တစ်ရုံးတည်း အလုပ်လုပ်သူ မိတ်ဆွေက ကိုဘမောင်ကို ပြောသည်။
"ကိုဘမောင်၊ ခင်ဗျားဟာ ဘွဲ့ရ၊ ပြီးတော့ ရုံးမှာ လုပ်သက် (၂၀) တောင်ရှိပြီ၊ အခုထိ ခင်ဗျားဟာ ရုံးအုပ်ရာထူးက မတက်သေးဘူး။ နောက်ဝင်တဲ့လူငယ်တွေတောင် ခင်ဗျားကို ကျော်တက်သွားကြပြီ။ ဘာဖြစ်လို့လဲ သိလား။ ခင်ဗျား အရက်သောက်လို့၊ ခင်ဗျားသာ အရက်မသောက်ရင် အခုဆို ခင်ဗျားဟာ ညွှန်ကြားရေးမှူး မကဘူး၊ ညွှန်ကြားရေးမှူးချုပ်လောက်တောင် ဖြစ်နေပြီဗျ၊ မသောက်ပါနဲ့တော့လား"
ထိုအခါ ကိုဘမောင်က
"ရာထူးကြီးတွေ မလိုချင်ပါဘူး"
ဟု ပြန်ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ"
"၀ီစကီတစ်ခွက်လောက် ဗိုက်ထဲဝင်သွားတာနဲ့ သူတို့တွေအားလုံးရဲ့အထက်မှာ ကျုပ်ကိုယ်ကျုပ် ခံစားမိတာကလားဗျာ" ...
Friday, November 30, 2007
မလိုချင်ပါဘူး
Posted by
Kaung Kin Pyar
at
8:03 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment