Thursday, September 13, 2007

တားမြစ်ချက်

ငါ့ကို တကယ်ဂရုမစိုက်ဘူးဆိုရင်
“I Love You” ဆိုတဲ့စကားကို ဘယ်တော့မှ လာမပြောပါနဲ့ …

အနားမှာ တကယ် မရှိဘဲနဲ့
“ခံစားရတယ်” ဆိုတဲ့စကားကို ဘယ်တော့မှ လာမပြောပါနဲ့ …

ငါ့အသည်းကို ခွဲမယ်ဆိုရင်
ငါ့လက်ကို ဘယ်တော့မှ လာမကိုင်ပါနဲ့ …

ထွက်သွားဖို့ စိတ်ကူး မင်းမှာရှိနေမယ်ဆိုရင်
“အမြဲတမ်းပါ” ဆိုတဲ့စကားကို ဘယ်တော့မှ လာမပြောပါနဲ့ …

အမြဲပဲ လိမ်ညာစကားကို ဆိုနေမယ်ဆိုရင်
ငါ့ မျက်လုံးထဲကို ဘယ်တော့မှ လာမကြည့်ပါနဲ့ …

တစ်နေ့မှာ “Goodbye” ဆိုတဲ့စကားကိုပြောဖို့ မင်းတွေးနေခဲ့တယ်ဆိုရင်
“Hello” ဆိုတဲ့စကားကို ဘယ်တော့မှ လာမပြောပါနဲ့ …

မင်း အိပ်မက်ထဲမှာ တစ်ယောက်မက ရှိနေပြီး
“မင်းအတွက် ငါတစ်ယောက်တည်းပါ” ဆိုတဲ့စကား ငါ့ကို ဘယ်တော့မှ လာမပြောပါနဲ့ …

သော့မရှိဘဲနဲ့
ငါ့နှလုံးသားကို သော့ခတ်ဖို့ မင်း ဘယ်တော့မှ မကြိုးစားပါနဲ့ …

ကောင်းကင်ပြာ

------------------------

1 comment:

Unknown said...

a hann.. a hann.. (clearing throat! :P)
chit ma ma gyi yay,
today i've read yr poem
i agree with every word of the poem
yeah, almost all guys r like that
u should remind them with this poem
:)
this poem is one of my favourite posts of yr blog
well,
c u at next post. :P

bye

---------------------------------------------