Monday, August 31, 2009

မင်းလေးကြောင့်

မင်းလေးကြောင့်
ကိုယ့်ရဲ့အတွေးထဲမှာ အချစ်ဆိုတာ ရှင်သန်လာခဲ့တယ်…

မင်းလေးကြောင့်
ကိုယ့်ရဲ့မျက်ဝန်းထဲမှာ ပျော်ရွှင်ရိပ်တွေ ပေါ်ပေါက်လာခဲ့တယ်…

မင်းလေးကြောင့်
“ခွဲခွာခြင်း” ဆိုတဲ့အချိန်တွေကို ကျော်ဖြတ်ဖို့ သတ္တိတွေရှိလာခဲ့တယ်…

မင်းလေးကြောင့်
အရာရာကို ရင်ဆိုင်ဖို့ ခွန်အားတွေရှိလာခဲ့တယ်…

မင်းလေးကြောင့်
ကိုယ့်ရဲ့အချစ်တွေဟာ တစ်နေ့ထက် တစ်နေ့ တိုးလို့သာလာခဲ့တယ်…

တကယ်တော့
မင်းလေးကြောင့်သာ
ကိုယ့်ဘ၀မှာ အရာရာဟာ အဓိပ္ပါယ်ရှိလာခဲ့တယ်။ ။


ကောင်းကင်ပြာ

Read More...

------------------------

Sunday, August 30, 2009

ဒီဇင်ဘာနှင့်အတူ

သော့ခတ်ထားခဲ့တဲ့ ငါ့နှလုံးသားသော့ခလောက်ကို
ဒီဇင်ဘာဆောင်းလေနုအေးအေးလေးတွေနဲ့အတူတူ
မင်းရဲ့ဂရုစိုက်မှုလေးတွေက
ပွင့်စေခဲ့ပြီ...

မချစ်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ ငါ့စိတ်တံခါးသော့ခလောက်ကို
ဒီဇင်ဘာဆောင်းနှင်းပွင့်လေးတွေနဲ့အတူတူ
မင်းရဲ့အချစ်ပန်းပွင့်လေးတွေက
ချစ်စေခဲ့ပြီ...

အိပ်ပျော်ချင်ယောင်ဆောင်နေတဲ့ ငါ့နှလုံးသားသော့ခလောက်ကို
ဒီဇင်ဘာခေါင်းလောင်းသံချိုချိုလေးတွေနဲ့အတူတူ
မင်းရဲ့စကားချိုချိုလေးတွေက
နိုးထစေခဲ့ပြီ...

နွေနဲ့မိုး ကုန်ဆုံးလို့
ရောက်လာခဲ့တဲ့ ဆောင်းရာသီလို
ငါ့ရဲ့ နှလုံးသားက
သော့ခတ်ချိန် ကုန်ဆုံးလို့
ရောက်လာခဲ့ပြန်ပေါ့ အချစ်သစ်ဆီ...


ကောင်းကင်ပြာ

Read More...

------------------------

Saturday, August 8, 2009

စကားလေးတစ်ခွန်း

နွေရာသီ

ဥသြငှက်သံလေးတွေနှင့်အတူ
မင်းပြောခဲ့တဲ့ စကားလေးတစ်ခွန်းက
"မင်းက ကိုယ့်ရဲ့ အချစ်ဆုံး သူငယ်ချင်း" ပါတဲ့။

မိုးရာသီ
မိုးစက်ပွင့်လေးတွေနှင့်အတူ
မင်းပြောခဲ့တဲ့ စကားလေးတစ်ခွန်းက
"မင်းကို ကိုယ် အမြဲတမ်း သတိရနေပါတယ်" တဲ့။

ဆောင်းရာသီ
ဆောင်းနှင်းပွင့်လေးတွေနှင့်အတူ
မင်းပြောခဲ့တဲ့ စကားလေးတစ်ခွန်းက
"မင်းကို ကိုယ် အရမ်းချစ်မိသွားပြီ" တဲ့။

ပြောင်းလဲသွားတဲ့
ပြက္ခဒိန်စာမျက်နှာများနှင့်အတူ
မင်းရဲ့ စကားသံလေးတွေက
ပြောင်းလဲသွားခဲ့တယ်။

ပြောင်းလဲသွားတဲ့
မင်းရဲ့ စကားသံလေးတွေနှင့်အတူ
ကိုယ့်ရဲ့ ရင်ခုန်သံလေးတွေကလည်း
ပြောင်းလဲသွားခဲ့တယ်။

ပြောင်းလဲသွားတဲ့
ကိုယ့်ရဲ့ ရင်ခုန်သံလေးနှင့်အတူ
မင်းကို စကားလေးတစ်ခွန်းတော့
ကိုယ် ပြောပြလိုက်ချင်တယ်...
"ကိုယ်လေ အချစ်ဆုံးသူငယ်ချင်းလေး မင်းကို
အချိန်နှင့်အမျှ သတိရပြီး
ထာဝရအတွက် ချစ်သွားခဲ့မိပြီ။"

ကောင်းကင်ပြာ

Read More...

------------------------

Wednesday, July 29, 2009

ထာဝရချစ်သူ

မင်းလေးဟာ

ကိုယ့်ဘ၀ရဲ့ အခင်ဆုံးသူငယ်ချင်းပါ...

