and you want to refresh your mind.

[ link : http://www.crystal-cure.com/color.html ]

Read More...

------------------------

Thursday, September 6, 2007

တကယ်လို့သာ ဘ၀ကို အသစ်တစ်ဖန် ပြန်ရမယ်ဆိုလျှင် ...

လူတစ်ယောက်က တစ်နေ့က ကျွန်မကို မေးခဲ့သည်။ “တကယ်လို့သာ ဘ၀ကို အသစ်တစ်ဖန်ရမည်ဆိုလျှင် ဘာလုပ်မည်နည်း၊ ဘာတွေ အပြောင်းအလဲ လုပ်ချင်လဲ” တဲ့။

မေးတုန်းကတော့ “ဟင့်အင်း” ဆိုတဲ့ စကားလေးတစ်ခွန်းကိုသာ ကျွန်မဖြေလိုက်မိသည်။ ထို့နောက်မှာတော့ ကျွန်မ ခေါင်းထဲမှာ စဉ်းစားစရာတွေက ပေါ်လာသည်။

တကယ်လို့သာ ဘ၀ကို ကျွန်မ အသစ်တစ်ဖန် ပြန်လည်ရှင်သန်ခွင့်ရမည်ဆိုလျှင် …

ကျွန်မ စကားနည်းနည်းပဲပြောမည်၊ သူများပြောတာတွေကို များများနားထောင်ပေးမည်။ ဂရုတစိုက်နှင့် နားထောင်ပေးမည်။

အိမ်မှာ ကော်ဇောက စွန်းထင်ပေကျံနေပြီး ဆိုဖာက ဟောင်းနွမ်းပြီး အရောင်မတောက်တော့လျှင်လည်း မိတ်ဆွေသူငယ်ချင်းများကိုတော့ ညစာ ဖိတ်ကျွေးအုံးမည်။

အသန့်အပြန့်ထားသည်ဆိုသော ဧည့်ခန်းထဲမှာလည်း ပြောင်းဖူးပေါက်ပေါက်တွေကို ကျွန်မ စားချင်စားမည်။ တစ်ယောက်ယောက်က မီးလင်းဖိုမှာ မီးမွှေးချင်သည် ပြောလျှင်လည်း ဖုန်များ၊ အမှုန်အမှိုက်များဖြင့် ညစ်ပတ်မှာလည်း သိပ်မစိုးရိမ်တော့။

အဘိုးက သူ့ငယ်ငယ်က အဖြစ်အပျက် အကြောင်းအရာများကို အရှည်ကြီးပြောပြနေလျှင်လည်း စိတ်မဆိုး စိတ်မရှည်မဖြစ်ဘဲ ဂရုတစိုက်ဖြင့် အချိန်ပေးပြီး ပြီးသည်အထိ နားထောင်ပေးမည်။

နွေရာသီနေ့လည်ခင်း ကားဖြင့် ကျွန်မ အပြင်သွားတဲ့အခါမှာလည်း သပ်သပ်ရပ်ရပ်ဖြစ်အောင် စပရေးဖြန်းထားသော ဆံပင်များ ပျက်ကုန်မှာစိုးပြီး မှန်တင်ခိုင်းတာမျိုးလည်း ကျွန်မ မလုပ်တော့။နှင်းဆီပွင့်ပုံ ဖော်ထားသော ဖယောင်းတိုင်ကိုလည်း စတိုထဲတွင် အရည်ပျော်သည်အထိ သိမ်းမထားဘဲ မီးထွန်းပစ်မည်။

မြက်ခင်းက ရွှံ့တွေ၊ ရေတွေ ပေကျံမှာကို မစိုးရိမ်တော့ဘဲ ကလေးတွေနှင့်အတူ ဆော့ကစားပြီး ထိုမြက်ခင်းပေါ်တွင် ထိုင်ပစ်မည်။

ရုပ်မြင်သံကြားကြည့်ခြင်းထက် တကယ့် ဘ၀အဖြစ်အပျက်များကို သေချာသိအောင်လေ့လာပြီး ရယ်စရာရှိလျှင် ရယ်ပစ်မည်၊ ငိုစရာရှိလျှင် ငိုပစ်မည်။

ကျွန်မခင်ပွန်းထမ်းဆောင်နေရသည့် တာဝန်များကိုလည်း ယခုထက်ပိုပြီး မျှဝေကာ တာဝန်ယူပေးမည်။

နေမကောင်းဖြစ်သည့်အခါမှာလည်း ကျွန်မမရှိလျှင် တစ်လောကလုံး ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ကြမည်ဆိုသော အတွေးကို ဖျောက်ပြီး ကျွန်မအိပ်ရာထဲမှာ လှဲနေမည်။

ပစ္စည်းတစ်ခုကို တကယ်အသုံးတည့်သည်၊ အာမခံသည်၊ တစ်သက်လုံး သုံးနိုင်သည်၊ အာမခံသည်ဟု ပြောရုံမျှဖြင့် ထိုပစ္စည်းကို ကျွန်မ မ၀ယ်တော့။

ကိုယ်ဝန်ဆောင်ချိန် ကိုးလကိုလည်း မြန်မြန်ကုန်ဆုံးပါစေလို့ ဆုမတောင်းတော့ဘဲ အံ့သြဖွယ်ကောင်းသော အရာလေး ကျွန်မ ကိုယ်ထဲမှာ ကြီးထွားလာနေခြင်းကို ဘုရားသခင်၏ ဖန်တီးစီရင်မှုတစ်ခုတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခွင့်ရသည်ဟု သိမှတ်ကာ ထိုအချိန်ကို နှစ်သက်မြတ်နိုးမည်။

ကျွန်မကလေးငယ်က ကျွန်မကို ရုတ်တရက် ၀င်တိုးဖက်ပြီး နမ်းသည့်အခါမှာလည်း “သွားစမ်း၊ နောက်တော့မှ နမ်း၊ အခုထမင်းစားတော့မယ်၊ လက်တွေခြေတွေ သွားဆေးစမ်း” ဟု အော်ဟစ်ခြင်း မပြုတော့။

နောက်ပြီး “I Love You” တွေ “I'm sorry” တွေလည်း ယခုထက် ပိုပြောမည်။

ဒီထက်အရေးကြီးဆုံးက တကယ်လို့သာ စောစောက ပြောခဲ့သလို သည်ဘ၀ကို နောက်တစ်ကြိမ် တကယ်သာ နေခွင့်ရမည်ဆိုလျှင် မိနစ်တိုင်း မိနစ်တိုင်းကို အမိအရ ဆုပ်ကိုင်ပြီး သေသေချာချာ မှတ်မှတ်ရရကြည့်မည်၊ ပြည့်ပြည့်၀၀ နေမည်၊ နောက်ပြီး ထိုအချိန်ကို ဘယ်တော့မှလည်း ပြန်ပေးမှာ မဟုတ်တော့။


[မူရင်း။ ။ Erma Bombek ၏ If I Had My Life to Live Over]

Read More...

------------------------

Color and personality : Color Purple - Violet

Purple is the color of good judgment. It is the color of people seeking spiritual fulfillment. It is said if you surround yourself with purple you will have peace of mind. Purple is a good color to use in meditation.

Purple has been used to symbolize magic and mystery, as well as royalty. Being the combination of red and blue, the warmest and coolest colors, purple is believed to be the ideal color. Most children love the color purple. Purple is the color most favored by artists. Thursday's color is purple.

Violet is the color of purpose. Violet is associated with the Crown chakra (This links individual and universal).
Violet Energy

Violet is a combination of blue and red. Red is a focusing, dynamic and active energy while blue is cooling, calming and expansive. Violet brings a new dynamic to the expansion of blue and the activity of red. Red brings practicality to the undirected expansiveness of the blue, and allows more creative energy to emerge. For this reason, violet is associated with imagination and inspiration.

Violet is an important energy for those who use blue and indigo skills in the psychic field. The red in violet offers a grounding effect.

Put some violet in your life when you want:

* to use your imagination to its fullest
* to re-balance your life
* to remove obstacles
* to calm overactivity or to energize from depression

Violet gem stone properties

Violet gemstones are associated with mysticism and purification. They are used for meditation and to sharpen psychic awareness, connection with higher self, and to increase imagination and inspiration.

Wearing Purple

Wear purple when you want to encourage fantasy, mystery and imagination.
Chakra associated with Violet:

Violet is the color associated with the Crown Chakra. This chakra is the main co-oridination center of the body and ensures you are connected to universal sources of energy.

[ link : http://www.crystal-cure.com/color.html ]

Read More...

------------------------

Wednesday, September 5, 2007

You are my friend!!!

Standing by,
All the way.
Here to help you through your day.

Holding you up,
When you are weak,
Helping you find what it is you seek.

Catching your tears,
When you cry.
Pulling you through when the tide is high.

Just being there,
Through thick and thin,
All just to say, you are my friend.

Brittani Kokko

Read More...

------------------------

Color and personality : Color Blue

Color research is going on in laboratories all over the world. Color therapy is being used by psychologists and business people.

In other words, color is in every part of life. Take a moment every day to look around you and feel the colors, enjoy the colors. Live your life in full color.

Blue is the coolest color - the color of the sky, ocean, sleep, twilight. The ancient Egyptians used lapis lazuli to represent heaven. Blue symbolizes the Virgin Mary. A pure blue is the color of inspiration, sincerity and spirituality. Blue is often the chosen color by conservative people. Blue is the calming color. That makes it a wonderful color to use in the home, especially for babies.

Blue is so soothing that is a good choice for pajamas. Dark blue is the color of truth and moderation. A blue iris means your friendship is very important to me. Wednesday's color is blue. Blue gemstones to wear to feel calm are blue sapphire and blue topaz. Lapis lazuli and azurite are said to heighten psychic power.

Turquoise is the symbol of youth, both the color and the gemstone. This color has a soothing affect. Turquoise is the color of communication. It contains the growth quality of green with the blue quality of communication. Turquoise has long been used in amulets to provide protection, health, confidence and strength.

Aqua is the color of high ideals.

Blue Energy

Blue gives a feeling of distance. Artists use it to to show perspective. This is a good way to understand the energy of the color blue - it allows us to look beyond and increase our perspective outward. It contains a cool vibration that is helpful to communication.

The vibration if blue can be used to open energy flow where it is blocked. Using blue to relax will encourage feelings of communication and peace.

Put some blue in your life when you want:

- calm and relaxation to counteract chaos or agitation
- to open the flow of communication
- to broaden your perspective in learning new information
- solitude and peace

Blue gem stone properties

Blue gemstones promote peace and are used to calm ragged emotions. They are used to provide relief to people who have difficulty sleeping or who have nightmares. They offer inspiration and enhance the quality of communication.
Wearing Blue

Wear dark blues for a stable, calm conservative feeling. All shades of blue will help to make easy communication, whether it is with yourself or others. Use blue paper for notes when you want help in remembering a speech or other information.

Chakra associated with Blue:

Blue is the color associated with the Throat Chakra. This chakra deals with communication of how we feel and what we think.

[ link : http://www.crystal-cure.com/color.html ]

Read More...

------------------------

Tuesday, September 4, 2007

အချစ်နဲ့ အမုန်း

နေ့နဲ့ ည
တစ်လှည့်စီ ဖြစ်တာကို
နေ့ချည်း သက်သက်၊ ညချည်း သက်သက်ဖြစ်အောင်
ဘယ်လိုမှ ပြောင်းလဲလို့ မရနိုင်သလို …

သူရိန်နေမင်းနဲ့ သော်တာလမင်း
တစ်လှည့်စီ ထွက်တာကို
တစ်ပြိုင်တည်း ထွက်လာဖို့
ဘယ်လိုပဲ ကြိုးစား ကြိုးစား မရနိုင်သလို …

အချစ်ကနေ အမုန်းကို
ပြောင်းလဲသွားတဲ့
ကိုယ့်ရဲ့ စိတ်ကို
မင်း ဘယ်လိုပဲ ပြောင်းလဲဖို့ ကြိုးစား ကြိုးစား
မရနိုင်ပါဘူး …

ကောင်းကင်ပြာ

Read More...

------------------------

Monday, September 3, 2007

ချစ်ခြင်း၏ သင်္ကေတ

ဒီနေ့တော့ ကောင်းကင်က ပို့စ်တင်မယ်လို့ စဉ်းစားတဲ့အခါ ချစ်သူတွေအတွက် အရေးကြီးတဲ့ ပန်းလေးတစ်ခုရဲ့အကြောင်းကို ရွေးချယ်ဖို့ စဉ်းစားမိပါတယ်။ အဲဒီပန်းလေးကို အားလုံးလည်း သိပြီးသား ဖြစ်ကြမှာပါ။ ဒါပေမယ့် ဒီပန်းလေးအကြောင်းကို ပြည့်ပြည့်စုံစုံမသိသေးတဲ့ သူတွေလည်း ရှိကောင်းရှိမှာပါ။ အဲဒီသူတွေအတွက် ကောင်းကင်ရဲ့ ဒီပို့စ်လေးက နည်းနည်းလေးဖြစ်ဖြစ် အသုံးဝင်မယ်၊ အထောက်အကူပြုမယ်ဆိုရင် ဒီပို့စ်ကို တင်ရကျိုးနပ်မှာ အမှန်ပါ။

“နှင်းဆီ”


ဟုတ်တယ်။ “နှင်းဆီ” ဆိုတာ ချစ်ခြင်းရဲ့ သင်္ကေတတစ်ခုပါ။ ချစ်တတ်သူတိုင်း၊ ချစ်ဖူးသူတိုင်း၊ ချစ်မယ့်သူတိုင်း၊ အချစ်ရှိသူတိုင်း၊ ခံစားတတ်သူတိုင်းအတွက် “နှင်းဆီ” ဆိုတာ မရှိမဖြစ်ပါပဲ။

ကမ္ဘာပေါ်မှာရှိတဲ့ သူတော်တော်များများဟာ မိမိတို့ရဲ့ အချစ်ကို “နှင်းဆီ” ပွင့်လေးတွေ ပေးရင်း ဖော်ပြတတ်ကြပါတယ်။ နှင်းဆီပန်းရဲ့ အရောင်လေးတွေဟာလည်း ချစ်စကားများကို ကိုယ်စား ပြောပေးနိုင်သလို နှင်းဆီပွင့် အရေအတွက်ဟာလည်း ချစ်ခြင်းရဲ့ ညွှန်းဖွဲ့စကားတွေကို ပြောကြားပေးပါတယ်။

အချစ်ရဲ့ ခွန်အား၊ အပြစ်တွေဖယ်ပြီး အချစ်တွေ ဖလှယ်ကြတဲ့အချိန်၊ မိမိဘယ်လောက် ချစ်မြတ်နိုးကြောင်း၊ ဘယ်လို လွမ်းကြောင်း၊ ဘယ်လို ချစ်တယ်၊ ဘယ်လောက်ထိ ချစ်တယ်၊ မိမိရဲ့ သစ္စာ၊ ရာသက်ပန်ချစ်နေမည့်အကြောင်း စကားတွေကို အားလုံးရဲ့ ကိုယ်စား မညည်းမညူပြောပေးတာကတော့ ဒီ နှင်းဆီပန်းလေးတွေပါပဲ။

ချစ်သူတွေမှ မဟုတ်ပါဘူး။ ခင်မင်သူတွေ၊ လေးစားမြတ်နိုးသူတွေ အချင်းချင်း ကြားမှာလည်း နှင်းဆီပန်းတွေဟာ ကြားခံရင်ဖွင့်စကားဆိုပေးတဲ့ အဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုပါပဲ။

အခုဆိုရင် နှင်းဆီပန်းလေးတွေဟာ နေရာတော်တော်များများမှာ နေရာယူလာတာကို တွေ့ရမှာပါ။ ပြောရခက်တဲ့စကားလေးတွေ ပြောချင်တဲ့အခါ နှင်းဆီပန်းလေးတွေကို ပေးရင်း ရင်ဖွင့်ရတာလည်း ရင်ခုန်စရာ တစ်ခုပါပဲ။

ဒါပေမယ့် နှင်းဆီပန်းအရောင်လေးတွေရဲ့ အဓိပ္ပါယ်ကိုတော့ သိမှ ဖြစ်မှာပေါ့နော်။ ပေးတဲ့သူကတော့ သိပြီး ယူတဲ့သူကတော့ မသိရင်လည်း မဖြစ်ဘူးလေ။

ဒါကြောင့် ကောင်းကင်က ကောင်းကင်သိသလောက် နှင်းဆီအကြောင်းလေးကို ပြန်ပြီး ဖောက်သည်ချလိုက်ပါတယ်နော်။

“နှင်းဆီ” ပန်းလေးတွေမှာ လူတော်တော်များများ သတိမမူလိုက်မိတဲ့ အလှတွေ ရှိပါတယ်။


အချစ်အတွက် ပထမဆုံးဖြစ်လာတဲ့ ရင်ခုန်မှု၊ စိတ်လှုပ်ရှားမှုတွေကို “နှင်းဆီ” ပန်းလေးတွေနဲ့ ဖော်ကျူးကြတယ်။ တစ်စုံတစ်ယောက်ကို နှင်းဆီပန်းလေးတွေ ပေးတော့မယ်ဆိုရင် ဘာအဓိပ္ပါယ်နဲ့ ပေးမှာလဲ ဆိုတာကို သေချာ သိဖို့လိုအပ်ပါတယ်။ ရင်ထဲက ကိုယ့်ရဲ့ ခံစားချက်ကို ဖော်ပြဖို့ ရွေးမယ့်ပန်းကတော့ ဘယ်လိုအခြေအနေဖြစ်ဖြစ် “နှင်းဆီ” ပန်းလေးသာ ဖြစ်သင့်တာပေါ့။

နောက်အရေးကြီးတာ တစ်ခုကိုလည်း သိဖို့လိုသေးတာပေါ့။ အဲဒါကတော့ “နှင်းဆီ” ပန်းလေးတွေရဲ့ လဟာ ဘယ်လဖြစ်တယ်ဆိုတာကိုပေါ့။ တခြားအချိန်တွေမှာ နှင်းဆီပန်းကို ပေးတယ်ဆိုပေမယ့်လည်း ဒီလရောက်တဲ့အခါမှာတော့ သေသေချာချာကို ကိုယ်ချစ်ရတဲ့သူကို နှင်းဆီပန်းလေးကို ပေးသင့်တာပေါ့နော်။ ဘာလို့လဲဆိုတော့ အဲဒီလဟာ နှင်းဆီပန်းလေးတွေရဲ့ လ ဖြစ်နေလို့ပါပဲ။ အဲဒီလကတော့ “ဇွန်” လပါ။ ကဲ … ဇွန်လကို ရောက်ရင် ကိုယ်ချစ်တဲ့သူကို နှင်းဆီပန်း ပေးဖို့ မမေ့ကြနဲ့နော်။

ကိုယ်ဟာ မင်းကြောင့် ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတယ်။ အချစ်ပျောက်ပြယ်သွားမယ့်အကြောင်းကို တွေးကြောက်နေပါတယ်။ ခင်မင်မှုနဲ့ မိတ်ဆွေတွေဖြစ်ချင်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ကို မိမိရဲ့ ကိုယ်စား နှင်းဆီပွင့်လေးတွေက ဖော်ပြပေးနေပါတယ်။ အ၀ါရောင်နှင်းဆီ ၁ပွင့်နှင့်အတူ အနီရောင်နှင်းဆီ ၁၁ပွင့် ပေးခြင်းဟာ အလွန်ကို ချစ်ပါတယ်။ အလွန်ကို မုန်းတီးပါတယ်။ အလွန်ကို ဒေါသဖြစ်နေပါတယ် ဆိုတဲ့ အဓိပ္ပါယ်တွေကို ပြောပြပေးပါတယ်တဲ့။

အဲဒီလိုပါပဲ နှင်းဆီပွင့်မဟုတ်တဲ့ နှင်းဆီဖူးလေးတွေဟာလည်း အငုံအဖူးလေးတို့ရဲ့ ပင်ကိုယ်သဘာဝအတိုင်း လှပမှု၊ ငယ်ရွယ်နုပျိုမှုတွေနဲ့ လိုက်ဖက်တဲ့ အပြစ်ကင်းစင်တဲ့ နှလုံးသားထဲကလာတဲ့ အချစ်စစ်စစ်ပါလို့ အဓိပ္ပါယ် ဆောင်ပြန်သတဲ့။

ဒါတင်မကသေးပါဘူး။ နှင်းဆီရဲ့အရောင်လေးတွေကို လိုက်ပြီး အမျိုးမျိုးအဓိပ္ပါယ် ဖွင့်ဆိုကြပါသေးတယ်။ “တို့တွေရဲ့ စိတ်ဆိုးစရာ၊ သဘောထားကွဲတာတွေကို မေ့လိုက်ပါ …”၊ “တောင်းပန်ပါတယ် …” စတာတွေပေါ့လေ။

“နှင်းဆီဖြူ” လေးတွေကတော့ ဖြူစင်သန့်ရှင်းခြင်းသဘောကို ဆောင်သလို၊ ၅၂၈ မေတ္တာကနေ ၁၅၀၀ ချစ်ခြင်းကို တက်လှမ်းကြမယ်လို့ အသိပေးလိုက်တဲ့ စကားမဲ့ တေးသံလေးဖြစ်ပါတယ်။


တကယ်လို့ ကိုယ်က ချစ်ခွင့်ပန်ထားသူက “ပန်းနုရောင်” နှင်းဆီလေး ပြန်ပေးခဲ့မယ်ဆိုရင်တော့ တစ်ဝက်တော့ ပျော်လို့ရပါပြီ။ ချစ်တော့ ချစ်ချင်ပါပြီပေါ့။ ဒါပေမယ့် နည်းနည်းတော့ စဉ်းစားပါရစေဦးပေါ့။


“နှင်းဆီဝါလေး” တွေရဲ့ အဓိပ္ပါယ်ကတော့ သစ္စာမပျက်ဘဲ မြဲခိုင်စွာ ချစ်ကြမယ်၊ ဘ၀ကို တူတူ လျှောက်လှမ်းကြမယ်လို့ ဆိုလိုပါတယ်။ ခင်မင်သူတွေ ကြားမှာတော့ နှင်းဆီဝါလေးဟာ “ခုလို ခင်မင်ခွင့်ရတာ ၀မ်းသာပါတယ်၊ ပျော်ရွှင်ပါတယ်” ဆိုတဲ့ အဓိပ္ပါယ်ကို ဆိုလိုပါသတဲ့။
“နှင်းဆီနီ” ကတော့ အားလုံး သိပြီးကြတဲ့အတိုင်းပါပဲ။ အနီရောင်ဟာ ရဲရင့်ခြင်း၊ သစ္စာရှိခြင်း၊ ဖြောင့်မတ်တည်ကြည်ခြင်း၊ အသက်စွန့်ဝံ့ခြင်း အဓိပ္ပါယ်ကို ဆောင်တယ်မဟုတ်လား။ အဲဒီလိုပဲ ၀မ်းသာကြောင်း၊ ရိုသေလေးစားကြောင်း၊ ဆုမွန်ကောင်း တောင်းပေးကြောင်း စတာတွေအတွက်လည်း အနီရောင် နှင်းဆီပွင့်လေးတွေကို ပေးတတ်ကြပါတယ်။
“လိမ္မော်ရောင် နှင်းဆီ” လေးတွေကတော့ အသည်းကွဲခြင်းကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် “အသည်းကွဲနှင်းဆီ” လို့လည်း ခေါ်ကြပါတယ်။ ချစ်ကံခေ အဖော်ကွဲပြီး တစ်ကိုယ်တည်း မပျော်ဘဲ ဆွေးနေရသူတွေအတွက်ကတော့ ဒီ လိမ္မော်ရောင်နှင်းဆီပွင့်လေးတွေဟာ သူ့ကိုယ်စားပြောပေးတဲ့ သူ့ရဲ့စကားသံတွေပါ။
အရောင်ကို လိုက်ပြီး နှင်းဆီပွင့်လေးတွေရဲ့ အဓိပ္ပပါယ်ကို သိပြီးပြီဆိုရင်တော့ အပွင့်လေးတွေရဲ့ အရေအတွက်လေးတွေက ဘယ်လို အဓိပ္ပါယ်ဆောင်တယ်ဆိုတာကို ကြည့်ကြရအောင်နော် …

နှင်းဆီ ၁ ပွင့် ကတော့ သက်လုံးပုံ၍ ချစ်ခြင်း၊ အချစ်တွင်းနဲ့ ရင်တွင်းက ချစ်တာပါလို့ ပြောပါတယ်။
၂ ပွင့် = တို့နှစ်ယောက်ကြား ခိုင်မြဲတဲ့ နှောင်တွယ်မှု အထိမ်းအမှတ်ပါ။
၃ ပွင့် = I Love You.
၎ ပွင့် = သစ္စာတရားနဲ့ ကတိပြုလျက် ပေးဆပ်တာပါ။
၅ ပွင့် = တို့မှာ မင်းကို ချစ်တဲ့အတွက် နောင်တ မရှိဘူး။
၆ ပွင့် = မင်းအတွက် ဖြစ်ချင်တယ်။ တို့တမ်းတနေတယ်။
၇ ပွင့် = Lucky Seven ပေါ့နော်။ ကံကောင်းချင်တယ်။ တို့ကတော့ အရူးအမူးဖြစ်နေပြီ။
၈ ပွင့် = အရာအားလုံး မင်းကို ပေးဆပ်ပါတယ်။
၉ ပွင့် = တို့နှစ်ဦး ကမ္ဘာဆုံးတိုင် ချစ်ကြရစေသား။
၁၀ ပွင့် = အပြစ်တွေးစရာမရှိအောင် မင်းကို ချစ်တယ်။
၁၁ ပွင့် = ကိုယ့်ဘ၀မှာ မင်းတစ်ယောက်တည်းကိုပဲ ချစ်တယ်။
၁၂ ပွင့် = သံသယကင်းတဲ့ စွဲလန်းခြင်းတွေနဲ့ပါ။
၁၃ ပွင့် = တိတ်တခိုး ချစ်နေရတယ်။
၂၄ ပွင့် = ဘာပဲလုပ်လုပ် မင်းကိုပဲ ၂၄ နာရီ မြင်နေမိတယ်။
၃၃ ပွင့် = အလေးအနက် ထပ်ပြောမယ်။ သိပ်ချစ်တယ်။
၃၆ ပွင့် = တစ်ခါဆုံတွေ့ပေမယ့် မေ့လို့မရနိုင်ဘဲ မင်းက ထာဝရပါ။
၄၄ ပွင့် = တစ်သက်တာ ထာဝရပါလို့ ကတိပေးပါတယ်။
အပွင့် ၅၀ = ဘယ်တော့မှ ၀မ်းမနည်းရမယ့် အချစ်မျိုးပါ။
၅၆ ပွင့် = ငါး နဲ့ ခြောက်လိုပဲ မင်းရဲ့ အနီးဆုံးမှာ မင်းကို ချစ်နေသူက ငါ ပါ။
၉၉ ပွင့် = နားလည်ပေးမှု ရာနှုန်းပြည့်နဲ့ မင်းကို တစ်သက်လုံး ချစ်သွားမှာပါ။
နှင်းဆီပန်း ၉၉ ပွင့် ပေးလိုက်တဲ့အခါ တကယ်လို့ အပွင့် ၁၀၀ ပြန်ပေးတဲ့အဓိပ္ပါယ်ကတော့ နှစ်မျိုးတွေ့ရပါတယ်။ တစ်ခုကတော့ သက်ဆုံးတိုင် ရိုးမြေကျ ပေါင်းသင်းသွားပါ့မယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ နောက်တစ်ခုကတော့ အပွင့်တစ်ရာပေးလိုက်ပါတယ်။ နှင်းဆီပန်းအရောင်းဆိုင်သာ ဖွင့်လိုက်ပါတော့ဆိုတဲ့ ရွှတ်နောက်နောက် အဖြေတစ်ခုပါ။
၃၆၅ ပွင့် = နေ့တိုင်းသတိရနေတယ်။ အချိန်တိုင်းသတိရနေတယ်။ တစ်နှစ်မှာ ၃၆၅ ရက်လုံးလုံး သတိရနေပါတယ်။
ကဲ … ကောင်းကင်သိတဲ့ နှင်းဆီရဲ့ ချစ်ဋီကာအကြောင်းလေးတွေကိုတော့ ပြောပြပြီးသွားပြီ။ ကမ္ဘာတည်သရွေ့ အချစ်ရှိနေမှာ အမှန်ဘဲဆိုရင် နှင်းဆီပွင့်လေးတွေကို မြင်တိုင်း ရင်လှိုင်းလှုပ်ခတ် အသုံးချတတ်ကြပါစေ …

Read More...

------------------------

Answer: How do you survive in this situation?

ဟိုတစ်ပတ်က ကောင်းကင် မေးခဲ့တဲ့ ဥာဏ်စမ်းလေးရဲ့ အဖြေကို ဖော်ပြပေးလိုက်ပါတယ် ...

ကောင်းကင်ရဲ့ သူငယ်ချင်းတွေအားလုံး အဖြေလေးကို ကြည့်ပြီး သဘောကျလိမ့်မယ်လို့ ထင်ပါတယ် ... :P


Read More...

------------------------

Sunday, September 2, 2007

Simple Things





Remember the five simple rules to be happy:

1. Free your heart from hatred.

2. Free your mind from worries.

3. Live simply.

4. Give more.

5. Expect less











No one can go back and make a brand new start.

Anyone can start from now and make a brand new ending.

God didn't promise days without pain, Laughter without sorrow, sun without rain, but He did promise strength for the day, comfort for the tears, and light for the way.












Disappointments are like road humps, they slow you down a bit but you enjoy the smooth road afterwards. Don't stay on the humps too long. Move on!

When you feel down because you didn't get what you want, just sit tight and be happy, because God is thinking of something better to give you.












When something happens to you, good or bad, consider what it means. There's a purpose to life's events, to teach you how to laugh more or not to cry too hard.

You can't make someone love you, all you can do is be someone who can be loved, the rest is up to the person to realize your worth.










The measure of love is when you love without measure. In life there are very rare chances that you'll meet the person you love and loves you in return. So once you have it don't ever let go, the chance might never come your way again.















It's better to lose your pride to the one you love, than to lose the one you love because of pride.


We spend too much time looking for the right person to love or finding fault with those we already love, when instead we should be perfecting the love we give.









When you truly care for someone, you don't look for faults, you don't look for answers, you don't look for mistakes. Instead, you fight the mistakes, you accept the faults, and you overlook the excuses.


Never abandon an old friend. You will never find one who can take his place. Friendship is like wine, it gets better as it grows older.

Read More...

------------------------

အမာရွတ်လေး

ကောင်လေးတစ်ယောက်က သူ့ရဲ့မူလတန်းကျောင်းမှာ ပထမဆုံးအကြိမ်အဖြစ် မိဘဆရာအစည်းအဝေးအတွက် သူ့အမေကို ဖိတ်ခိုင်းခြင်းခံရသည်။ သူက ကျောင်းက ဆရာဆရာမတွေ ဖိတ်ခိုင်းသည့်အတိုင်း သူ့အမေကို ဖိတ်သည်။ သို့သော် ကောင်လေးစိတ်ထဲတွင် သူ့အမေ မိဘဆရာအစည်းအဝေးသို့ တက်ရောက်မည်ကို စိုးရိမ်နေသည်။ သူ့မိခင်ကို အတန်းဖော်သူငယ်ချင်းများနှင့် ဆရာဆရာမများ၊ အခြားမိဘများတွေ့မည်ကို ထိတ်လန့်နေမိသည်။

သူ့မိခင်က ပင်ကိုယ်ရုပ်ရည် ချောမောသူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း အမေ့မျက်နှာ ညာဘက်ခြမ်းတွင် ကြီးမားသော အမာရွတ်ကြီးတစ်ခုက ဆိုးဆိုးဝါးဝါးဖြင့် ထင်းထင်းကြီးဖြစ်နေသည်။

ကောင်လေးသည် အမာရွတ်အကြောင်းကို မကြားချင်။ ထို အမာရွတ်ကြီး ဘာကြောင့် ရ ရသည်ကိုလည်း မသိချင်။ ဒါကြောင့် သူ ဘယ်တော့မှ ထိုအမာရွတ်အကြောင်းကို မမေး။ ထို့အတူ အခြားသူများကိုလည်း သူ့အမေက အမာရွတ်ကြီးဖြင့် ရုပ်ဆိုးသူဖြစ်ကြောင်းကိုလည်း မသိစေချင်။

မိဘဆရာအစည်းအဝေးမှာ ပင်ကိုယ်ရုပ်ရည်ချောသော၊ သဘောထားကောင်းသော၊ ယဉ်ကျေးပျူငှာသော သူ့အမေကို အားလုံးက တလေးတစား ဆက်ဆံကြသော်လည်း ကောင်လေးက ရှက်ရွံ့စိတ်မပြယ်ဘဲ ရှောင်ပုန်း၍သာ နေ နေသည်။

သို့သော် တစ်နေရာရောက်သောအခါ ဆရာမနှင့် သူ့အမေ ပြောနေသော စကားများကို သူ ကြားလိုက်ရသည်။

“မျက်နှာပေါ်က အမာရွတ်က ဘယ်လိုရတာလဲ”
ဆရာမက မေးသည်။

“သားလေး နို့စို့အရွယ်တုန်းက ရခဲ့တာပါ။ အဲဒီနေ့က သူ့အခန်းထဲမှာ မတော်တဆမီးလောင်တော့ သားက ခုတင်လေးထဲမှာလေ၊ အခန်းထဲမှာလည်း မီးက တအားပြင်းနေတာဆိုတော့ ဘယ်သူကမှ ၀င်မကယ်ရဲကြဘူး။ အဲဒီချိန်မှာဘဲ အပေါ်က တုတ်တန်းကြီးတစ်ခုက သားအပေါ်ကို ပြုတ်ကျတာ။ အဲဒါနဲ့ ကျွန်မက သားဆီအတင်းပြေးပြီး သားအပေါ်ကနေ ကာလိုက်တာ။ ကျွန်မနဲ့ တုတ်တန်း ရိုက်မိသွားပြီး မေ့လဲသွားခဲ့တယ်။ ကံကောင်းတယ်ပဲ ဆိုရမလား၊ မီးသတ်သမားက အချိန်မီရောက်လာခဲ့လို့ သားလေးကော ကျွန်မကော အသက်ချမ်းသာရာ ရခဲ့တယ်၊ ဒါပေမယ့် ရိုက်မိတဲ့ဒဏ်ရာကတော့ အမာရွတ်ကျန်ခဲ့တာပေါ့”
သူ့အမေက မျက်နှာပေါ်မှ အမာရွတ်ကလေးကို စမ်းရင်း ဆရာမအား ပြောပြနေသည်။

“ဒါပေမယ့် ကျွန်မ သားလေးအသက်ချမ်းသာရာရခဲ့တာကိုပဲ ကျွန်မ ၀မ်းသာပါတယ်၊ နောက်ပြီး ဒီဒဏ်ရာအတွက်လည်း ကျွန်မ တစ်ခါမှ နောင်တမရခဲ့ပါဘူး”
လို့ အမေက ဆိုတယ်။

သည်စကားကို ကြားလိုက်တော့မှ ကောင်လေးက သူ့အမေနားကို မျက်ရည်တွေအ၀ိုင်းသားနဲ့ ပြေးထွက်လာပြီး သူ့အမေကို ဖက်လိုက်တယ်။ သူ့အတွက် အသက်ပေးကာကွယ်ပေးခဲ့သည့် အမေ့ရဲ့ စေတနာ၊ အမေ့ရဲ့ မေတ္တာတွေကို ခံစားရကာ သူ့ရင်ထဲမှာ လှိုက်ဖိုနေသည်။ အဲဒီနေ့ တစ်နေ့လုံးလုံး အမေ့အနားက လုံးဝမခွာဘဲ အမေ့လက်ကို တစ်ချက်မှ မလွှတ်ဘဲ တင်းတင်းဆုပ်ကိုင်ပြီး နောက်ဆို အမေ့ကို သူ တစ်သက်လုံး စိတ်ချမ်းသာအောင် ထားတော့မည်ဟု ဆုံးဖြတ်ချက်ချနေမိတော့သည်။

[မူရင်း။ ။ Lih Yuh Kuo ၏ The Scar]

Read More...

------------------------

Saturday, September 1, 2007

Only in My Dreams

ဘယ်သူရေးလဲ ဆိုတာကိုတော့ မမှတ်မိတော့ပါဘူး … ကြိုက်လို့ ကူးထားမိတာပါ … ခု အားလုံးလည်း ကောင်းကင်နဲ့အတူ ဖတ်ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ် …


Only in my dreams
Are you ever smiling at me
And only in my dreams
Will you and I ever be

Only in my dreams
Will we ever watch the sunrise
And only in my dreams
Will I ever see that love in your eyes

If those dreams
If they ever come true
Each day I wake
I would be with you

We walk and we talk
Hand in hand along the shore
Spending each moment together
Never needing anything more

When you look at me
Your smile seems to shine
You touch my heart
You say you are mine

Each night as I dream
You are always there
We are together as one
Everything we share

I hold you in my arms
So close, so much in love
Only in my dreams
Are you sent to me from above

Only in my dreams
Are you ever smiling at me
And only in my dreams
Will you and I ever be

Only in my dreams
Will we ever watch the sunrise
And only in my dreams
Will I ever see that love in your eyes

When I wake, again without you
It was so real or so it seems
But then I remember,
You were only in my dreams

Read More...

------------------------

ဘာကြောင့် အမျိုးသမီးတွေ ငိုကြသလဲ?

တစ်နေ့မှာ ကောင်လေးတစ်ယောက်က သူ့အမေကို မေးတယ် …

“အမေ … ဘာကြောင့် ငိုနေတာလဲ …”

“ဘာလို့လဲဆိုတော့ အမေက အမျိုးသမီးတစ်ယောက်ဖြစ်လို့ပေါ့ သား …”
လို့ အမေက ဖြေလိုက်တယ်။ အဲဒီအခါ သားက

“ကျွန်တော် နားမလည်ဘူး အမေ …”
လို့ ဆိုတယ်။ အမေက သူ့သားကို ဖတ်လိုက်ပြီး

“သား ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ပါဘူး”
ဟု ပြောလိုက်တယ်။

မကြာခင်မှာဘဲ သားလုပ်သူက သူ့အဖေကို မေးပြန်တယ်။
“အဖေ … အမေက ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ ဘာလို့ငိုနေတာလဲ”

ထိုအခါ အဖေလုပ်သူက
“အမျိုးသမီးတွေဟာ ဒီလိုပဲ ဘာအကြောင်းပြချက်မှ မရှိဘဲ ငိုကြတယ် သား …”
လို့ပဲ ဖြေနိုင်တယ်။

ဒီလိုနဲ့ ကောင်လေးက တဖြည်းဖြည်း အရွယ်ရောက်လာတဲ့လူကြီးတစ်ယောက် ဖြစ်လာတယ်။ ဒါပေမယ့် အမျိုးသမီးတွေ ဘာကြောင့် ငိုကြတာလဲ ဆိုတာကိုတော့ အံ့သြတုန်းပဲပေါ့။နောက်ဆုံးမှာတော့ သူက ဘယ်လိုမှ မနေနိုင်တော့ဘဲ ဘုရားသခင်ကို မေးတယ်။

“အမျိုးသမီးတွေဟာ ဘာကြောင့် အလွယ်တကူ ငိုကြတာလဲ …”

အဲဒီမှာ ဘုရားသခင်က

“အမျိုးသမီးတစ်ယောက်ကို ဖန်တီးတုန်းက သူ့ကို ဘယ်အရာနဲ့မှ မတူအောင် အထူးဖန်တီးခဲ့တယ်။ သူ့ရဲ့ပုခုံးတွေကို ကမ္ဘာလောကရဲ့ ၀န်ထုပ်ဝန်ပိုးတွေကို ခံနိုင်ရည်ရှိအောင်၊ ကြံ့ခိုင်အောင်၊ သက်တောင့်သက်သာရှိအောင် ဖန်တီးခဲ့တယ်။ ကလေးမွေးဖွားစဉ် ကြုံတွေ့ရမယ့် နာကျင်မှုတွေ၊ ကလေးတွေက သူပြောဆိုတာတွေကို ငြင်းပယ်တဲ့အခါမှာ ဖြစ်လာတဲ့ နာကျင်မှုတွေကိုလည်း ခံနိုင်ရည်ရှိအောင် အင်အားတွေ ပေးခဲ့တယ်။ သူ့ကို အခက်အခဲတွေနဲ့ ကြုံတွေ့စေတယ်။ အဲဒီအခက်အခဲတွေက သူ့ကို တစ်ယောက်ယောက်က စွန့်ပစ်သွားတဲ့အခါ လွယ်လွယ်ကူကူနဲ့ ဖြတ်ကျော်နိုင်အောင် ကူညီပေးတယ်။ သူဟာ ပင်ပန်းနေတဲ့အခါပဲဖြစ်ဖြစ်၊ နေမကောင်းဖြစ်နေတဲ့အခါပဲဖြစ်ဖြစ် ဘာ ပြစ်တင်ပြောဆိုမှု၊ မကျေနပ်မှုတွေ မရှိဘဲ သူ့မိသားစုကို ပြုစုစောင့်ရှောက်တယ်။ နောက်ပြီး သားသမီးတွေရဲ့ အခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် ချစ်နိုင်တဲ့စိတ်ကလေးကိုလည်း ငါက သူ့ကို ပေးအပ်ခဲ့တယ်။ အဲဒါအပြင် သူ့ယောက်ျားက ဘယ်လိုအမှားဘဲလုပ်လုပ် သည်းခံနိုင်တဲ့၊ ခွင့်လွှတ်နိုင်တဲ့ ကြံ့ခိုင်မှုကိုလည်း ပေးခဲ့တယ်၊ သူ့ယောက်ျားရဲ့ နှလုံးသားမှာ ဒဏ်ရာမဖြစ်အောင် သူက ကာကွယ်ပေးတယ်။ ယောက်ျားကောင်း၊ ယောက်ျားမြတ်ဆိုတာ ဘယ်တော့မှ သူ့ဇနီးရဲ့ နှလုံးသားကို နာကျင်အောင် မလုပ်ဘူးဆိုတဲ့ အသိကိုလည်း သူ့ကို ငါပြောပြခဲ့တယ်၊ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ သူ့ရဲ့ခံနိုင်မှု၊ စိတ်မတည်မငြိမ်မဖြစ်ဘဲ ဖြေရှင်းနိုင်မှု စွမ်းအားတွေကို သိချင်လို့ စစ်ဆေးတဲ့အခါရှိတယ်ဆိုတာ ကိုလည်း ပြောပြခဲ့တယ်။ နောက်ဆုံးမှာတော့ ငါဟာ သူ့အတွက် မျက်ရည်တွေကို ပေးခဲ့တယ်။ အဲဒါကတော့ သူဘယ်အချိန်လိုအပ်လိုအပ် အသုံးပြုနိုင်တဲ့ သူ့ရဲ့ တစ်ခုတည်းသော ပိုင်ဆိုင်မှုပေါ့”
လို့ ရှင်းပြလိုက်တယ်။

“ကဲ … ခုတော့ အမျိုးသမီးတွေ ဘာကြောင့်ငိုရလဲဆိုတာ သိပြီ မဟုတ်လား ငါ့သား …”
ဘုရားသခင်က ထပ်ပြီးပြောလိုက်တယ်။ ဆက်ပြီး ဘုရားသခင်က …

“အမျိုးသမီးတစ်ယောက်ရဲ့ အလှအပဆိုတာ သူ ၀တ်ဆင်ထားတဲ့ အ၀တ်၊ သူရဲ့ ပုံပန်းသဏ္ဌာန်၊ သူ ဘယ်လိုခေါင်းဖြီးလဲ … အဲဒါတွေမှာ မရှိဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ အလှဆိုတာ သူ့ရဲ့ မျက်လုံးထဲမှာဘဲ ရှိသင့်တယ်၊ ဘာလို့လဲဆိုတော့ အဲဒါဟာ သူ့ရဲ့ နှလုံးသားကို မြင်နိုင်တဲ့ ပြတင်းပေါက်ပဲ၊ နောက်ပြီး သူရဲ့အချစ်က ဘယ်မှာရှိလဲဆိုတာကို သိနိုင်တဲ့ တစ်ခုတည်းသော အရာပဲ”
ပြောလိုက်တယ်။

Read More...

------------------------
---------------------------------------------