Saturday, August 8, 2009

စကားလေးတစ်ခွန်း

နွေရာသီ

ဥသြငှက်သံလေးတွေနှင့်အတူ
မင်းပြောခဲ့တဲ့ စကားလေးတစ်ခွန်းက
"မင်းက ကိုယ့်ရဲ့ အချစ်ဆုံး သူငယ်ချင်း" ပါတဲ့။

မိုးရာသီ
မိုးစက်ပွင့်လေးတွေနှင့်အတူ
မင်းပြောခဲ့တဲ့ စကားလေးတစ်ခွန်းက
"မင်းကို ကိုယ် အမြဲတမ်း သတိရနေပါတယ်" တဲ့။

ဆောင်းရာသီ
ဆောင်းနှင်းပွင့်လေးတွေနှင့်အတူ
မင်းပြောခဲ့တဲ့ စကားလေးတစ်ခွန်းက
"မင်းကို ကိုယ် အရမ်းချစ်မိသွားပြီ" တဲ့။

ပြောင်းလဲသွားတဲ့
ပြက္ခဒိန်စာမျက်နှာများနှင့်အတူ
မင်းရဲ့ စကားသံလေးတွေက
ပြောင်းလဲသွားခဲ့တယ်။

ပြောင်းလဲသွားတဲ့
မင်းရဲ့ စကားသံလေးတွေနှင့်အတူ
ကိုယ့်ရဲ့ ရင်ခုန်သံလေးတွေကလည်း
ပြောင်းလဲသွားခဲ့တယ်။

ပြောင်းလဲသွားတဲ့
ကိုယ့်ရဲ့ ရင်ခုန်သံလေးနှင့်အတူ
မင်းကို စကားလေးတစ်ခွန်းတော့
ကိုယ် ပြောပြလိုက်ချင်တယ်...
"ကိုယ်လေ အချစ်ဆုံးသူငယ်ချင်းလေး မင်းကို
အချိန်နှင့်အမျှ သတိရပြီး
ထာဝရအတွက် ချစ်သွားခဲ့မိပြီ။"

ကောင်းကင်ပြာ

------------------------

No comments:

---------------------------------------------