မင်းလေးဟာ
ကိုယ့်ဘ၀ရဲ့ အချစ်ဆုံးချစ်သူပါ...

မင်းလေးဟာ
ကိုယ့်ဘ၀ရဲ့ အကောင်းဆုံးလက်တွဲဖော်ပါ...

မင်းလေးဟာ
ကိုယ့်ဘ၀ရဲ့ အချစ်ပန်းချီကားကို ရေးဆွဲပေးနိုင်ခဲ့သူပါ...

မင်းလေးဟာ
ကိုယ့်ကို အချိန်တိုင်းအားပေးခဲ့သူပါ...

မင်းလေးဟာ
ကိုယ့်ကို အချစ်ဆိုတာကို နားလည်စေနိုင်ခဲ့သူပါ...

မင်းလေးဟာ
ကိုယ့်ကို ဘ၀တစ်လျှောက်လုံး အချစ်တွေ ပေးခဲ့သူပါ...

မင်းလေးဟာ
ကိုယ့်နှလုံးသားလေးကို ပိုင်ဆိုင်ထားနိုင်ခဲ့သူပါ...

တကယ်တော့ မင်းလေးဟာ
ကိုယ့်ဘ၀ရဲ့ အချိန်တိုင်းမှာ
ကိုယ်အမြဲတမ်းချစ်နေမယ့်
ကိုယ့်ဘ၀ရဲ့ ထာဝရချစ်သူလေးပါ။

ကောင်းကင်ပြာ

Read More...

------------------------

Tuesday, February 26, 2008

ပိုလာဝက်ဝံရဲ့ ပုံပြင်

သူငယ်ချင်းတစ်ယောက်ပို့ပေးခဲ့တာပါ... စိတ်ဝင်စားဖို့ကောင်းလို့ မျှဝေလိုက်ပါတယ်...

မြောက်ဝင်ရိုးစွန်းမှာနေတဲ့ ပိုလာဝက်ဝံရဲ့ ပုံပြင်တစ်ပုဒ်ကို ကြားဖူးပါသလား....

အေးခဲတဲ့ မြောက်ဝင်ရိုးစွန်းမှာ ပိုလာဝက်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။ ဒါပေမယ့် အက်စကီးမိုး လူမျိုးတွေက ဘာမှအင်အားထုတ်စရာမလိုဘဲ အဲဒီဝက်ဝံတွေကို ဖမ်းနိုင်တယ်။ ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး ဖျံရဲ့သွေးကို ပုံးတစ်ခုထဲ ထည့်ထားလိုက်တယ်။ အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို သွေးထဲမှာ စိုက်ထားလိုက်တယ်။ အရမ်းအေးတဲ့အတွက် ဖျံသွေးဟာ အချိန်တိုအတွင်းမှာ ခဲသွားပါတယ်။ အဲ့ဒီခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို ပုံးထဲကထုတ်ပြီး ရေခဲပြင်မှာ ပစ်ထားလိုက်ရုံပါပဲ။ ၀က်ဝံတွေက သွေးအရမ်းကြိုက်တယ်။ အဲ့ဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲ ရောက်စေခဲ့တယ်။ အနံ့ခံကောင်းတဲ့ သူတို့ဟာ သွေးညှီနံ့ကို အဝေးကြီးကတောင် ရနိုင်ပါတယ်။ အက်စကီးမိုးတွေ ပစ်ထားတဲ့ သွေးခဲကို ခြေရာခံပြီး တွေ့ တာနဲ့ အငမ်းမရ လျှာနဲ့ စတင်လျက်ပါတော့တယ်။ လျက်ရင်း လျက်ရင်း လျှာခဲသွားလည်း အစာကောင်းကို လက်မလွတ်ချင်တာနဲ့ ဆက်လျက်ပါတယ်။ အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။ ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုကို သတိမထားမိတော့တဲ့အထိပါပဲ။ လျက်လေ အရသာရှိလေ၊ အရသာရှိလေ လျက်လေနဲ့ သူတို့ရဲ့ သွေးကို သူတို့ သောက်နေမိမှန်းတောင် မသိကြတော့ပါဘူး။ အကြောင်းက သွေးခဲအလယ်မှာ စိုက်ထားတဲ့ ဓားက လျက်နေတဲ့သူတို့လျှာကို လှီးဖြတ်နေခဲ့လို့ပဲ။ အအေးဓာတ်ကြောင့် ထုံနေတဲ့ လျှာက နာကျင်တာကို မခံစားမိတော့ဘူး။ အနံ့ခံကောင်းတဲ့ နှာခေါင်းက လတ်ဆတ်တဲ့ သွေးနံ့ရလေ လျက်နှုန်းက မြန်လေလေ။ နောက်တော့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေမိတော့တယ်။ နောက်ဆုံးတော့ သွေးထွက်လွန်ပြီး မူးလဲသွားပါတယ်။ အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကို ဘာအင်အားမှ မသုံးဘဲ ဖမ်းလိုက်ရုံပါပဲ။ ဘ၀ရဲ့ ပျော်ရွှင်ခြင်းတွေကို ရှာဖွေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွဲမှားခဲ့ရင် ကျွန်တော်တို့ဟာလည်း ပိုလာဝက်ဝံနဲ့ တူသွားနိုင်တယ်။ တစ်ချို့ လူတွေက အလုပ်ချိန် များများလုပ်လေ ပိုအောင်မြင်လေလေ ၀င်ငွေများများ ရလေလေလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တစ်ချို့ က အဲဒီငွေကြေးကို ဘယ်လိုသုံးရမယ်မှန်းမသိကြဘူး။ ၀င်ငွေများလာတာနဲ့နည်းတူ တစ်ဖက်မှာလည်း တစ်ချို့ အရာတွေကို သူတို့ဆုံးရှုံးကြရတယ်။ လူ့ ဘ၀ရဲ့  တန်ဖိုးအရှိဆုံးအရာဖြစ်တဲ့ မိသားစုနဲ့အတူနေတဲ့ အချိန်တွေ၊ နွေးထွေးတဲ့ မိဘမေတ္တာငတ်နေတဲ့ သားသမီးတွေ၊ လူမှုရေး၊ ကျန်းမာရေး၊ လူတစ်ဖက်သားကို ကူညီဖို့အရေးဆိုတာကိုတောင် သူတို့မေ့နေခဲ့ကြတယ်။ အမေရိကားရဲ့ အပတ်စဉ် ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွါးရေး ပညာရှင် ဆယ်ဦးကို မေးခွန်းမေးပြီး စာရင်းလုပ်ခဲ့ဖူးတယ်။ မေးခွန်းက "တကယ်လို့ ဘ၀ကို အသစ်ပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွတ်ချင်ဆုံးအရာက ဘာလဲ" တဲ့။ ပညာရှင်ခုနှစ်ဦးက တူညီတဲ့ အဖြေကိုပေးခဲ့ပါတယ်။ အဖြေက "တကယ်လို့ ဘ၀ကို အသစ်ပြန်စရရင် သားသမီးတွေနဲ့အတူနေတဲ့အချိန်ကို လက်မလွတ်ချင်ဆုံးပါ" လို့ပြန်ဖြေခဲ့ကြတယ်။ တစ်ချို့လူတွေက ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ်။ ဒါပေမယ့် မဆုံးဖြတ်ခင် သေချာ မစဉ်းစားခဲ့ရင် နောက်ဆုံးတော့ နောင်တရကြစမြဲပါပဲ။ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ ငွေဟာ ရှာလို့မကုန်နိုင်တဲ့ အရာပါတဲ့... ရှာလေလေ ရလေလေ လိုချင်လေလေ နောက်ဆုံးတော့ လုံလောက်ပြီလို့ မထင်ဘဲ ငွေနောက်ကိုပဲ ကောက်ကောက်ပါကုန်ကြတယ်တဲ့။ ကောင်းကင်တို့ဟာ ပိုလာဝက်ဝံလို ကိုယ့်သွေးကို သောက်ပြီး ပျော်နေကြတဲ့လူ ဖြစ်နေခဲ့ပြီလား...?

တင်းတိမ် ရောင့်ရဲနိုင်တဲ့လူက ဘယ်တော့မှ မဆင်းရဲဘူး။
တင်းတိမ်နိုင်တဲ့လူက အမြဲဆင်းရဲနေတယ်။

Read More...

------------------------

Wednesday, February 20, 2008

ဘူးထဲက အနမ်း

သူငယ်ချင်းတစ်ယောက် ပို့ပေးထားတာပါ... ကောင်းကင်ဖတ်ကြည့်ပြီး နှစ်သက်တာနဲ့ အားလုံးကိုလည်း မျှဝေလိုက်ပါတယ်...

သုံးနှစ်အရွယ် သမီးလေးတစ်ယောက် လူကြီးတွေကို အသိမပေးဘဲ လက်ဆောင်ပစ္စည်းထုပ်တဲ့ ငွေရောင်စက္ကူ တစ်ချို့ကို ယူကစားမိတယ်။ အဖေက သိတော့ စိတ်ဆိုးပြီး ကလေးကို အပြစ်ပေးတယ်။ ငွေရောင်စက္ကူကို ဘာလုပ်ပစ်လဲလို့ လိုက်စစ်မေးတော့ ကလေးငယ်က ဘူးထုပ်ဖို့ ယူသုံးမိကြောင်း ပြောခဲ့တယ်။


နောက်တစ်နေ့မှာ ကလေးငယ်က ဘူးကိုယူပြီး အဖေ့အတွက် လက်ဆောင်ဆိုပြီး သွားပေးလိုက်တယ်။ အကြောင်းမသိဘဲ ကလေးငယ်ကို အပြစ်ပေးမိတဲ့အတွက် အဖေက စိတ်မကောင်းဖြစ်မိတယ်။ ဘူးကိုဖွင့်ကြည့်တော့ အထဲမှာ ဘာပစ္စည်းမှ မတွေ့တာနဲ့ သူ့ကိုနောက်တယ် အထင်နဲ့ ကလေးငယ်ကို ဟောက်လိုက်မိပြန်တယ်။ အငေါက်ခံလိုက်ရတဲ့ ကလေးငယ်က အဖေကို မျက်ရည်ဝဲလေးနဲ့ ပြန်ကြည့်ပြီး "ဖေဖေ.. ဘူးက အလွတ်မဟုတ်ဘူး။ ဘူးထဲမှာ သမီးရဲ့ အနမ်းလေးတွေ မှုတ်သွင်းထားပါတယ်။ အားလုံးဟာ ဖေဖေ့အတွက်ပါ" လို့ ပြန်ပြောလိုက်တော့ အဖေဟာ အရုပ်ကြိုးပြတ်သလို နေရာမှာတင် ခွေလဲကျသွားတော့တယ်။

နောက်တော့ အဲဒီဘူးလေးကို သူ့ကုတင်ခေါင်းရင်းမှာပဲ အမြဲတင်ထားတော့တယ်။ စိတ်ညစ်၊ စိတ်ပျက်စရာနဲ့ ကြုံတိုင်း၊ အားအင်တွေ ကုန်ခမ်းသွားတိုင်း ဘူးကို ဖွင့်ပြီး အားရပါးရ သူ ရှုရှိုက်တတ်တယ်။ သူ့အပေါ်ထားတဲ့ သမီးရဲ့ မေတ္တာကို ဘူးထဲက အနမ်းနဲ့ သတိရမိအောင်ပါ။


လူတိုင်းရဲ့ ရင်ထဲမှာ ဘူးတစ်ဘူး ကိုယ်စီရှိကြတယ်။ အဲဒီဘူးလေးထဲမှာ အဆုံးမရှိတဲ့ မေတ္တာနဲ့ စာနာမှုတွေ ထည့်ထားတယ်။ ဘူးလေးကို လိုအပ်နေတဲ့ လူတွေကို လက်ဆောင် ပေးလိုက်ပါ။ ဒီထက်အဖိုးတန်တဲ့ လက်ဆောင် ကမ္ဘာပေါ်မှာ မရှိနိုင်တော့ပါဘူး။ ငွေတွေကြေးတွေ ကုန်နေစရာ မလိုပါဘူး။ စစ်မှန်တဲ့ ဂရုစိုက်မှု တစ်ခုလေးနဲ့တင် ပြီးပြည့်စုံပါတယ်။

Read More...

------------------------

Saturday, February 2, 2008

Tomato story


When It Comes To Earning Money

A Jobless man applied for the position of "office boy" at Microsoft.

The HR manager interviewed him then watched him cleaning the floor as a test.
"You are employed" he said. Give me your e-mail address and I'll send you the application to fill in, as well as date when you may start.
The man replied "But I don't have a computer, neither an email".
"I'm sorry", said the HR manager. If you don't have an email, that means you do not exist. And who doesn't exist, cannot have the job."
The man left with no hope at all. He didn't know what to do, with only $10 in his pocket. He then decided to go to the supermarket and buy a 10Kg tomato crate.
He then sold the tomatoes in a door to door round. In less than two hours, he succeeded to double his capital. He repeated the operation three times, and returned home with $60.
The man realized that he can survive by this way, and started to go everyday earlier, and return late. Thus, his money doubled or tripled everyday.
Shortly, he bought a cart, then a truck, and then he had his own fleet of delivery vehicles.
5 years later, the man is one of the biggest food retailers in the US .
He started to plan his family's future, and decided to have a life insurance.
He called an insurance broker, and chose a protection plan.

When the conversation was concluded the broker asked him his email.
The man replied,"I don't have an email."
The broker answered curiously, "You don't have an email, and yet have succeeded to build an empire. Can you imagine what you could have been if you had an e mail?!!" The man thought for a while and replied, "Yes, I'd be an office boy at Microsoft!"

Moral of the story
Moral 1

Internet is not the solution to your life.

Moral 2
If you don't have Internet, and work hard, you can be a millionaire.

Read More...

------------------------

Saturday, January 19, 2008

The most difficult things to say

Did you know that those who appear to be very strong in heart, are real weak and most susceptible?

Did you know that those who spend their time protecting others are the ones that really need someone to protect them?

Did you know that the three most difficult things to say are:

         I love you.

         I'm sorry.

         Help me.

Did you know that those who dress in red are more confident in themselves?

Did you know that those who dress in yellow are those that enjoy their beauty?

Did you know that those who dress in black, are those who want to be unnoticed and need your help and understanding?

Did you know that when you help someone, the help is returned in two folds?

Did you know that it's easier to say what you feel in writing than saying it to someone in the face? But did you know that it has more value when you say it to their face?

Did you know that if you ask for something in faith, your wishes are granted?

Did you know that you can make your dreams come true, like falling in love, becoming rich, staying healthy, if you ask for it by faith, and if you really knew, you'd be surprised by what you could do.

But don't believe everything I tell you, until you try it for yourself, if you know someone that is in need of something that I mentioned, and you know that you can help, you'll see that it will be returned in two-fold.

Read More...

