မင်းလေးကြောင့်
ကိုယ့်ရဲ့အတွေးထဲမှာ အချစ်ဆိုတာ ရှင်သန်လာခဲ့တယ်…
မင်းလေးကြောင့်
ကိုယ့်ရဲ့မျက်ဝန်းထဲမှာ ပျော်ရွှင်ရိပ်တွေ ပေါ်ပေါက်လာခဲ့တယ်…
မင်းလေးကြောင့်
“ခွဲခွာခြင်း” ဆိုတဲ့အချိန်တွေကို ကျော်ဖြတ်ဖို့ သတ္တိတွေရှိလာခဲ့တယ်…
မင်းလေးကြောင့်
အရာရာကို ရင်ဆိုင်ဖို့ ခွန်အားတွေရှိလာခဲ့တယ်…
မင်းလေးကြောင့်
ကိုယ့်ရဲ့အချစ်တွေဟာ တစ်နေ့ထက် တစ်နေ့ တိုးလို့သာလာခဲ့တယ်…
တကယ်တော့
မင်းလေးကြောင့်သာ
ကိုယ့်ဘ၀မှာ အရာရာဟာ အဓိပ္ပါယ်ရှိလာခဲ့တယ်။ ။
Monday, August 31, 2009
မင်းလေးကြောင့်
Posted by Khin Sandi at 11:11 PM 1 comments
Labels: ကဗျာ
Sunday, August 30, 2009
ဒီဇင်ဘာနှင့်အတူ
သော့ခတ်ထားခဲ့တဲ့ ငါ့နှလုံးသားသော့ခလောက်ကို
ဒီဇင်ဘာဆောင်းလေနုအေးအေးလေးတွေနဲ့အတူတူ
မင်းရဲ့ဂရုစိုက်မှုလေးတွေက
ပွင့်စေခဲ့ပြီ...
မချစ်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ ငါ့စိတ်တံခါးသော့ခလောက်ကို
ဒီဇင်ဘာဆောင်းနှင်းပွင့်လေးတွေနဲ့အတူတူ
မင်းရဲ့အချစ်ပန်းပွင့်လေးတွေက
ချစ်စေခဲ့ပြီ...
အိပ်ပျော်ချင်ယောင်ဆောင်နေတဲ့ ငါ့နှလုံးသားသော့ခလောက်ကို
ဒီဇင်ဘာခေါင်းလောင်းသံချိုချိုလေးတွေနဲ့အတူတူ
မင်းရဲ့စကားချိုချိုလေးတွေက
နိုးထစေခဲ့ပြီ...
နွေနဲ့မိုး ကုန်ဆုံးလို့
ရောက်လာခဲ့တဲ့ ဆောင်းရာသီလို
ငါ့ရဲ့ နှလုံးသားက
သော့ခတ်ချိန် ကုန်ဆုံးလို့
ရောက်လာခဲ့ပြန်ပေါ့ အချစ်သစ်ဆီ...
Posted by Khin Sandi at 9:12 PM 0 comments
Labels: ကဗျာ
Saturday, August 8, 2009
စကားလေးတစ်ခွန်း
နွေရာသီ
ကောင်းကင်ပြာ
Posted by Khin Sandi at 8:45 PM 0 comments
Labels: ကဗျာ
Wednesday, July 29, 2009
ထာဝရချစ်သူ
မင်းလေးဟာ
Posted by Kaung Kin Pyar at 11:24 PM 0 comments
Labels: ကဗျာ
Tuesday, February 26, 2008
ပိုလာဝက်ဝံရဲ့ ပုံပြင်
မြောက်ဝင်ရိုးစွန်းမှာနေတဲ့ ပိုလာဝက်ဝံရဲ့ ပုံပြင်တစ်ပုဒ်ကို ကြားဖူးပါသလား....
အေးခဲတဲ့ မြောက်ဝင်ရိုးစွန်းမှာ ပိုလာဝက်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။ ဒါပေမယ့် အက်စကီးမိုး လူမျိုးတွေက ဘာမှအင်အားထုတ်စရာမလိုဘဲ အဲဒီဝက်ဝံတွေကို ဖမ်းနိုင်တယ်။ ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး ဖျံရဲ့သွေးကို ပုံးတစ်ခုထဲ ထည့်ထားလိုက်တယ်။ အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို သွေးထဲမှာ စိုက်ထားလိုက်တယ်။ အရမ်းအေးတဲ့အတွက် ဖျံသွေးဟာ အချိန်တိုအတွင်းမှာ ခဲသွားပါတယ်။ အဲ့ဒီခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို ပုံးထဲကထုတ်ပြီး ရေခဲပြင်မှာ ပစ်ထားလိုက်ရုံပါပဲ။ ၀က်ဝံတွေက သွေးအရမ်းကြိုက်တယ်။ အဲ့ဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲ ရောက်စေခဲ့တယ်။ အနံ့ခံကောင်းတဲ့ သူတို့ဟာ သွေးညှီနံ့ကို အဝေးကြီးကတောင် ရနိုင်ပါတယ်။ အက်စကီးမိုးတွေ ပစ်ထားတဲ့ သွေးခဲကို ခြေရာခံပြီး တွေ့ တာနဲ့ အငမ်းမရ လျှာနဲ့ စတင်လျက်ပါတော့တယ်။ လျက်ရင်း လျက်ရင်း လျှာခဲသွားလည်း အစာကောင်းကို လက်မလွတ်ချင်တာနဲ့ ဆက်လျက်ပါတယ်။ အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။ ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုကို သတိမထားမိတော့တဲ့အထိပါပဲ။ လျက်လေ အရသာရှိလေ၊ အရသာရှိလေ လျက်လေနဲ့ သူတို့ရဲ့ သွေးကို သူတို့ သောက်နေမိမှန်းတောင် မသိကြတော့ပါဘူး။ အကြောင်းက သွေးခဲအလယ်မှာ စိုက်ထားတဲ့ ဓားက လျက်နေတဲ့သူတို့လျှာကို လှီးဖြတ်နေခဲ့လို့ပဲ။ အအေးဓာတ်ကြောင့် ထုံနေတဲ့ လျှာက နာကျင်တာကို မခံစားမိတော့ဘူး။ အနံ့ခံကောင်းတဲ့ နှာခေါင်းက လတ်ဆတ်တဲ့ သွေးနံ့ရလေ လျက်နှုန်းက မြန်လေလေ။ နောက်တော့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေမိတော့တယ်။ နောက်ဆုံးတော့ သွေးထွက်လွန်ပြီး မူးလဲသွားပါတယ်။ အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကို ဘာအင်အားမှ မသုံးဘဲ ဖမ်းလိုက်ရုံပါပဲ။ ဘ၀ရဲ့ ပျော်ရွှင်ခြင်းတွေကို ရှာဖွေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွဲမှားခဲ့ရင် ကျွန်တော်တို့ဟာလည်း ပိုလာဝက်ဝံနဲ့ တူသွားနိုင်တယ်။ တစ်ချို့ လူတွေက အလုပ်ချိန် များများလုပ်လေ ပိုအောင်မြင်လေလေ ၀င်ငွေများများ ရလေလေလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တစ်ချို့ က အဲဒီငွေကြေးကို ဘယ်လိုသုံးရမယ်မှန်းမသိကြဘူး။ ၀င်ငွေများလာတာနဲ့နည်းတူ တစ်ဖက်မှာလည်း တစ်ချို့ အရာတွေကို သူတို့ဆုံးရှုံးကြရတယ်။ လူ့ ဘ၀ရဲ့  တန်ဖိုးအရှိဆုံးအရာဖြစ်တဲ့ မိသားစုနဲ့အတူနေတဲ့ အချိန်တွေ၊ နွေးထွေးတဲ့ မိဘမေတ္တာငတ်နေတဲ့ သားသမီးတွေ၊ လူမှုရေး၊ ကျန်းမာရေး၊ လူတစ်ဖက်သားကို ကူညီဖို့အရေးဆိုတာကိုတောင် သူတို့မေ့နေခဲ့ကြတယ်။ အမေရိကားရဲ့ အပတ်စဉ် ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွါးရေး ပညာရှင် ဆယ်ဦးကို မေးခွန်းမေးပြီး စာရင်းလုပ်ခဲ့ဖူးတယ်။ မေးခွန်းက "တကယ်လို့ ဘ၀ကို အသစ်ပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွတ်ချင်ဆုံးအရာက ဘာလဲ" တဲ့။ ပညာရှင်ခုနှစ်ဦးက တူညီတဲ့ အဖြေကိုပေးခဲ့ပါတယ်။ အဖြေက "တကယ်လို့ ဘ၀ကို အသစ်ပြန်စရရင် သားသမီးတွေနဲ့အတူနေတဲ့အချိန်ကို လက်မလွတ်ချင်ဆုံးပါ" လို့ပြန်ဖြေခဲ့ကြတယ်။ တစ်ချို့လူတွေက ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ်။ ဒါပေမယ့် မဆုံးဖြတ်ခင် သေချာ မစဉ်းစားခဲ့ရင် နောက်ဆုံးတော့ နောင်တရကြစမြဲပါပဲ။ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ ငွေဟာ ရှာလို့မကုန်နိုင်တဲ့ အရာပါတဲ့... ရှာလေလေ ရလေလေ လိုချင်လေလေ နောက်ဆုံးတော့ လုံလောက်ပြီလို့ မထင်ဘဲ ငွေနောက်ကိုပဲ ကောက်ကောက်ပါကုန်ကြတယ်တဲ့။ ကောင်းကင်တို့ဟာ ပိုလာဝက်ဝံလို ကိုယ့်သွေးကို သောက်ပြီး ပျော်နေကြတဲ့လူ ဖြစ်နေခဲ့ပြီလား...?
တင်းတိမ် ရောင့်ရဲနိုင်တဲ့လူက ဘယ်တော့မှ မဆင်းရဲဘူး။ မတင်းတိမ်နိုင်တဲ့လူက အမြဲဆင်းရဲနေတယ်။
Posted by Kaung Kin Pyar at 9:19 PM 0 comments
Wednesday, February 20, 2008
ဘူးထဲက အနမ်း
သူငယ်ချင်းတစ်ယောက် ပို့ပေးထားတာပါ... ကောင်းကင်ဖတ်ကြည့်ပြီး နှစ်သက်တာနဲ့ အားလုံးကိုလည်း မျှဝေလိုက်ပါတယ်...
သုံးနှစ်အရွယ် သမီးလေးတစ်ယောက် လူကြီးတွေကို အသိမပေးဘဲ လက်ဆောင်ပစ္စည်းထုပ်တဲ့ ငွေရောင်စက္ကူ တစ်ချို့ကို ယူကစားမိတယ်။ အဖေက သိတော့ စိတ်ဆိုးပြီး ကလေးကို အပြစ်ပေးတယ်။ ငွေရောင်စက္ကူကို ဘာလုပ်ပစ်လဲလို့ လိုက်စစ်မေးတော့ ကလေးငယ်က ဘူးထုပ်ဖို့ ယူသုံးမိကြောင်း ပြောခဲ့တယ်။
နောက်တစ်နေ့မှာ ကလေးငယ်က ဘူးကိုယူပြီး အဖေ့အတွက် လက်ဆောင်ဆိုပြီး သွားပေးလိုက်တယ်။ အကြောင်းမသိဘဲ ကလေးငယ်ကို အပြစ်ပေးမိတဲ့အတွက် အဖေက စိတ်မကောင်းဖြစ်မိတယ်။ ဘူးကိုဖွင့်ကြည့်တော့ အထဲမှာ ဘာပစ္စည်းမှ မတွေ့တာနဲ့ သူ့ကိုနောက်တယ် အထင်နဲ့ ကလေးငယ်ကို ဟောက်လိုက်မိပြန်တယ်။ အငေါက်ခံလိုက်ရတဲ့ ကလေးငယ်က အဖေကို မျက်ရည်ဝဲလေးနဲ့ ပြန်ကြည့်ပြီး "ဖေဖေ.. ဘူးက အလွတ်မဟုတ်ဘူး။ ဘူးထဲမှာ သမီးရဲ့ အနမ်းလေးတွေ မှုတ်သွင်းထားပါတယ်။ အားလုံးဟာ ဖေဖေ့အတွက်ပါ" လို့ ပြန်ပြောလိုက်တော့ အဖေဟာ အရုပ်ကြိုးပြတ်သလို နေရာမှာတင် ခွေလဲကျသွားတော့တယ်။
နောက်တော့ အဲဒီဘူးလေးကို သူ့ကုတင်ခေါင်းရင်းမှာပဲ အမြဲတင်ထားတော့တယ်။ စိတ်ညစ်၊ စိတ်ပျက်စရာနဲ့ ကြုံတိုင်း၊ အားအင်တွေ ကုန်ခမ်းသွားတိုင်း ဘူးကို ဖွင့်ပြီး အားရပါးရ သူ ရှုရှိုက်တတ်တယ်။ သူ့အပေါ်ထားတဲ့ သမီးရဲ့ မေတ္တာကို ဘူးထဲက အနမ်းနဲ့ သတိရမိအောင်ပါ။
လူတိုင်းရဲ့ ရင်ထဲမှာ ဘူးတစ်ဘူး ကိုယ်စီရှိကြတယ်။ အဲဒီဘူးလေးထဲမှာ အဆုံးမရှိတဲ့ မေတ္တာနဲ့ စာနာမှုတွေ ထည့်ထားတယ်။ ဘူးလေးကို လိုအပ်နေတဲ့ လူတွေကို လက်ဆောင် ပေးလိုက်ပါ။ ဒီထက်အဖိုးတန်တဲ့ လက်ဆောင် ကမ္ဘာပေါ်မှာ မရှိနိုင်တော့ပါဘူး။ ငွေတွေကြေးတွေ ကုန်နေစရာ မလိုပါဘူး။ စစ်မှန်တဲ့ ဂရုစိုက်မှု တစ်ခုလေးနဲ့တင် ပြီးပြည့်စုံပါတယ်။
Posted by Kaung Kin Pyar at 11:08 AM 0 comments
Saturday, February 2, 2008
Tomato story
A Jobless man applied for the position of "office boy" at Microsoft.
The HR manager interviewed him then watched him cleaning the floor as a test.
"You are employed" he said. Give me your e-mail address and I'll send you the application to fill in, as well as date when you may start.
The man replied "But I don't have a computer, neither an email".
"I'm sorry", said the HR manager. If you don't have an email, that means you do not exist. And who doesn't exist, cannot have the job."
The man left with no hope at all. He didn't know what to do, with only $10 in his pocket. He then decided to go to the supermarket and buy a 10Kg tomato crate.
He then sold the tomatoes in a door to door round. In less than two hours, he succeeded to double his capital. He repeated the operation three times, and returned home with $60.
The man realized that he can survive by this way, and started to go everyday earlier, and return late. Thus, his money doubled or tripled everyday.
Shortly, he bought a cart, then a truck, and then he had his own fleet of delivery vehicles.
5 years later, the man is one of the biggest food retailers in the US .
He started to plan his family's future, and decided to have a life insurance.
He called an insurance broker, and chose a protection plan.
When the conversation was concluded the broker asked him his email.
The man replied,"I don't have an email."
The broker answered curiously, "You don't have an email, and yet have succeeded to build an empire. Can you imagine what you could have been if you had an e mail?!!" The man thought for a while and replied, "Yes, I'd be an office boy at Microsoft!"
Moral of the story
Moral 1
Internet is not the solution to your life.
Moral 2
If you don't have Internet, and work hard, you can be a millionaire.
Posted by Kaung Kin Pyar at 9:02 PM 0 comments