------------------------

Sunday, January 6, 2008

တစ်နာရီလောက်ကတည်းက

ခင်ပွန်းဖြစ်သူက အလှပြင်၍ မပြီးသေးသော ဇနီးသည်အား စိတ်မရှည်စွာ လှမ်းပြောလိုက်သည်။

"ဟေ့ ဘယ်လိုလဲကွ၊ ဒါနောက်ဆုံးပဲ၊ မင်းအလှပြင်တာက မပြီးသေးဘူးလား"

ထိုအခါ ဇနီးဖြစ်သူက

"ခက်ပါရဲ့ရှင် ... ရှင့်ကို လွန်ခဲ့တဲ့ တစ်နာရီလောက်ကတည်းက ပြောပြီးသားပဲ၊ နောက်တစ်မိနစ်ဆိုရင် ပြီးပါပြီလို့၊ ခုမှ ရှင်က ဘာ လာလောနေရတာလဲ"

ဟု ပြန်ပြောလိုက်သတည်း။

Read More...

------------------------

အဆင်သင့်ပဲ

အိမ်တစ်အိမ်တွင် ယောက်ျားဖြစ်သူသည် ဓာတ်ပုံတစ်ပုံကို ချိတ်ရန် ပြင်ဆင်နေသည်။ ထိုအခါ ဇနီးသည်က ပြောလိုက်သည်မှာ ...

"ကဲ ယောက်ျားရေ .. အံဆွဲထဲမှာ တူရှိတယ်။ အဲဒီအပေါ်က တန်းပေါ်မှာ သံတွေလည်းရှိတယ်။ ပြီးတော့ ဗီရိုထဲမှာ ဆေးသေတ္တာရော ပတ်တီးရော အားလုံးအဆင်သင့်ပဲ"
ဟူသတည်း။

Read More...

------------------------

Saturday, January 5, 2008

"Which season are you?"

ကိုယ်က ဘာရာသီဥတုရဲ့ ပိုင်ရှင်ဖြစ်မလဲဆိုတာ ကောင်းကင်နဲ့အတူ အဖြေရှာကြည့်ရအောင် ...

http://www.funquizcards.com/quiz/fun/which-season-are-you.php

Read More...

------------------------

Friday, January 4, 2008

နွေ မိုး ဆောင်း


နွေ
ဥသြသံနှင့်အတူ
ကိုယ့်ရဲ့ လွမ်းမောမှုတွေက
တိုးတိုးပြီး လာခဲ့ရတယ်။

မိုး
မိုးစက်တွေနှင့်အတူ
ကိုယ့်ရဲ့ မျက်ဝန်းတွေက
တိုးတိုးပြီး ရွာခဲ့ရတယ်။

ဆောင်း
ဆောင်းနှင်းစက်တွေနှင့်အတူ
ကိုယ့်ရဲ့ ရင်ထဲက ဒဏ်ရာတွေက
တိုးတိုးပြီး နာကျင်ခဲ့ရတယ်။

ရာသီတွေ အလီလီပြောင်းလို့
အဟောင်းတွေမေ့ပြီး
အသစ်တွေ သယ်လာချင်ပေမယ့်
တကယ်တမ်း ကိုယ် ရလာတာကတော့
လွမ်းမောမှုနဲ့ ရင်တွင်းဒဏ်ရာတွေပါပဲ။


ကောင်းကင်ပြာ

Read More...

------------------------

Wednesday, January 2, 2008

နှစ် ၄၀ ပြန်ငယ်သွားရင်



အလုပ်မှ အငြိမ်းစားယူခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော ဇနီးမောင်နှံနှစ်ဦးသည် နေ့စဉ်သူတို့ နာရီရေဒီယိုကို နံနက် ၇နာရီ သတင်းနားထောင်ရန် အချိန်ကိုက် နှိုးစက်ပေးလေ့ရှိသည်။

တစ်နေ့နံနက်တွင် ထိုရေဒီယိုမှ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်က သူတို့နှစ်ယောက် နှစ်သက်သဘောကျသော  အချစ်သီချင်းတစ်ပုဒ်လာနေသည်ကို ကြားရသဖြင့် ခင်ပွန်းဖြစ်သူက သူ့မိန်းမအားဖက်ပြီး နားနားကပ်ကာ တိုးတိုးလေး မေးလိုက်လေသည်။

"ကိုယ်သာ အခုနေ နှစ် ၄၀ လောက်ပြန်ငယ်သွားရင် ဘာလုပ်မယ်ဆိုတာ မင်း သိသလား"

ထိုအခါ ဇနီးသည်ကလည်း ခင်ပွန်း၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ပြောလိုက်လေသည်။

"သိတာပေါ့၊ ဘာလုပ်မယ်ဆိုတာ ... သိပ်သိတာပေါ့"

"ကဲ .. ဒါဆို ကိုယ်ဘာလုပ်မလဲဆိုတာ ပြောလေ"

"အခုနေ နှစ် ၄၀ ပြန်ငယ်သွားရင်လေ အိပ်ရာကထပြီး အလုပ်သွားမှာပေါ့"

Read More...

------------------------

Tuesday, January 1, 2008

Happy New Year!!!

New Year နဲ့ ပတ်သက်တဲ့ ကဗျာလေးကို ကောင်းကင်နဲ့အတူ အားလုံးဖတ်ရအောင် မျှဝေလိုက်ပါတယ်။

Happy New Year

Let us all gather round and cheer,
With a drink of wine or an ice cold beer

Perhaps you're like me and don't drink the swill,
Or your like my grandparents who live on pills.
Maybe this world seems harsh at times,
Or its just that most of us just like to whine.

I'd say that this is a great place to be,
It all depends on how we can see.

True we've had bad things in the past,
But we know in our hearts that these will not last.

If we try our best to be simple and pure,
There's nothing our hopes and dreams cannot cure.

So, I don't know the value this is worth,
But lets all try to be happy and heal Mother Earth! 

Read More...

------------------------

Tuesday, December 25, 2007

Merry Xmas & Happy New Year!!!

MERRY CHRISTMAS!!!

Wishing all in next year 2008 Good Health, Good appetite.

Wish you happy!

Enjoy your life!

And Keep in touch!!!


Merry X'mas and Happy New Year!!!

Read More...

------------------------

Saturday, December 1, 2007

သူငယ်ချင်းဆိုတာ ...

ညီမလေးသီရိက ကောင်းကင်ကို tag သလို ကောင်းကင်ကလည်း ညီမလေးသီရိကို ပြန် tag ထားတာပါ။ ကိုယ်တိုင် blogger မဟုတ်ပေမယ့် အားကြိုးမာန်တက်နဲ့ ချက်ချင်းရေးပေးတဲ့ ညီမလေး သီရိကို အရမ်းကို ကျေးဇူးတင်ပါတယ်။

ညီမလေး သီရိရဲ့ သူငယ်ချင်းဆိုတဲ့ ခံယူချက်က ဘယ်လိုမျိုးလဲဆိုတာ ဆက်ဖတ်ကြည့်ကြရအောင်နော် …


မမကောင်းကင်က မေးတယ်။ သူငယ်ချင်းဆိုတာ ဘယ်လိုပါလဲတဲ့။

သီရိအတွက်ကတော့ သူငယ်ချင်းဆိုတာ ဘ၀အတွက် အရေးအကြီးဆုံးပါ။ သူငယ်ချင်းဆိုတာက ကိုယ့်ရဲ့ ခံစားချက်တွေကို အတူမျှဝေခံစားပေးတယ်။ နောက်ပြီး သီရိက ကိုယ်ပျော်ရင် ပျော်သလို၊ ကိုယ်စိတ်ညစ်ရင် စိတ်ညစ်သလို သူတို့ကို ရင်ဖွင့်တတ်တယ်လေ။ ကိုယ်ပျော်ရင်တော့ သူတို့လည်း ၀မ်းသာရပြီး ကိုယ်စိတ်ညစ်ရင်တော့ သူတို့ နားပူရတာပေါ့။ ဒါပေမယ့် ကိုယ့်ကို သည်းခံပြီးချစ်ခင်နေတဲ့ သူတွေမို့လို့ ကိုယ်ကလည်း သူတို့ကို တန်ဖိုးထားရပါတယ်။ သူငယ်ချင်းသာ မရှိရင်တော့ သီရိဘ၀က ခြောက်သွေ့သွားမှာပါပဲ။ အဆင်ပြေနေတဲ့အချိန်မှာ မသိသာပေမယ့် အရမ်းကို မွန်းကြပ်ပြီး စိတ်ထွက်ပေါက်မရှိတဲ့အချိန်မျိုးကြရင် ကိုယ့်အနားမှာ အားပေးနေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ တန်ဖိုးဟာ ဘာနဲ့မှ လဲလို့မရဘူး မဟုတ်လား။ မိဘတွေနဲ့ ဝေးရာမှာနေရတဲ့ သီရိလိုမျိုး လူတစ်ယောက်အတွက် သူငယ်ချင်းဆိုတာက ဘ၀တစ်ခုပါပဲ မမရေ …


သီရိက အမသိတဲ့အတိုင်း အရမ်းဆိုးတယ် မဟုတ်လား။ တစ်ခါတစ်လေ ကိုယ့်ဟာကိုယ် စိတ်ညစ်နေရင် သူငယ်ချင်းတွေကို စိတ်ကောက်ပစ်တာပဲ။ ဘာမဆိုင် ညာမဆိုင်နဲ့ သူတို့မှာ အပြောအဆို ခံရသေးတယ်။ ကိုယ်စိတ်ပျော်လာအောင်လည်း ချော့ရသေးတယ်လေ။ ဒါပေမယ့် သူတို့အဲလိုဖြစ်ရင်လည်း သီရိက နားလည်ပေးတယ်လေ။ သူငယ်ချင်းဆိုတာ အပြန်အလှန်ပေါ့။ ကိုယ့်ခံစားချက်ကို သူငယ်ချင်းတွေက နားလည်နိုင်အောင် ကြိုးစားပေးသလို ကိုယ်ကလည်း တစ်ဖက်က ကိုယ့်သူငယ်ချင်းရဲ့ ခံစားချက်ကိုလည်း နားလည်နိုင်အောင် ကြိုးစားပေးရမှာပေါ့။ ဒါမှလည်း တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းကောင်း ဖြစ်နိုင်မှာပေါ့။ ဟုတ်တယ် မဟုတ်လား မမရေ …


အားလုံးထဲက သီရိရဲ့ သူငယ်ချင်းတချို့အကြောင်းကို မမကို ပြောပြမယ်လေ။

ကျောင်းမှာတုန်းက ခြောက်တန်းလောက်ကတည်းက စပြီးခင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ မုန့်စားလည်း အတူတူ၊ သွားအတူလာအတူ သူငယ်ချင်းပေါ့။ ဆယ်တန်းအောင်ပြီးတဲ့အခါ ဘ၀အတွက် ရွေးချယ်တဲ့လမ်းတွေ မတူလို့ တစ်ယောက် တစ်နေရာစီ ဖြစ်နေပေမယ့်လည်း အခုထိ သီရိကို မေးလ်ပို့၊ အဆင်ပြေလို့ လူကြုံရှိတဲ့အခါ စာပို့နဲ့ သံယောဇဉ်မပြတ်တဲ့ အမြဲအမှတ်တရရှိနေတဲ့ သူငယ်ချင်း …

နောက် ကွန်ပျူတာသင်တန်းမှာ ဆုံခဲ့ရတဲ့ သူငယ်ချင်းတွေ။ သူတို့တွေကလည်း သီရိ အရမ်းချစ်ရတဲ့ သူငယ်ချင်းတွေဖြစ်ပြီး သူတို့နဲ့ စာအတူတူ သင်ခဲ့ရတာတွေ၊ စာအတူတူ ကျက်ခဲ့ရတာတွေက သီရိဘ၀အတွက် အမှတ်ရစရာ ဘ၀အစိတ်အပိုင်းတစ်ခုပါပဲ။ အထူးသဖြင့်တော့ မမကောင်းကင်တော့ သိမယ်ထင်ပါတယ်။ မမ "ဘဲသွေး" ဆိုတာလေ။ အဲဒီမမက အရမ်းချစ်ဖို့ကောင်းတာ …ါ်ီ အဲဒီမမကို မြင်ရင် ဖတ်ချင်စရာ သိလား။ အိအိလေးနဲ့။ မယုံရင် နောက်ကြုံရင် မိတ်ဆက်ပေးမယ် သိလား။ စာမေးပွဲနီးလို့ အားလုံးစုပြီး စာအတူကျက်ခဲ့ကြ၊ စာရှင်းပြကျတာတွေ အခုထိလွမ်းနေတုန်းပဲ။ ဘယ်တော့များမှ သူငယ်ချင်းတွေ အားလုံး အတူတူ စုစုစည်းစည်း ပြန်ဆုံရပါ့မလဲနော် … လွမ်းတယ် မမကောင်းကင်ရေ …
 
အခုအလုပ်ထဲရောက်ပြန်တော့လည်း အလုပ်အဆင်မပြေတာ၊ ပင်ပန်းတာ၊ စိတ်တိုတာ၊ မကျေနပ်တာ၊ တစ်ခါတစ်လေ ပျော်စရာ … အကုန်လုံးကို ဒီမှာရှိတဲ့ သူငယ်ချင်းတွေကိုပဲ နားပူအောင် လုပ်နေမိတော့တာပဲ။

တစ်နေရာစီ ရှိနေပေမယ့် online မှာရှိတဲ့ သူငယ်ချင်းတွေလည်း မသက်သာပါဘူး။ အခုပဲကြည့်လေ မမကောင်းကင်က အကောင်းဆုံး ဥပမာပေါ့။ မမကောင်းကင်ဘလော့မှာ ၀င်ရှုပ်နေတာသာကြည့် … :D


အဲဒါကြောင့် နောက်ဆုံးပြောရရင် သူငယ်ချင်းဆိုတာ သီရိအတွက်တော့ အားကိုးစရာ၊ တိုင်ပင်စရာ၊ ရင်ဖွင့်စရာ … အရေးပါတဲ့ VIP စစ်စစ်တွေပါလို့၊ နောက်ပြီး သူငယ်ချင်းတွေကလည်း သီရိရဲ့ ဖြတ်သန်းနေရတဲ့ နေ့ရက်တွေကို တောက်ပအောင် လုပ်ပေးနိုင်ပါတယ်လို့ …


ချစ်သောမမကောင်းကင်ရေ … ခုလို မမရဲ့ဘလော့မှာ ပို့စ်ရေးခွင့်ပေးတဲ့အတွက် ကျေးဇူးပါနော် …

Read More...

------------------------

Friday, November 30, 2007

မလိုချင်ပါဘူး

တစ်ရုံးတည်း အလုပ်လုပ်သူ မိတ်ဆွေက ကိုဘမောင်ကို ပြောသည်။

"ကိုဘမောင်၊ ခင်ဗျားဟာ ဘွဲ့ရ၊ ပြီးတော့ ရုံးမှာ လုပ်သက် (၂၀) တောင်ရှိပြီ၊ အခုထိ ခင်ဗျားဟာ ရုံးအုပ်ရာထူးက မတက်သေးဘူး။ နောက်ဝင်တဲ့လူငယ်တွေတောင် ခင်ဗျားကို ကျော်တက်သွားကြပြီ။ ဘာဖြစ်လို့လဲ သိလား။ ခင်ဗျား အရက်သောက်လို့၊ ခင်ဗျားသာ အရက်မသောက်ရင် အခုဆို ခင်ဗျားဟာ ညွှန်ကြားရေးမှူး မကဘူး၊ ညွှန်ကြားရေးမှူးချုပ်လောက်တောင် ဖြစ်နေပြီဗျ၊ မသောက်ပါနဲ့တော့လား"

ထိုအခါ ကိုဘမောင်က
"ရာထူးကြီးတွေ မလိုချင်ပါဘူး"
ဟု ပြန်ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ"

"၀ီစကီတစ်ခွက်လောက် ဗိုက်ထဲဝင်သွားတာနဲ့ သူတို့တွေအားလုံးရဲ့အထက်မှာ ကျုပ်ကိုယ်ကျုပ် ခံစားမိတာကလားဗျာ" ...


Read More...

------------------------

Wednesday, November 28, 2007

Friendship A to Z


A Friend....

(A)ccepts you as you are

(B)elieves in "you"

(C)alls you just to say "HI"

(D)oesn't give up on you

(E)nvisions the whole of you (even the unfinished parts)

(F)orgives your mistakes

(G)ives unconditionally

(H)elps you

(I)nvites you over

(J)ust "be" with you

(K)eeps you close at heart

(L)oves you for who you are

(M)akes a difference in your life

(N)ever Judges

(O)ffer support

(P)icks you up

(Q)uiets your fears

(R)aises your spirits

(S)ays nice things about you

(T)ells you the truth when you need it

(U)nderstands you

(V)alues you

(W)alks beside you

(X)-plains thing you don't understand

(Y)ells when you won't listen and

(Z)aps you back to reality

Read More...

------------------------

Tuesday, November 27, 2007

ပိုကောင်းလို့

မျက်စိအားနည်း၍ မျက်မှန်တပ်ရသော မိန်းမပျိုတစ်ဦးသည် သူ၏ ချစ်သူဖြစ်သူနှင့်လည်ရာတွင် မျက်မှန်မတပ်ဘဲ လည်သဖြင့် သူငယ်ချင်းဖြစ်သူက ထိုအကြောင်းကို မေးလေသည်။ ထိုအခါ မိန်းမပျိုကလေးက

"မျက်မှန်မတပ်တော့ ငါ့ချစ်သူက ငါ့ကိုကြည့်ရတာ ပိုလှတယ်လို့ ထင်တာပေါ့၊ နောက်ပြီး ငါကလည်း မျက်မှန်မပါတော့ သူ့ကို မြင်ရတာ ပိုချောတယ်လို့ ထင်လို့ပါ"

ဟု
အောက်ပါအတိုင်း ဖြေလိုက်လေသည်။

Read More...

------------------------

Monday, November 26, 2007

Stages of Friendship


In kindergarten your idea of a good friend was the person who let you have the red crayon when all that was left was the ugly black one.

In first grade your idea of a good friend was the person who went to the bathroom with you and held your hand as you walked through the scary halls.

In second grade your idea of a good friend was the person who helped you stand up to the class bully.

In third grade your idea of a good friend was the person who shared their lunch with you when you forgot yours on the bus.

In fourth grade your idea of a good friend was the person who was willing to switch square dancing partners in gym so you wouldn't have to be stuck do-si-do-ing with the dork of the class.

Forever Friends

In fifth grade your idea of a friend was the person who saved a seat on the back of the bus for you.

In sixth grade your idea of a friend was the person who went up to your new crush, and asked them to dance with you, so that if they said no you wouldn't have to be embarrassed.

In seventh grade your idea of a friend was the person who let you copy the social studies homework from the night before that you had forgotten about.

In eighth grade your idea of a good friend was the person who helped you pack up your stuffed animals and old baseball cards so that your room would be a "high schooler's" room, but didn't laugh at you when you finished and broke out into tears.

In ninth grade your idea of a good friend was the person who went with you to that "cool" party thrown by a senior so you wouldn't wind up being the only freshman there.

In tenth grade your idea of a good friend was the person who changed their schedule so you would have someone to sit with at lunch.

In eleventh grade your idea of a good friend was the person who
gave you rides in their new car,
convinced your parents that you shouldn't be grounded,
consoled you when you broke up with your significant other
and found you a date to the prom.

In twelfth grade your idea of a good friend was the person who
helped you pick out a college,
assured you that you would get into that college,
helped you deal with your parents who were having a hard time adjusting to the idea of letting you go.

At graduation your idea of a good friend was the person who was crying on the inside but managed the biggest smile one could give as they congratulated you.

The summer after twelfth grade your idea of a good friend was the person who
Helped you clean up from that party.
Helped you sneak out of the house when you just couldn't deal with your parents.
Assured you that now that your significant other were back together, you could make it through anything.
Helped you pack up for college and just silently hugged you as you looked through blurry eyes at 18 years of memories you were leaving behind.
And finally on those last days of childhood, went out of their way to come over and send you off with a hug, a lot of memories and reassurance that you would make it in college as well as you had these past 18 years.
But most importantly sent you off to college knowing you were loved.

Now, your idea of a good friend is still the person who
Gives you the better of the two choices.
Holds your hand when you're scared.
Helps you fight off those who try to take advantage of you.
Thinks of you at times when you are not there.
Reminds you of what you have forgotten.
Helps you put the past behind you but understands when you need to hold on to it a little longer.
Stays with you so that you have confidence.
Goes out of their way to make time for you.
Helps you clear up your mistakes.
Helps you deal with pressure from others.
Smiles for you when they are sad.
Helps you become a better person.
However most importantly loves you!

Author Unknown

Read More...

------------------------
---------------------------------------------